Friday, October 9, 2015



တရုတ်မဆလာနဲ့ ဆား ငါးမှုန့်အရသာတွေထည့်နယ်ပါ



အခေါက်တွေကို ဓားချွန် သို့ ခက်ရင်းနဲ့ ထိုးဆွပါ



အပေါ်မှ ဆားပုံပါ အခေါက်ပွစေရန်အတွက် ဆိုဒီယမ်တင်ပေးခြင်းပါ



၂၅၀ဒီဂရီနဲ့ ၁နာရီကင်ပါမယ်



၁နာရီပြည့်က အပေါ်ကဆားတွေအကုန်ဖယ်ပြီး ၂၅၀ဒီကရီဖြင့် ၁နာရီ ထပ်ကင်ပါမယ်



၁နာရီပြည့်လျှင် အခေါက်ပါကြွပ်နေတဲ့ ဝက်နံကင်လေးရပါပြီရှင်


Saturday, October 3, 2015

အမဲသားစပျစ်ရွက်ထမင်းလိပ်

Grape Leaves Stuffed With Beef And Rice.
**********************************
အမဲသားစပျစ်ရွက်ထမင်းလိပ်
*******************
ပါဝင်သောပစ္စည်းများ။
****************
၁။အမဲသား/ကြက်သား-၂၅ကျပ်သား
၂။ဆန်-၂ခွက်
၃။ခရမ်းချဉ်သီး-၁လုံး(ပါးပါးလှီးထားပါ)
၎။ခရမ်းချဉ်သီးအနှစ်-၁ဇွန်း(စားပွဲတင်ဇွန်း)
၅။ကြက်သွန်နီအကြီး-၂လုံး(ပါးပါးလှီးထားပါ)
၆။စပျစ်ရွက်-၂၅၀ဂရမ်
၇။သံလွင်ဆီ/ဟင်းသီးဟင်းရွက်ဆီ-၁၀သား
၈။ရေ-၃ခွက်
၉။သံပုယိုသီး-၁ခြမ်း(ပါးပါးလှီးထားပါ)
၁၀။ပူရီနံရွက်( dried mint)-၂ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၁။ငရုပ်ကောင်းမှုန့်(black pepper)-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၂။သစ်ဂျပိုးခေါက်အမှုန့်( cinnamon)-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၃။မဆလာ-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၁၄။ဆား-၁ဇွန်း(စားပွဲတင်ဇွန်း)
၁၅။သကြား-၁ဇွန်း(စားပွဲတင်ဇွန်း)
၁၆။နံနံပင်(cilantro)-၁ခွက်
ပြုလုပ်ပုံ။
******
၁။ထမင်း၂ခွက်ကိုရေးဆေးပြီးခပ်မာမာလေးချက်ထားပါ။ထမင်းပေါင်းအိုးခလုပ်တက်ရင်ထမင်းကိုထည့်စရာတခုနဲ့ထည့်ပြီးအေးအေးခံထားပါ။
၂။အမဲသား/ကြက်သားကိုသန့်ရှင်ပြီးစင်းကောကောထားပါ။
၃။ကြက်သွန်နီ၊ခရမ်းချဉ်သီး၊နံနံပင်တို့ကိုပါးပါးလှီးထားပါ။
၎။စပျစ်ရွက်တွေကို၁ရွက်စီဖြန့်ပြီးအရိုးတွေခြွေထားပါ။စပျစ်ရွက်ဆာရည်စိမ်နဲ့လုပ်ပါကရေဖြင့်တကြိမ်ဆေးပြီးရေစစ်ထားပါ။စပျစ်ရွက်မရှိပါကဂေါ်ဖီရွက်ကိုရေနွေးဖျောပြီးလုပ်နိုင်ပါတယ်။
၅။အမဲသား/ကြက်သားကိုဆား၊သကြား၊သစ်ဂျပိုး၊ငရုပ်ကောင်း၊မဆလာ၊အစပ်ကြိုက်ပါကငြုပ်ဆီမှုန့်တို့နဲ့နှယ်ပြီးနှပ်ထားပါ။
စပျစ်ရွက်လိပ်အစာလုပ်နည်း။
*********************
ကြက်သွန်နီကိုဆီသတ်ပါ။ကြက်သွန်ကြော်အဝါရောင်သန်းရင်အသားနှပ်ထားတာထည့်ပါ။ခရမ်းချဉ်သီး၊ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ရေတခွက်ထည့်ပြီးအသားနူးအောင်အရင်ချက်ပါ။ပြီးနောက်ပူရီနံ၊နံနံရွက်ထည့်ပါ။ထမင်းထည့်ပြီးအားလုံးသမအောင်မွှေပေးပါ။အပေါ့အငံမြည်းပြီးစပျစ်ရွက်လိပ်အစာရပါပြီးရှင့်။အစာကိုအအေးခံပြီးမှစပျစ်ရွက်/ဂေါ်ဖီရွက်ထဲအနည်းငယ်စီထည့်ပြီးအားလုံးပြီးအောင်လိပ်ပါ။
စပျစ်ရွက်လိပ်ပေါင်းရန်။
**************
အိုးတလုံးထဲစပျစ်ရွက်ကိုအောက်ခံခင်းပါ။အပေါ်မှစပျစ်ရွက်လိပ်ကိုစီထည့်ပါ။သံပုယိုသီးအကွင်၅ကွင်းခန့်စီထည့်ပါ။ဆီအနည်းငယ်ထည့်ပါ။ပြီးနောက်အပေါ်မှစပျစ်ရွက်အုပ်ပြီးရေနွေးပူပူတခွက်ထည့်ပြီး(၁၀)မိနစ်ခန့်ပြုတ်(သို့)ပေါင်းပါကစပျစ်လိပ်ပူပူလေးသုံးဆောင်လို့ရပါပြီးရှင့်။

မုန့်တီသုပ်(နန်းလတ်) .ခေါက်ဆွဲပြားသုပ်

မုန့်တီသုပ်(နန်းလတ်).ခေါက်ဆွဲပြားသုပ်

မုန့်တီသုပ်(နန်းလတ်) .ခေါက်ဆွဲပြားသုပ်
ပါဝင်ပစ္စည်း
၁.မုန်တီဖတ်.ခေါက်ဆွဲပြားဖတ်(ေ၇နွေးဆူဆူနဲ့ဖျောပြီးေ၇စစ်ထားပါ)ခေါက်ဆွဲ ကိုဆီပြန်လူးထားပါ.
၂.ကြက်သား.ငါးဖယ်
၃.ကြက်သွန်နီ ဖြူ ဂျင်း .င၇ုတ်နှစ် .ဆီ
၎.ဆားအချိုမှုန့်. ငံပြာရည်.ပဲမှုန့်အကျက်
၅.နံနံပင်
ကြက်သားကိုကြက်သွန်ဖြူ ဂျင်းဆားအချိုမှုန့်ထည့်ပြီးပြုတ်ထားပါ.ငါးဖယ်ကိုဆားအချိုမှုန့်ထည့်ထောင်းပြီး
အပြားကြီးကြီးလုပ်ပြီးကြက်ပြုတ်၇ည်အိုးထဲထည့်ပြုတ်ပေးပါ.ကြက်သားကျက်လျှင်ဆယ်ပြီး
အသားနွှာထားပြီးအ၇ိုးကိုပြုတ်အိုးထဲပြန်ထည့်ထားပါ.ငါးဖယ်ကျက်လျှငိအပြားလှီးထားပါ.
မုန့်ကြွပ်ကြော်ထားပါ.
ဒယ်အိုးထဲကိုဆီထည့်ကြက်သွန်ဖြူထည့်င၇ုတ်နှစ်ထည့်ပြီးအေ၇ာင်တင်ဆီသတ်ထားပါ.
ဒယ်အိုးထဲကိုဆီထည့်ကြက်သွန်နီဖြူ ထောင်းထားတာထည့်ဆနွင်းင၇ုတ်နှစ်ထည့်ပြီးဆီသတ်ပါ.ဆားအချိုမှုန့်ငံပြာ၇ည်ထည့်ပါ.(*သုပ်စား၇င်အချိုမှုန့်ငံပြာ၇ည်ထပ်ထည့်စ၇ာမလိုအောင်*)အ၇သာအချိုအငံထည့်ထားပါ.ကြက်သားပြုတ်၇ည်ထည့်ပါ.ပဲမှုန့်ကိုေ၇အနည်းငယ်ဖျော်ပြီးထည့်ပါ.ကြက်သွန်ဖြူကြော်အနည်းငယ်ထည့်ပါ.ပွက်ပွက်ဆူလာလျှင်ချထားပါ.
ပန်းကန် ထဲကိုမုန့်တီဖတ်ထည့်ပဲမှုန့်ထည့်ချက်ထားတဲ့အ၇ည်ထည့်ငါးဖယ်ကြက်သားထည့်င၇ုတ်ဆီထည့်မုန့်ကြွပ်ကြော်ထည့်နံနံပင်(ပဲပင်ပေါက်ကြိုက်လျှင်ေ၇နွေးဖျောထည့်ပါ)နယ်ပြီးအ၇သာ၇ှိစွာသုံးဆောင်နိုင်ပါသည်.
ဟင်း၇ည်
ကြက်သားပြုတ်၇ည်ထဲနံနံပင်ထည့်ပြီးသုံးဆောင်နိုင်ပါသည်.
အချဉ်
ကြက်သွန်နီသံပု၇ာ၇ည်ညှစ်ပြီးတွဲဖက်သုံးဆောင်နိုင်ပါသည်.
🌟Yadana Cooking Page၏ချက်နည်းနှင့်ပုံများကိုကြိုက်နှစ်သက်၍သာမန်Shareခြင်းကိုလွတ်လပ်စွာခွင့်ပြုပါတယ်ရှင်.
မိမိPageအတွက်Share,Copyကူးချခြင်းကိုခွင့်တောင်းပါရှင်

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ
ပါဝင်ပစ္စည်း
၁.ခေါက်ဆွဲပြားသေး
၂.ကြက်သား (အတုံးသေးတုံးထားပါ)
၃.အုန်းသီး (ခြစ်ထားပြီးအရည်ညှစ်ထားပါ)
၎.နို့စိမ်း
၅.ကြက်သွန်နီ ဖြူ ဂျင်း
၆.ငရုတ်ပုနှစ်.ငရုတ်ခွဲကြမ်း
၇.ကြက်သားမှုန့်.ဆား.အချိုမှုန့် .ဆနွင်း
၈.ပဲမှုန့်အကျက်
၉.နံနံပင်
ကြက်သားကိုဂျင်းရည်အနည်းငယ်ဆားအချိုမှုန့်ဆနွင်းနယ်ထားပါ.
မုန့်ကြွပ်အတွက်ခေါက်ဆွဲကိုကြော်ထားပါ.
အုန်းဆီချက်ချက်ထားပါ.
ငရုတ်သီးခွဲကြမ်းကိုဆီပူလောင်းထားပါ.
ကြက်သွန်နီ နံနံပင် ပါးပါးလှီးထားပါ.
ဒယ်အိုးထဲဆီထည့်ကြက်သွန်ဖြူ ထောင်းထားတာထည့်ပါ.ငရုတ်ပုနှစ် ထည့်ပါ.ကြက်သားထည့်ပါ.ရေထည့်ပါ.ပွက်လာလျှင်နို့စိမ်းထည့်ပါ.အရသာစိတ်ကြိုက်ပြင်ဆင်ပါ.ကြက်သွန်နီခြမ်းထားတာထည့်ပါ.ပွက်ပွက်ဆူလာလျှင်ကြက်သားအရည်ကျက်ပါပြီ.
ကြက်ရိုးကိုဆားအချိုမှုန့်ဂျင်းအနည်ငယ်ထည့်ပြုတ်ပြီးဟင်းရည်အတွက်ပြုလုပ်ထားပါ.
စားမည့်ပန်းကန်ထဲကိုခေါက်ဆွဲထည့်ကြက်သားအရည်ချက်ထည့်ပဲမှုန့်အုန်းဆီချက်ငရုတ်သီးဆီချက်မုန့်ကြွပ်ကြက်သွန်နီပါးပါးနံနံပင်ထည့်ပြီးအရသာရှိစွာစားသုံးနိုင်ပါသည်.
ကြက်ပြုတ်ရည်ကိုကြက်သွန်မြိတ်ထည့်ပြီးတွဲဖက်သုံးဆောင်နိုင်ပါသည်.
🌟Yadana Cooking Page၏ချက်နည်းနှင့်ပုံများကိုကြိုက်နှစ်သက်၍သာမန်Shareခြင်းကိုလွတ်လပ်စွာခွင့်ပြုပါတယ်ရှင်.
မိမိPageအတွက်Share,Copy ကူးချခြင်းများကိုခွင့်တောင်းပါရှင်🌟

Monday, August 31, 2015

့်ဒံပေါက်ချက်နည်း

့်ဒံပေါက်ချက်နည်း
••••••••••••••••••
ကျွန်တော့်မှာ ဒံပေါက်ပြုလုပ်နည်း (၄) နည်းရှိတဲ့အထဲက...အဆင်ပြေဆုံး..၊ စားလို.အကောင်းဆုံး သွေးတိုး၊ဆီးချိုသမားများအတွက်ပါလုံးဝအဆင်ပြေ
မယ့်နည်းလမ်းလေးတစ်ခုတင်ဆက်ပေးပါမယ်..။
အစိမ်းဖောက်၊ အကျက်ဖောက်ဆိုတာကတော့
ကြက်သားပာင်းအပေါ်မူတည်ပြီးကွဲပြားသွားတာပါ..။ကြက်သားအစိမ်းကိုထမင်းထဲအုံပြီးဖောက်ခြင်းမျိုးကိုအစိမ်းဖောက်လို.ခေါ်ပါတယ်..။ကြက်သားပာင်းသီးသန်.ချက်တာမျိုးကိုတော့အကျက်ဖောက်လို.ခေါ်ဆိုကြတာပါ..။
ဒီနေရာမှာ..သားသတ်လွတ်စားသူများကိုပါဧည့်ခံဖို.အဆင်ပြေစေတဲ့အ
ကျက်ဖောက်ကိုဝေမျှပေးသွားပါမယ်...။ဒီဒံပေါက်က..အခြားဒံပေါက်တွေလို
ဆီရွှဲနေတာမျိုးမပာုတ်ပဲ..ထမင်းကြော်လိုပုံစံမျိုးလေးပါ။
ကြက်သားဒံပေါက် ( အကျက်ဖောက်) လူ (၁၅) ယောက်စာ
ကြက်သားပာင်းအတွက်ပါဝင်ပစ္စည်းများ
*************************
မြန်မာကြက်ပေါင်(သို.)ရင်ပုံသားရောရာ ........(၁၅) ခု
(၀ယ်ယူစဉ်ကတည်းက ၄၀သားအရွယ်ကောင်မျိုးကိုရွေးချယ်ဝယ်ယူသင့် )
ကြက်သွန်နီ ..........၅၀ သား ( ပါးပါးလှီးေ၇ွှအိုရောင်ရအောင်အကြွပ်ကြော်ပြီးချေ)
ချင်း+ ကြက်သွန်ဖြူ.............(၁၅) ကျပ်သား ( ညှက်ညှက်ထောင်း)
ဒံပေါက်မဆလာ .................အနည်းငယ်
နနွင်း+အရောင်တင်မှုန်. ...... အနည်းငယ်
curry leaves..................... ၅ ရွက်
ဒိန်ချဉ်...............................၃ဇွန်း( ထမင်းစား )
ဝယ်ယူလာတဲ့ကြက်သားတွေကိုသန်.စင်ပြီးရင် ဇကာတစ်ခုမှာထည့်၊အပေါ်ကအလေး
ချိန်ရှိတဲ့ပစ္စည်းတစ်ခုခုနဲ.ဖိပြီးရေစစ်ထားပေးရပါမယ်..။
ရေကုန်စင်အောင်စစ်ပြီးတာနဲ.ချင်း+ကြက်သွန်ဖြူထောင်းအရော၊ ဆား ၊ ဒိန်ချဉ်၊ ပာင်းခတ်မှုန်.၊ နနွင်း၊ အရောင်တင်မှုန်.၊မဆလာတို.နှင့်ရောနယ်ပြီး
အနည်းဆုံးနာရီဝက်လောက်နှပ်ထားပေးပါ.။
ဒယ်အိုး( သို.) ဒန်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီး curry leaves များကို
ဆီသတ်ပြီး နှယ်ထားသောကြက်သားများကိုထည့်ကြော်ပေးပါ..။ကြက်သား
ပြင်ပအရေခွံတွေတင်းပြီဆိုရင်တော့ ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြန်.ထည့် ၊မဆလာထည့်ပြီးမီးအေးအေးနဲ.ရေခမ်းသည်အထိချက်ပေးရပါမယ်...။
(မလိုအပ်ပဲ မကြခဏမွှေပေးခြင်းကိုတော့ရှောင်ကြဉ်ပါ...)
ဒံပေါက်အတွက်ပါဝင်ပစ္စည်းများ
*********************
တောင်ကြီးဆန်ကောင်းကောင်း(သို.) ဘာမစတီဆန်လုံးရှည်....(၁) ပြည်
ကြက်သွန်နီ...............(၇၀) ကျပ်သား( အကြွပ်ကြော်ပြီးချေထားရန်)
မုန်လာဥနီ.................၃ ခု ( အမျှင်တိုလေးများရအောင်ခြစ်ထားပါ)
ဒန်ပေါက်မဆလာ.......(၅) ဇွန်း (ထမင်းစားဇွန်း)
(စပ်ပြီးသားမရှိက..နံနံစေ့၊ ဇီယာစေ့၊ လေညှင်း ၊ ဖာလာ၊ နာနတ်ပွင့်များကိုလှော်ပြီးရောထောင်းနိုင် )
နို.စိမ်း................ ၁.၅ ဗူး
နို.ဆီ.................၁ ဗူး
သကြား.............၁၅ ကျပ်သား
ဆား..................သင့်ရုံ
ပဲစိမ်း................. ၂ဗူး
သီပိာုဠ်စေ့ + စပျစ်ခြောက်.....(၃၀) သား ( ကြော်ထားရန်)
စားသုံးသောအရောင် ( အစိမ်း ၊ လိမ္မော်) ..အနည်းငယ်စီ ( သီးခြားရေဖျော်ထားရန်)
ထောပတ်( သို.) ဂီး......၂၀ကျပ်သား
ပါဝင်ပစ္စည်းအားလုံးကိုအဆင်သင့်လုပ်ထားပြီး အဖုံးလုံသောအိုးတစ်လုံးကိုလည်းသီးခြားပြင်ဆင်ထားပါ..။
ဆန်ကိုရေဆေးပြီးဇကာတစ်ခုနှင့်စစ်ထားပါ
ပထမဆုံးမီးပြင်းပြင်းမှာဒန်အိုးကြီးကြီးတစ်လုံးဖြင့်ရေနွေးတည်ပါ....သစ်ကြပိုးခေါက်နှင့်Curry Leave အနည်းငယ်ကိုလည်းထည့်ပြုတ်ပါ...။ရေနွေးဆူပြီဆိုလျှင်ဆေးထား
သောဆန်တွေကိုထည့်ပြုတ်ပါ...ချက်ချင်းသစ်သားယောင်းမဖြင့်မွှေပေးပါ.
ဆန်တစ်ဝက်ကျက်လောက်အရောက်မှာ...ဇကာဖြင့်ပြန်စစ်ယူပါ...။
ပြင်ဆင်ထားတဲ့အိုးအတွင်းကို..ကြက်သွန်နီကြော်လို.ပိုထားသောဆီ(သို.) သီပိာုဠ်စေ့
ကြော်ထားပြီးပိုတဲ့ဆီကိုအနည်းငယ်လောင်းချပါ။ရေနွေးဖျောထားသောဆန်(၃) ပုံတစ်ပုံကိုဖြန်.ခင်းပေးပါ။ ကြက်သွန်နီကြော်၊ မဆလာ ၊ သီပိာုဠ်စေ့ကြော်၊ စပျစ်ခြောက်၊မုန်လာဥနီ ၊ထောပတ်၊ ပဲစိမ်း၊ ဆား၊ သကြား ၊ နို.စိမ်း၊ နို.ဆီ တို.ကိုလည်း (၃) ပုံတစ်ပုံစီလောင်းထည့်ပါ။
ထိုနည်းအတိုင်း ၃ လွှာပြုလုပ်ပါ ( ရေနွှေးဖျောထားသောဆန်များအငွေ.မကုန်ခင်)
အမြန်ပြုလုပ်ဖို.လွန်စွာအရေးကြီးပါသည်...။
အဖုံးကိုလုံအောင်သေချာစွာဖုံးပြီး...အပေါ်မီး(၅) ဆ ၊အောက်မီး(၁) ဆနှင့်ထမင်းများနှပ်သည်အထိ..နှပ်ထားပေးရပါမည်....။
(မီးအပူချိန်ကိုလိုအပ်သလို အတိုးအလျှော့ပြုလုပ်ပါ )
ထမင်းလုံးဝနှုးနှပ်သွားလျှင်သစ်သားယောင်းမ၂ ချောင်းဖြင့်သမအောင်မွှေ
ပေးရပါမည်.။ ထိုသို.မွှေနေစဉ်အတွင်းအချို.ကို လိမ္မော်ရောင်...အချို.ကိုအစိမ်းရောင်လေးများရအောင် ဇွန်းလေးနှင့်ဖြန်.
ထည့်ပေးရပါမည်..။
ကြက်သားပာင်း၊ ဘာလချောင်ကြော်၊ ပာင်းရည်၊ တို.စရာအချဉ်သုပ်တို.နှင့်တွဲဖက်သုံးဆောင်နိုင်ပါ
သည်။
ချစ်ခြင်းများစွာဖြင့်။

ဆီအနည်းငယ်ထဲကြက်သွန်ဖြူ မုန်ညင်းစေ့နံနံစေ့ပျဉ်းတော်သိမ်ရွက်

ဆီအနည်းငယ်ထဲကြက်သွန်ဖြူ မုန်ညင်းစေ့နံနံစေ့ပျဉ်းတော်သိမ်ရွက်ငရုတ်သီးခြောက်တို့ဖြင့်ဆီသတ်ပြီးပဲနီထည့်ရေထည့်ပဲနူးပါကမန်ကျည်းသီးရေဖျော်ထည့်ဆားအရသာထည့်ဆူလျင်ချပြီးနံနံပင်အုပ်ပါ

အုန်းနို.သာကူပူတင်း


အုန်းနို.သာကူပူတင်း
***********************

၁၀ - ၁၅ ယောက်စာ

သာကူစေ့ဖြူ (သေး)....................၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
သကြား....................................၂ခွက် (...............။....................)
နွားနို့ .......................................၁ ခွက်(..................။..................)
အူန်းနို. .....................................၂ ခွက်(..................။..................)
ကော်မှုန်.( cornstrach)...............၁ခွက် (.................။...................)
ရွှေကြည်(သို.) custard powder....၁ခွက် (................။....................)
ထောပတ်..................................၁၂၅ ဂရမ်
ကြက်ဥ......................................၄ လုံး
ဆား..........................................အနည်းငယ

သာကူစေ့တွေကို (၁) နာရီခန်.ကြိုတင်ရေစိမ်ထားပါ

အိုးတစ်လုံးမှာရေ(၁) လီတာခန်.နှင့်သကြားကိုမီးအေးအေးမှာပျော်အော်ကျို ပေး
ပါ။

သကြားရည်ပျော်ပြီဆို ..နွားနို. ၊ ထောပတ် ၊ ရေစိမ်ထားတဲ့သာကူတွေထည့်ပြီ
သာကူစေ့တွေ ၃ပုံ၁ပုံ ကျက်သည်အထိဖြည်းညှင်းစွာမွှေပေးရပါမည်..။

အုန်းနို.ထဲသို့ ကော်မှုန့်  ၊ ရွှေကြည်မှုန့် (သို.) custard powder တို.ကိုပျော်ဝင်
အောင်မွှေပေးပြီး..ဆူနေသောသကြားသာကူစေ့ထဲသို.အနည်းငယ်ချင်းစီလောင်းချမွှေပေးရပါမည်( နှံ.နေအောင်မွှေပေးဖို.လိုအပ်ပါသည်)

မီးဖိုပေါ်မှချကာ (၁၀) မိနစ်လောက်အအေးခံထားပါ။အအေးခံထားချိန်မှာအတွင်းထဲအပူကျန်မနေ
အောင်မကြာခဏ မွှေပေးပါ။

ညှက်နေအောင်ခေါက်ထားသောကြက်ဥရည်တွေလောင်းထည့်ကာ
၊တဖန်နှံ့ နေအောင်မွှေပေးပါ။

ထောပတ်သုတ်ထားသောဗန်းထဲဖြန်.ထည့်ပြီး အပူချိန် ၂၃၀ စင်တီဂရိတ် မှာ
(၂၅) မိနစ်ခန်.ဖုတ်ပေးပါ။( သို.မဟုတ်) အပေါ်မီး (၃) ဆ ၊အောက်မီး(၁) ဆနှင့်
မီးသွေးမီးမှာ (၃၀ - ၄၅) မိနစ်ခန်.ဖုတ်ပေးရပါမည်..။

ကြက်သား(သို.) ဘဲသားမုန်.( Chicken or Duck Puff )


တရုတ်တန်း ဘဲသားမုန်.တောင်းဆိုထားသူရှိလို.တင်ပေးလိုက်ပါတယ်..။
ဂျုံ သားနယ်ရတဲ့အလုပ်တစ်ခုကတော့..အတော်လေးလက်ဝင်ပါတယ်..။
ဝါသနာပါသူများ..စိတ်ရှည်စွာစမ်းသပ်ကြည့်နိုင်မယ့် အချိုးလေးဖော်ပြပေးလိုက်ပါတယ်..။

ကြက်သား(သို.) ဘဲသားမုန်.( Chicken or Duck Puff )
***********************************

အပြင်တစ်လွှာအတွက်
***************

ဂျုံနုမှုန်. ................၅၀၀ ဂရမ်
မာဂျ ရင်း................၁၀၀ ဂရမ်
ဆား......................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
ရေအေး..................၁ ခွက်( သို.) ၂၂၀ မီလီမီတာ

ဂျုံမှုန်. ၊ ဆား ၊ တို.ကိုသမအောင်မွှေပြီး..မာဂျရင်းထည့်နယ်ပါ..။

ရေကိုအနည်းငယ်စီထည့်ပြီး..ညှက်နေတဲ့မုန်.သားတစ်ခုရအောင်နယ်ပါ။

နယ်ထားသောမုန်.သားကို ခပ်ကြမ်းကြမ်းလုံးထားပါ။

အတွင်းတစ်လွှာအတွက်
***************

ဂျုံ..................၂၅၀ ဂရမ်
မာဂျရင်း...........၁၅၀ ဂရမ်

ဒီ ၂မျိုးထဲကိုပဲအထက်ပါအတိုင်းနယ်ပြီး.. လုံးထားပါ။

ပထမအလွှာမုန်.သားကို မုန်.လှိမ့်တုံး(သို.) ပုလင်းအသုံးပြုပြီး..အနည်းငယ်
ပြန်.သွားအောင်ဖြန်.ပါ။

ဒုတိယမုန်.သားကိုလည်းထိုနည်းအတိုင်းပြုလုပ်ပြီး..ပထမအလွှာပေါ်တင်ပေး
ပါ။

ထို.နောက်မုန်.သား(၂) ခုကို ၃ - ၄ ထပ်ရအောင်လိပ်ပေးပါ။ ပလပ်စတစ်အပါးစလေးအုပ်ပြီး..ရေခဲသေတ္တာမှာ (၁၅) မိနစ်ခန်.အအေးခံထားပါ။ထိုအချိန်မှာအတွင်းသားအစာအတွက်ပြင်ဆင်ပါ
မယ်..။

အတွင်းအစာအတွက်
**************

ကြက်သား(သို.) ဘဲသား .....၅၀၀ ဂရမ်(ခပ်သေးသေးအတုံး)
အာလူး............................၂ လုံး (၁ စင်တီအရွယ်အတုံးလေးတုံး)
ကြက်သွန်နီ..................... ၃လုံး(.................။...................)
ငရုပ်စပ်မှုန်. .....................၁ ဇွန်း( ထမင်းစား )
မဆလာ..........................၁ ဇွန်း( လက်ဖက်ရည်)
ကြက်သွန်ဖြူ + ချင်း.............အနည်းငယ်စီ ( နုပ်နုပ်စဉ်း)
ဆား + ကြက်သားမှုန်. .......သင့်တော်သလို
သကြား..........................၁ ဇွန်း( လက်ဖက်ရည်)

ပထမဆုံးကြက်သားတွေကို အိုးကင်းပူတိုက်တဲ့ပုံစံနဲ.ရေခမ်းသွားအောင်ပြု
လုပ်ပါ..ရေခမ်းသွားရင်အအေးခံထားပါ။

ဒယ်အိုးထဲမှာ အာလူးတွေကို ထည့်ကြော်ပါ..အနည်းငယ်နွမ်းသွားလျှင် ၊ နနွင်းမှုန်. အနည်းငယ်နှင့်အတူ ကြက်သွန်ဖြူ + ချင်းတွေကိုပေါင်းထည့်ပါ။

အနည်းငယ်မွှေးလာပြီဆို..ကြက်သွန်နီ ၊ ကြက်သားတွေပေါင်းထည့်ပြီး..ငရုတ်စပ်မှုန်. ၊ ဆား ၊ သကြား ကြက်သားမုန်.
တို.နဲ.အရသာသွင်းပါ။ ဖြန်.ပြီးအအေးခံထားပါ..။

ထိုစဉ်အချိန်မှာ ရေခဲသေတ္တာထဲက..အအေးခံထားတဲ့ဂျုံသားလိပ်ကို ထုတ်ပြီး(၁၆) မှ (၂၀ ) ခုထိအညီအညာပိုင်းဖြတ်ပါ။

ပိုင်းဖြတ်စလေးတွေကို ဂျုံမှုန်.ဖြူးထားတဲ့စားပွဲပေါ်မှာ လှိမ့်တုံးလေးအသုံးပြု ကာ..၄ လက်မ အ၀ိုင်းငယ်ရအောင်လုပ်ပါ ။ ( မုန်.သား၂ ထပ် လိပ်ထားတာ ၃-၄ ဖြစ်တဲ့အတွက်..မုန်.သားမှာအရစ် အရစ်ပုံလေးတွေပေါ်နေပါမယ်..။

လက်ကို ဂျုံ မှုန်.လူးကိုင်ပြီး..အတွင်းအစာ ကို ၁ ဇွန်းသာသာခန်.ဖြည့်ပြီး..
ခေါက်ချိုးညီခေါက်လိုက်ပါ..။

မိမိလက်ပေါ်မှာရှိတဲ့ ဘယ်ဖက်အစွန်းထောင့်ကလေးကို ၄၅ ဒီဂရီလောက်
ခေါက်ချလိုက်ပါ..။ထိုနောက်မှတဆင့် လက်မအားကိုအသုံးပြုပြီး..မုန်.အနား
သားလေးတွေကို ထိုးခေါက်သွားမယ်ဆိုရင်..ညီညာလှပစွာပုံဖော်ထားတဲ့
အနားသားအစွန်းသတ်လေးတွေနဲ.လှပနေပါမယ်..။

အားလုံးထိုနည်းအတိုင်းပြုလုပ်ပြီးပြီဆိုမှ..ဆီ(သာမန်အပူချိန်) မှာရွှေအိုရောင်ရအောင်ကြော်ယူစစ်ပြီး..အအေးခံထားရပါမယ်...။

ငါးရောင်ခြယ်ကျောက်ကျော


ငါးရောင်ခြယ်ကျောက်ကျော
******************

ထိုင်းကျောက်ကျောမှုန်.(တယ်လီဖုန်းတံဆိပ်).....၁ ထုပ်
သကြား....................................................၅၀ ကျပ်သား
လိမ္မော်ရည်အပျစ်.....................၁/၂ ခွက်(တရုတ်ထမင်းစားပန်းကန်လုံး)
စပျစ်ရည်အပျစ်........................၁/၂ ခွက်(တရုတ်ထမင်းစားပန်းကန်လုံး)
သစ်ခွဖျော်ရည်........................၁/၂ ခွက်(တရုတ်ထမင်းစားပန်းကန်လုံး)
နို.စိမ်း.....................................၁ ၁/၂ ဗူး

တကယ်တော့ကျောက်ကျောတစ်ထုပ်အတွက်ရေက တရုတ်ထမင်းစားပန်းကန်လုံး(၁၃) မှ(၁၄) လုံးပါ။ အုန်းနို.ကျောက်ကျောဆို
လည်း..အုန်းနို.ရည်ကိုအရင်ချိန်ပြီးမှ..လိုအပ်တဲ့ရေကိုထပ်မံဖြည့်စွက်ပေးရ
ပါတယ်..။

ဒီအညွှန်းကကျောက်ကျောအမာလွန်ခြင်း ၊ရေများလို.မခဲခြင်းစတာတွေ
အတွက်မျက်စိစုံမှိတ်နိုင်တဲ့အနေအထားပါ။

ဒီနည်းမှာ..အချိုရည်(၃) မျိုးက ၁ ခွက်ခွဲရှိပြီး..နို.စိမ်းက (၂) ခွက်ရှိနေပါတယ်။

ဒါကြောင့် ရေကို အနည်းဆုံးတရုတ်ထမင်းစားပန်ကန်လုံး(၁၁) လုံးစာကိုဆူ
အောင်တည်ပြီး..သကြားပေါ်လောင်းချကာသကြားရည်ဖျော်လိုက်ပါ

၎ ပုံအညီအမျှရအောင်ခွဲထားပါ။ကျောက်ကျောမှုန်.ကိုလည်း. ၄ ပုံအညီအမျှ
ခွဲပြီး..ပျော်သည်ဆိုရုံလေးရေထည့်ဖျော်ပါ။

မိမိလိုချင်တဲ့အရောင်အစဉ်လိုက်ကျိုလို.ရပါတယ်...။

ကျွန်တော်ကပထမဆုံး ၄ ပုံခွဲထားတဲ့သကြားရည်နဲ.အတူသစ်ခွရည်ကိုရော
ကျိုပါတယ်..။ဆူစပြုလာပြီဆိုတာနဲ.အရည်ဖျော်ထားတဲ့ကျောက်ကျော(၁)
ချိုးထည့်ကာ..လုံးဝပျော်ဝင်သွားပြီဆို..ဗန်းထဲမှာထည့်ပြီးအအေးခံထားပါ
တယ်။

ဒုတိယ နို.စိမ်းနဲ.သကြားရည်ကိုရောပြီး..ပထမနည်းလမ်းအတိုင်းကျိုပါတယ်။

ပထမဆုံးအလွှာရဲ.မျက်နှာပြင်တင်းပြီဆိုမှ...နို.စိမ်းကျောက်ကျောရည်ကို
လောင်းပါတယ်...။

ထိုနည်းအတူ လိမ္မော် ၊ နောက်ဆုံး မှစပျစ်ရည်ကိုလောင်းချအအေးခံပါတယ်။

အသုံးပြုတာ(၄) ရောင်ဆိုပေမယ့်..တကယ်ခဲသွားတဲ့အခါ (၅) ရောင်ရရှိနေ
မှာဖြစ်ပါတယ်...ရေနဲ.ကျောက်ကျောရောစပ်တဲ့အကြည်ရောင်လေးအပါအ
ဝင် (၅) ရောင်ခြယ်ကျောက်ကျောပါ။

ဂျလေဘီ (Jalebi )


ဂျလေဘီ ဆိုတာ...မြန်မာဘန်းစကားတစ်ခုအဖြစ်ကျော်ကြားနေပြီးဖြစ်သလို
အသုံးများတဲ့စကားတစ်ခုလည်းဖြစ်ပါတယ်..ဂျလေဘီလို.ခေါ်တဲ့အိန္ဒိအချိုပွဲ
တစ်မျိုးဟာ..အရစ်အခွေပုံစံမျိုးရှိလို. လူမှုဘ၀မှာရှုပ်ထွေးပွေလီအောင်နေ
တတ်သူ ၊ အကြောင်းအရာရှုပ်ထွေးပွေလီသူများကို "ဂျလေဘီ " လို.သုံးနှုံး
ကြတာဖြစ်ပါလိမ့်မယ်...။

ဂျလေဘီ (Jalebi )
************

ဂျုံနုမှုန်. ..........၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ဆန်မှုန်.(သို.) ကော်မှုန်. ...၁ ဇွန်းခွဲ(ထမင်းစားဇွန်း)
ရေ..................၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ဒိန်ချဉ်.............၁ ခွက် (..............။................)
Saffron ( ကက္ကုမံ)..အနည်းငယ်
လိမ္မော်ရောင်စားဆိုးဆေး.....အနည်းငယ်

သကြားရည်အတွက်
*************

သကြား..........၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ရေ................၁/၂ ခွက်(...............။..............)
သံပုရာရည်.....၁ ဇွန်း( ထမင်းစားဇွန်း)
နှင်းဆီရနံ.မွှေး....အနည်းငယ
သစ်ကြပိုးမှုန်. ....အနည်းငယ်

ပြုလုပ်ပုံ
*****

ဂျုံနုမှုန်. ၊ ဆန်မှုန်.(သို.) ကော်မှုန်. ၊ ကက္ကုမံမှုန်.၊ အရောင်မှုန်.တို.ကို သမ
အောင်မွှေပြီး..ရေကို အနည်းငယ်စီထည့်ကာသမအောင်မွှေပေးပါ။

ထို.နောက်ဒိန်ချဉ်ကို ရောထည့်မွှေပြီး..အနည်းဆုံး(၁၀) နာရီခန်.အချဉ်ဖောက်ပေးထားရပါမယ်...။

ထိုစဉ်အတွင်း သကြား၊ ရေ ၊ သံပုရာရည်.၊ သစ်ကြပိုးမှုန်. ၊ နှင်းဆီရနံ.မွှေး
တို.ကိုရောပြီးကျိုကာ အအေးခံထားပါ။

မုန်.ကျော်ရန်အတွက်..ဆီသန်.သန်.ကိုအပူပေးထားပါ။

(၁၀) နာရီကျော်လို. မုန်.နှစ်ရည်အချဉ်ဖောက်ပြီဆိုရင်တော့..နောက်တစ်ကြိမ်သမသွားအောင်
ထပ်မွှေပေးပါ။

အိတ်တစ်ခု( ကိတ်မုန်.အလှဆင်သောအိတ်မျိုး)ထဲကို မုန်.နှစ်ရည်ထည့်ပြီး..အပေါက်ဖောက်ကာ..၃ ရစ် ၄ ရစ်
အခွေလေးတွေဖြစ်အောင်ထည့်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။

သကြားရည်ကို စောက်နက်နက် အိုး(သို.) ပန်းကန်လုံးထဲထည့်ပြီး..ကြော်ထားတဲ့မုန်.ခွေလေးတွေကို သကြားရည်ပြည့်ဝအောင်စုပ်ယူစေရန် ၅ မိနစ်ခန်.စိမ်ပြီးမှပြန်လည်ဆယ်ယူ
ပါ။

စတော်ဘယ်ရီနဲ.ဒိန်ချဉ်


ဇော်ဝင်းထွဋ်နဲ. ဟေမာနေ၀င်းရဲ. စတော်ဘယ်ရီ..ချယ်ရီရောရာရင်..တော်တန်ရုံလူပင်...ဆိုတဲ့သီချင်းထဲက
လို ..စတော်ဘယ်ရီနဲ.ချယ်ရီတစ်ခါမှရောမသောက်ဖူးဘူး...။

စတော်ဘယ်ရီနဲ.ဒိန်ချဉ်ဆိုရင်တော့..ရှယ် ( ပြောရင်း..မေမြို.က ထီးလှိုင်ကို
သတိရမိ )

စတော်ဘယ်ရီသီးမှည့်မှည့်.....................၁ ခွက်
ဒိန်ချဉ်..............................................၁ ခွက်
သကြားရည်.......................................၁ ခွက်
နို.ဆီ................................................၂ ဇွန်း
ဆား................................................ပါသည်ဆိုရုံ...

အားလုံးရောကြိတ်ရင်..စတော်ဘယ်ရီမစ်ရှိတ်လို အားလုံးကြေသွားပြီးအရသာကောင်းပေမယ့်....မလှဘူးပေါ့...အိမ်မှာစားရင်
ကြိုက်သလိုလုပ်နိုင်ပေမယ့်..ဧည့်ခံမယ်ဆိုရင်တော့...

စတော်ဘယ်ရီသီးနဲ. ဆားကို ရောပြီး..မညှက်တညှက်( လက်ချေပုံစံမျိုး)
ချေထားပါ။

သစ်သီးကြိတ်စက်မှာ...ဒိန်ချဉ် ၊ သကြားရည်၊ နို.ဆီတို.ကို ရောကြိတ်ပါ။

ပြင်ဆင်မယ့်ဖန်ခွက်ထဲမှာ ရေခဲထည့်..ကြိတ်ချေထားတဲ့..စတော်ဘယ်ရီကို
ထည့်ပြီး...နောက်ဆုံး..ဒိန်ချဉ်အရောကို ထည့်ပေးလိုက်ရုံပါပဲ...။

အလှဆင်ချင်ရင်တော့..အပေါ်ဆုံးက စတော်ဘယ်ရီသီး (၅) ခြမ်းလောက်
ဖြစ်စေထည့် ( သို.) စတော်ဘယ်ရီသီးကို ထက်ခြမ်းဟပေးပြီးဖန်ခွက်နှုတ်
ခမ်းသားမှာချိတ်ပေးလိုက်ရုံပါပဲ...။

Hawaiian Butter Mochi


ံHawaii က ကျွန်တော့်ပေ့ခ်ျ ၀ါသနာရှင်တစ်ယောက်က..သူလုပ်စားလေ့ရှိတဲ့
အချို ပွဲတစ်ခုအကြောင်းဝေမျှလာပါတယ်..။ကျွန်တော် ပြန်လေ့လာလိုက်တော့
သိပ်မခက်ခဲသလို ပါဝင်ပစ္စည်းတွေကလည်း..အလွယ်တကူရနိုင်တာကြောင့်
ဘာသာပြန်ဖော်ပြပေးလိုက်တယ်..။

မုန်.လုပ်ဝါသနာရှင်များစမ်းသပ်ကြည့်နိုင်ပါတယ်..။သူဝေမျှတဲ့အချိုးအတိုင်းပဲ
ဖော်ပြလိုက်ပါတယ်..။

Hawaiian Butter Mochi
****************

ကောက်ညှင်းဆန်မှုန်..........၁ ပေါင်
သကြား..........................၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ထောပတ်........................၁/၂ ခွက်(သို.) ၁ တောင့်( ပျော်အောင်ဖျော်ထားရန်)
ကြက်ဥ.............................၃-၄ လုံး
နို.စိမ်း(သို.) နွားနို. ..............၁ ဗူး
အုန်းနို. ............................၁ ဗူး
မုန်.ဖုတ်ဆိုဒါ......................၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ဗီနီလာရနံ. ........................၁ ဇွန်း(.............။........)

Oven အသုံးပြုသူများကအပူချိန် ၃၅၀ ဒီဂရီ F ( ၁၇၀ ဒီဂရီ C ) ကို(၁၅) မိနစ်
ခန်.ကြိုဖွင့်ထားပါ။

ဇလုံကြီးကြီးတစ်ခုမှာ ကြက်ဥ ၊ နို.စိမ်း ၊ အုန်းနို. ၊သကြား ၊ စတာတွေကို
ပျော်ဝင်သွားသည်အထိခေါက်ပါ။

ထို.နောက်ကောက်ညှင်းမှုန်. ၊ မုန်.ဖုတ်ဆော်ဒါ ၊ဗီနီလာရနံ.တို.ကိုထည့်မွှေပြီး
ကောင်းမွန်သောမုန်.နှစ်သားရအောင်မွှေပေးပါ။

ထောပတ်သုတ်ထားသော ဗန်း( ၉ လက္မ x ၁၂လက္မ) ထဲမှာဖြန်.ခင်းပြီးOven ထဲထည့်ဖုတ်ပါ။

မီးသွေးသုံးသူများ..အဖုံးကိုလုံအောင်ဖုံးပြီးအောက်မီး၁ ဆ အပေါ်မီး၃ ဆနှင့်ဖုတ်ပေးပါ။

ပို.ပေးလာသူ၇ဲ.အချိုးထဲမှာအုန်.သီးမှုန်.မပါပေမယ့်..မူရင်းထဲမှာတော့အုန်းသီးမုန်.လေးတွေဖြူးထားတာကိုလေ့လာရပါတယ်..။

Credit....Emerald Shozuya.