Friday, October 9, 2015



တရုတ်မဆလာနဲ့ ဆား ငါးမှုန့်အရသာတွေထည့်နယ်ပါ



အခေါက်တွေကို ဓားချွန် သို့ ခက်ရင်းနဲ့ ထိုးဆွပါ



အပေါ်မှ ဆားပုံပါ အခေါက်ပွစေရန်အတွက် ဆိုဒီယမ်တင်ပေးခြင်းပါ



၂၅၀ဒီဂရီနဲ့ ၁နာရီကင်ပါမယ်



၁နာရီပြည့်က အပေါ်ကဆားတွေအကုန်ဖယ်ပြီး ၂၅၀ဒီကရီဖြင့် ၁နာရီ ထပ်ကင်ပါမယ်



၁နာရီပြည့်လျှင် အခေါက်ပါကြွပ်နေတဲ့ ဝက်နံကင်လေးရပါပြီရှင်


Saturday, October 3, 2015

အမဲသားစပျစ်ရွက်ထမင်းလိပ်

Grape Leaves Stuffed With Beef And Rice.
**********************************
အမဲသားစပျစ်ရွက်ထမင်းလိပ်
*******************
ပါဝင်သောပစ္စည်းများ။
****************
၁။အမဲသား/ကြက်သား-၂၅ကျပ်သား
၂။ဆန်-၂ခွက်
၃။ခရမ်းချဉ်သီး-၁လုံး(ပါးပါးလှီးထားပါ)
၎။ခရမ်းချဉ်သီးအနှစ်-၁ဇွန်း(စားပွဲတင်ဇွန်း)
၅။ကြက်သွန်နီအကြီး-၂လုံး(ပါးပါးလှီးထားပါ)
၆။စပျစ်ရွက်-၂၅၀ဂရမ်
၇။သံလွင်ဆီ/ဟင်းသီးဟင်းရွက်ဆီ-၁၀သား
၈။ရေ-၃ခွက်
၉။သံပုယိုသီး-၁ခြမ်း(ပါးပါးလှီးထားပါ)
၁၀။ပူရီနံရွက်( dried mint)-၂ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၁။ငရုပ်ကောင်းမှုန့်(black pepper)-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၂။သစ်ဂျပိုးခေါက်အမှုန့်( cinnamon)-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၃။မဆလာ-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၄။ဆား-၁ဇွန်း(စားပွဲတင်ဇွန်း)
၁၅။သကြား-၁ဇွန်း(စားပွဲတင်ဇွန်း)
၁၆။နံနံပင်(cilantro)-၁ခွက်
ပြုလုပ်ပုံ။
******
၁။ထမင်း၂ခွက်ကိုရေးဆေးပြီးခပ်မာမာလေးချက်ထားပါ။ထမင်းပေါင်းအိုးခလုပ်တက်ရင်ထမင်းကိုထည့်စရာတခုနဲ့ထည့်ပြီးအေးအေးခံထားပါ။
၂။အမဲသား/ကြက်သားကိုသန့်ရှင်ပြီးစင်းကောကောထားပါ။
၃။ကြက်သွန်နီ၊ခရမ်းချဉ်သီး၊နံနံပင်တို့ကိုပါးပါးလှီးထားပါ။
၎။စပျစ်ရွက်တွေကို၁ရွက်စီဖြန့်ပြီးအရိုးတွေခြွေထားပါ။စပျစ်ရွက်ဆာရည်စိမ်နဲ့လုပ်ပါကရေဖြင့်တကြိမ်ဆေးပြီးရေစစ်ထားပါ။စပျစ်ရွက်မရှိပါကဂေါ်ဖီရွက်ကိုရေနွေးဖျောပြီးလုပ်နိုင်ပါတယ်။
၅။အမဲသား/ကြက်သားကိုဆား၊သကြား၊သစ်ဂျပိုး၊ငရုပ်ကောင်း၊မဆလာ၊အစပ်ကြိုက်ပါကငြုပ်ဆီမှုန့်တို့နဲ့နှယ်ပြီးနှပ်ထားပါ။
စပျစ်ရွက်လိပ်အစာလုပ်နည်း။
*********************
ကြက်သွန်နီကိုဆီသတ်ပါ။ကြက်သွန်ကြော်အဝါရောင်သန်းရင်အသားနှပ်ထားတာထည့်ပါ။ခရမ်းချဉ်သီး၊ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ရေတခွက်ထည့်ပြီးအသားနူးအောင်အရင်ချက်ပါ။ပြီးနောက်ပူရီနံ၊နံနံရွက်ထည့်ပါ။ထမင်းထည့်ပြီးအားလုံးသမအောင်မွှေပေးပါ။အပေါ့အငံမြည်းပြီးစပျစ်ရွက်လိပ်အစာရပါပြီးရှင့်။အစာကိုအအေးခံပြီးမှစပျစ်ရွက်/ဂေါ်ဖီရွက်ထဲအနည်းငယ်စီထည့်ပြီးအားလုံးပြီးအောင်လိပ်ပါ။
စပျစ်ရွက်လိပ်ပေါင်းရန်။
**************
အိုးတလုံးထဲစပျစ်ရွက်ကိုအောက်ခံခင်းပါ။အပေါ်မှစပျစ်ရွက်လိပ်ကိုစီထည့်ပါ။သံပုယိုသီးအကွင်၅ကွင်းခန့်စီထည့်ပါ။ဆီအနည်းငယ်ထည့်ပါ။ပြီးနောက်အပေါ်မှစပျစ်ရွက်အုပ်ပြီးရေနွေးပူပူတခွက်ထည့်ပြီး(၁၀)မိနစ်ခန့်ပြုတ်(သို့)ပေါင်းပါကစပျစ်လိပ်ပူပူလေးသုံးဆောင်လို့ရပါပြီးရှင့်။

မုန့်တီသုပ်(နန်းလတ်) .ခေါက်ဆွဲပြားသုပ်

မုန့်တီသုပ်(နန်းလတ်).ခေါက်ဆွဲပြားသုပ်

မုန့်တီသုပ်(နန်းလတ်) .ခေါက်ဆွဲပြားသုပ်
ပါဝင်ပစ္စည်း
၁.မုန်တီဖတ်.ခေါက်ဆွဲပြားဖတ်(ေ၇နွေးဆူဆူနဲ့ဖျောပြီးေ၇စစ်ထားပါ)ခေါက်ဆွဲ ကိုဆီပြန်လူးထားပါ.
၂.ကြက်သား.ငါးဖယ်
၃.ကြက်သွန်နီ ဖြူ ဂျင်း .င၇ုတ်နှစ် .ဆီ
၎.ဆားအချိုမှုန့်. ငံပြာရည်.ပဲမှုန့်အကျက်
၅.နံနံပင်
ကြက်သားကိုကြက်သွန်ဖြူ ဂျင်းဆားအချိုမှုန့်ထည့်ပြီးပြုတ်ထားပါ.ငါးဖယ်ကိုဆားအချိုမှုန့်ထည့်ထောင်းပြီး
အပြားကြီးကြီးလုပ်ပြီးကြက်ပြုတ်၇ည်အိုးထဲထည့်ပြုတ်ပေးပါ.ကြက်သားကျက်လျှင်ဆယ်ပြီး
အသားနွှာထားပြီးအ၇ိုးကိုပြုတ်အိုးထဲပြန်ထည့်ထားပါ.ငါးဖယ်ကျက်လျှငိအပြားလှီးထားပါ.
မုန့်ကြွပ်ကြော်ထားပါ.
ဒယ်အိုးထဲကိုဆီထည့်ကြက်သွန်ဖြူထည့်င၇ုတ်နှစ်ထည့်ပြီးအေ၇ာင်တင်ဆီသတ်ထားပါ.
ဒယ်အိုးထဲကိုဆီထည့်ကြက်သွန်နီဖြူ ထောင်းထားတာထည့်ဆနွင်းင၇ုတ်နှစ်ထည့်ပြီးဆီသတ်ပါ.ဆားအချိုမှုန့်ငံပြာ၇ည်ထည့်ပါ.(*သုပ်စား၇င်အချိုမှုန့်ငံပြာ၇ည်ထပ်ထည့်စ၇ာမလိုအောင်*)အ၇သာအချိုအငံထည့်ထားပါ.ကြက်သားပြုတ်၇ည်ထည့်ပါ.ပဲမှုန့်ကိုေ၇အနည်းငယ်ဖျော်ပြီးထည့်ပါ.ကြက်သွန်ဖြူကြော်အနည်းငယ်ထည့်ပါ.ပွက်ပွက်ဆူလာလျှင်ချထားပါ.
ပန်းကန် ထဲကိုမုန့်တီဖတ်ထည့်ပဲမှုန့်ထည့်ချက်ထားတဲ့အ၇ည်ထည့်ငါးဖယ်ကြက်သားထည့်င၇ုတ်ဆီထည့်မုန့်ကြွပ်ကြော်ထည့်နံနံပင်(ပဲပင်ပေါက်ကြိုက်လျှင်ေ၇နွေးဖျောထည့်ပါ)နယ်ပြီးအ၇သာ၇ှိစွာသုံးဆောင်နိုင်ပါသည်.
ဟင်း၇ည်
ကြက်သားပြုတ်၇ည်ထဲနံနံပင်ထည့်ပြီးသုံးဆောင်နိုင်ပါသည်.
အချဉ်
ကြက်သွန်နီသံပု၇ာ၇ည်ညှစ်ပြီးတွဲဖက်သုံးဆောင်နိုင်ပါသည်.
🌟Yadana Cooking Page၏ချက်နည်းနှင့်ပုံများကိုကြိုက်နှစ်သက်၍သာမန်Shareခြင်းကိုလွတ်လပ်စွာခွင့်ပြုပါတယ်ရှင်.
မိမိPageအတွက်Share,Copyကူးချခြင်းကိုခွင့်တောင်းပါရှင်

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ
ပါဝင်ပစ္စည်း
၁.ခေါက်ဆွဲပြားသေး
၂.ကြက်သား (အတုံးသေးတုံးထားပါ)
၃.အုန်းသီး (ခြစ်ထားပြီးအရည်ညှစ်ထားပါ)
၎.နို့စိမ်း
၅.ကြက်သွန်နီ ဖြူ ဂျင်း
၆.ငရုတ်ပုနှစ်.ငရုတ်ခွဲကြမ်း
၇.ကြက်သားမှုန့်.ဆား.အချိုမှုန့် .ဆနွင်း
၈.ပဲမှုန့်အကျက်
၉.နံနံပင်
ကြက်သားကိုဂျင်းရည်အနည်းငယ်ဆားအချိုမှုန့်ဆနွင်းနယ်ထားပါ.
မုန့်ကြွပ်အတွက်ခေါက်ဆွဲကိုကြော်ထားပါ.
အုန်းဆီချက်ချက်ထားပါ.
ငရုတ်သီးခွဲကြမ်းကိုဆီပူလောင်းထားပါ.
ကြက်သွန်နီ နံနံပင် ပါးပါးလှီးထားပါ.
ဒယ်အိုးထဲဆီထည့်ကြက်သွန်ဖြူ ထောင်းထားတာထည့်ပါ.ငရုတ်ပုနှစ် ထည့်ပါ.ကြက်သားထည့်ပါ.ရေထည့်ပါ.ပွက်လာလျှင်နို့စိမ်းထည့်ပါ.အရသာစိတ်ကြိုက်ပြင်ဆင်ပါ.ကြက်သွန်နီခြမ်းထားတာထည့်ပါ.ပွက်ပွက်ဆူလာလျှင်ကြက်သားအရည်ကျက်ပါပြီ.
ကြက်ရိုးကိုဆားအချိုမှုန့်ဂျင်းအနည်ငယ်ထည့်ပြုတ်ပြီးဟင်းရည်အတွက်ပြုလုပ်ထားပါ.
စားမည့်ပန်းကန်ထဲကိုခေါက်ဆွဲထည့်ကြက်သားအရည်ချက်ထည့်ပဲမှုန့်အုန်းဆီချက်ငရုတ်သီးဆီချက်မုန့်ကြွပ်ကြက်သွန်နီပါးပါးနံနံပင်ထည့်ပြီးအရသာရှိစွာစားသုံးနိုင်ပါသည်.
ကြက်ပြုတ်ရည်ကိုကြက်သွန်မြိတ်ထည့်ပြီးတွဲဖက်သုံးဆောင်နိုင်ပါသည်.
🌟Yadana Cooking Page၏ချက်နည်းနှင့်ပုံများကိုကြိုက်နှစ်သက်၍သာမန်Shareခြင်းကိုလွတ်လပ်စွာခွင့်ပြုပါတယ်ရှင်.
မိမိPageအတွက်Share,Copy ကူးချခြင်းများကိုခွင့်တောင်းပါရှင်🌟