Friday, March 27, 2015

Hot Pot ချက်နည်း

Hot Pot ချက်နည်း
--------------------
ဟော့ပ်ပေါ့ပ်ချက်ရန် ပါဝင်သောပစ္စည်းများ-
ဝက်ရိုး၊ ကြက်ခြေထောက် ကြက်ရိုး၊ ကြက်သွန်မြိတ်၊
ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ မုန်လာဥနီ၊ ငရုတ်သီးအနီတောင့်၊
နာနတ်ပွင့်၊ စမုံစပါး၊ သစ်ကြပိုးခေါက်၊ တရုတ်ငရုတ်ကောင်းတစ်မျိုးလိုအပ်ပါတယ် ( Sichuan Peppercorn)ပါ။ ရန်ကုန်က တ၇ုတ်တန်းမှာ ၀ယ်လို့ရနိုင်လောက်ပါတယ်။ မရှိရင်လည်းမထည့်နဲ့ပေါ့။ ပြီးတော့ ဆီအနည်းငယ်လိုအပ်ပါတယ်။
ကြက်သွန်ဖြုနဲ့ ဂျင်းအနည်းငယ်ကို လှီးထားပါ။ ငရုတ်သီးအခြောက်တောင့်လေးငါးတောင့်ကို ထောင်းထားပါ။ အခြောက်တောင့်သုံးခြင်းအားဖြင့်အရောင်ပိုလှပါတယ်။
အရင်ဦးဆုံးအသားတွေကို ရေဆေးပြီး အိုးထဲထည့် အသားမြုပ်တဲ့အထိ ရေအပြည့်ထည့်၊ ဂျင်းလက်တစ်ဆစ်ခန့်ကို ထုပြီးထည့်ပါ။ မုန်လာဥနီတစ်ဥနဲ့ ခရမ်းချဉ်သီးနှစ်လုံးလောက်ကို လှီးပြီးထည့်ပေးပါ။ ကြက်သွန်မြိတ်ရဲ့ အဖြုရောင်အပိုင်းဖက်ကို လှီးပြီးထည့်ပေးပါ။ ဆားသုံးဇွန်းလောက်ထည့်ပါ။ ပြီးတာနဲ့ မိနစ်ငါးဆယ်လောက်တည်ပေးပါ။
အသားပြုတ်ရည်တည်တုန်းမှာ ဆီသတ်ဖို့ပြင်ရပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းထည်ပါ မွှေပေးပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ငရုတ်သီးထည့်ပါ မွှေပေးပါ။ ပြီးရင် နာနတ်ပွင့် သစ်ကြပိုးခေါက် စီချွမ်ငရုတ်ကောင်း စမုံစပါးတို့ထည့်ပါ။ ဆီသတ်ပြီးတာနဲ့ မီးပိတ်ပြီး အသားပြုတ်ရည်အိုးထဲကို ထည့်ပါ။ အသားပြုတ်ရည်အိုးကို ကြာကြာတည်ပေးပြီး ကိုယ့်စိတ်ကြိုက်အရသာကို ပြုပြင်။ ပြီးရင် အကုန်ဆယ်ပစ်ပြီး ဟော့ပေါ့အိုးထဲထည့် ကိုယ့်စိတ်ကြိုက် အသားပြား အရွက်စုံ မှိုတို့ထည့်ပြီး စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။
အသားပြုတ်ရည် အချိုကိုတော့ နောက်ရက်မှတင်ပေးတော့မယ်နော်
မူရင်း = ဆန်ဂို့ဟင်းလျာများ-Sango's Curries
-----
အစားအသောက်များနှင့်ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်နှင့် ချက်နည်း၊ ပြုတ်နည်းမျိုးစုံတို့ကို အမြဲတင်ပေးနေတဲ့ ကောင်းသန့် (မအီတဲ့ဒံပေါက်) ဆိုတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။

Monday, March 9, 2015

ဝက်တောင်တောက်ကြော်


ဝက်တောင်တောက်ကြော်
☆☆☆☆☆☆☆☆☆
ဝက်သား ၁၅သား
ကြက်သွန်ဖြူ ၇မွှာ
ဂျင်း လက်၂ဆစ်
မုန်လာဥနီ ၁တောင့်
ရွှေပဲ ၄ခု
ပြောင်းဖူးသေး ၂ခု
မုန်လာထုပ် ၃ခု
ငုံးဥ ၁၀လုံး
ဆား အနည်းငယ်
ငရုတ်ကောင်း ။
နှမ်းဆီမွှေး ။
သကြား ။
ကော်မှုန့် ၂ဇွန်း(ထမင်းစားဇွန်း)
ခရုဆီ ။
ပဲအပျစ်ရည် ၁ဇွန်း
ကြက်ဥ ၁လုံး
ကြက်သွန်မိတ် ၂ပင်
တရုတ်နံနံ ။
-ဝက်သားကို နုတ်နုတ်စင်းပြီး ကြက်သွန်ဖြူ ၄မွှာ/ဂျင်း လက်၁ဆစ်ထောင်း အရည်ညှစ်/ဆား/သကြား/နှမ်းဆီမွှေး/မုန်လာဥနီ(၁)ဝက်ကိုခြစ်သေးသေးနဲ့ခြစ်ထည့်ပဲအနောက်
ရည်ဇွန်းသေး(၁)ဝက်/ကော်မှုန့်၁ဇွန်းကြက်ဥ၁လုံးရောမွှေ၍
ထားပါ။
-အသီးအရွက်များ စိတ်ကြိုက်လှီးထားပါ။
-ဆီထည့်ပြီး ဆီပူလာလျှင်မီးကိုလျော့ချပြီး ဝက်သားကိုအပြား
ဝိုင်း ထူထူလုပ် အဖုံးအုပ်ကာ ကြော်ပါ။ ၃မိနစ်ခန့် ကြာလျှင် တဖက်စီ လှန်၍ကြော်ပါ။ရွှေအိုရောင် သန်းလာလျှင် ဆယ်
ထားပါ။
-ဆီများကို ဖယ်ထုတ်ပြီး အနည်းငယ်ချန်၍ ကြက်သွန်ဖြူ ၂မွှာဓားပြားရိုက် ဂျင်း ၂ပြား အမျှင်လှီး၍ဆီသတ်ပါ။ခရုဆီ/ပဲအပျစ်ရည်/သကြားထည့်ပါ။ဝက်သားထည့်ပြီး၂မိနစ်ကြော်
ပါ။ပြီးလျှင်ရေနွေးအနည်းငယ်ထည့်၍အဖုံးအုပ်ကာ၃မနစ်ခန့်ထားပါ။ငရုတ်ကောင်းထည့်ပါ။ကော်မှုန့်အနည်းငယ်ရေဖျော်ထည့်ကာ မွှေပြီး ချပါ။
-အသီးအရွက်ကြိုက်ပါက ဆီအနည်းငယ်မှာ ကြက်သွန်ဖြူ ၂မွှာပြား၍ဆီသတ်ကာအသီးအရွက်များထည့်ပါ။ပဲအနောက်ရည် သကြားဆား နှမ်းဆီမွှေး ခရုဆီထည့်မွှေကာ ကြော်ပါ။ငုံးဥ ထည့်ပါ၊အသီးအရွက်များနူးပါကရေနွေးအနည်းငယ်ထည့်ပါ။ဆူလာလျှင်ကော်မှုန့်ရေဖျော်ထည့်ကာတရုတ်နံနံ/ကြက်သွန်
မိတ်ထည့်ကာ ချပါ။
-ဝက်သားပေါ် အသီးအရွက်များ ထည့်၍ သုံးဆောင်နိုင်ပါပြီ။


Sunday, March 1, 2015

ဝက်စတူး ချက်နည်း

ဝက်စတူး ချက်နည်း
--------------------------
**... ဝက်စတူး ချက်ဖို့ လိုအပ်တာလေးတွေ…
1. ဝက် (pork hock) – ၁ ကီလို
2. ဆီ – 2/3 cup (160 ml)
3. အညိုရောင် သကြား (brown sugar) – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
4. အခွံမခွါပဲ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၁၅ တက်
5. နာနတ်ပွင့် (star anise) – ထမင်းစားဇွန်း ၁ ဇွန်းခန့်
6. အမည်းရောင် ဖာလာစေ့ (black cardamon pod) – ၇ ခု
7. သုံးလက်မ အရှည်ခန့် သစ်ဂျပိုး (cinnamon stick) – ၂ ချောင်း
8. ဂျင်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
9. chicken powder – ချင့်ချိန်ထည့်ပေးပါ။
10. ဆား – ချင့်ချိန်ထည့်ပေးပါ။
11. ဆား ကြက်ဥပြုတ် (သို့) ရိုးရိုး ကြက်ဥပြုတ် – ၃ လုံး (ဆားကြက်ဥထည့်လျှင် အဖြူသားမမာသွားပဲ ပိုပြီးစားကောင်းပါတယ်။)
12. မှို – လက်တစ်ဆုပ်ခန့်
13. ကန်ဇွန်းရွက် – လက်တစ်ဆုပ်ခန့်
14. ငရုတ်ကောင်း - အနည်းငယ်
pork hock ကို အမွှေးများပိုပြီးပြောင်စင်သွားစေရန် နှင့် အနံ့ပိုမွှေးစေရန် မီးဖြင့် အနည်းငယ်မြှိုက်ပေးပါ။ (မီးကျွမ်းထားသည့် အမဲမှုန့်များကြောင့် မခါးစေရန် ရေဆေးပေးပြီး၊ ဆီထဲထည့်ကြော်သောအခါ အရမ်းမပေါက်စေရန် တတ်နိုင်သမျှ ရေခြောက်အောင် paper towel ဖြင့် သုတ်ထားပါ။)
ဆီ နှင့် သကြားကို medium high heat ဖြင့် အပူပေးထားပါ။
သကြားများ အောက်ပုံပါအတိုင်း စပြီးပျော်လာသည်နှင့် (ဇွန်းဖြင့် မွှေလျှင် ဇွန်းမှာ ကပ်ပြီး ခဲသွားတတ်သဖြင့် မမွှေရပါ။) medium heat သို့လျှော့ပြီး ဝက်သားကိုထည့်ပါ။ (မီးအားပြင်းလျှင် သကြားတူးပြီး မည်းသွားတတ်ပါသည်။)
အသားအားလုံး နီညိုရောင် ဖြစ်လာအောင် ဟိုဖက်၊ ဒီဖက်လှန်ပြီးကြော်ပေးပါ။
အသားအားလုံး နီညိုရောင် ဖြစ်လာသည်နှင့် သကြားမတူးအောင် ချက်ချင်း ရေနွေး (အသား ၃ ပုံ ၁ ပုံခန့်မြှုပ်အောင်)ထည့်ပေးပါ။ (ဆီပူထဲ ရေနွေးထည့်ချတာဖြစ်၍ ဆီစင်တတ်သောကြောင့် သတိထား ထည့်ပေးစေချင်ပါတယ်။)
ပြီးလျှင် ကြက်သွန်ဖြူ၊ ၊ နာနတ်ပွင့်၊ ဖာလာစေ့၊ သစ်ဂျပိုး၊ ဂျင်းမှုန့်၊ chicken powder နှင့် ဆားတို့ကို ထည့်ကာ အိုးအဖုံး ဖုံးပြီး ဖြင့် ၄၅ မိနစ်ခန့် တည်ထားပါ။
ပြီးလျှင် နောက်တစ်ဖက်လှန်ပေး၍ ကြက်သွန်ဖြူ အခွံ၊ နာနတ်ပွင့်၊ ဖာလာစေ့၊ သစ်ဂျပိုးဖတ်တို့ကို ဆယ်ထုတ်ပေးပါ။ ရေနွေး အနည်းငယ် နှင့် ကြက်ဥပြုတ်ထည့်ကာ အိုးအဖုံး ဖုံးပြီး ၄၅ မိနစ်ခန့် (သို့) အသားနှင့် အရည်နေအထား မိမိစိတ်ကြိုက်ရအောင် တည်ထားပေးပါ။
မှို ၊ ကန်ဇွန်းရွက် နှင့် ငရုတ်ကောင်းထည့်ကာ အနည်းငယ်မွှေပြီး ၅ မိနစ်ခန့် တည်ပြီးလျှင် မီးဖိုမှဖယ်ပြီး အရသာရှိစွာ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
Excellent- Foods Corner မှ ဟင်းချက်ဝါသနာရှင်များအတွက် ပြန်လည်မျှဝေပါသည်။
Credit to Chaw Su's Food Friends
----------
အစားအသောက်များနှင့်ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်နှင့် ချက်နည်း၊ ပြုတ်နည်းမျိုးစုံတို့ကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။