Friday, October 31, 2014

ဘုရားရှိခိုးခြင်း ဟူသည်


ဘုရားရှိခိုးခြင်း ဟူသည်
ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။
ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရားအကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။
အချိန်မှန်ကိုက် အဓိဌာန်ပြီး ဘုရားရှိခိုးခြင်း၊ ဂါထာရွတ်ခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း အစရှိသဖြင့်တို့က သဒ္ဒါ၊ သတိ၊ သီလ၊ သမာဓိ၊ ပညာ စသည်တို့ အမြဲစွဲကပ်၍ သာသနာ အဓွန့်ရှည်ရန်၊ ဘုရားဟော တရား မပျောက်ပျက်ရန် အကျိုးဆောင်ခြင်းတစ်မျိုးဖြစ်ရာ အမြဲပြုသော မဟာကုသိုလ်မျိုး ဖြစ်ရသည်။ သို့သော်လည်း ယခုခေတ်အခါ ယင်းသို့ အကျိုးသိမြင် ရှိခိုးခြင်းထက် အခြားရည်ရွယ်ချက်များ ဖြင့် ရှိခိုးနေကြသည်။ ဥပမာ- ကံ့ညံ့များ ပျောက်ရန်၊ ချမ်းသာရန်၊ အသက်ဘေးလွတ်မြောက်ရန်၊ စီးပွားဥစ္စာ တိုးပွားရန်၊ စာမေးပွဲအောင်ရန်၊ ရာထူးတိုးရန် ဟူ၍ ဖြစ်သည်။ အမှန်စင်စစ် ယင်းသို့ အကျိုးမျော်၍ ရှိခိုး ခြင်းသည် လောဘစိတ် အခြေခံခြင်းဖြစ်သောကြောင့် ကိလေသာပို၍ စွဲမြဲရသည်။ အကုသိုလ်ဖြစ်တတ်သည်။ သို့တည်းမဟုတ် ညံ့ဖျင်းသော ကုသိုလ် ဖြစ်ရသည်။
ထို့ပြင် ဘုရားရှိခိုးခြင်းဟူသည် ပြုခဲ့သော အပြစ်၊ အကုသိုလ်များ ပျောက်စေ ရန်လည်း မဟုတ်ပါ။ မည်သည့် ကံကိုမှ ဘုရားက ပြန်လည် ပြုပြင် စီရင်ပေး၍မရ။ ဘုရားရှိခိုးခြင်းက မိမိဟာ သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ သီလ စတာတွေနဲ့ ပြည့်စုံနေသေးပြီး ရတနာသုံးပါးကို အမြဲပူဇော်ဆည်း ကပ်တယ်ဆိုတာကို ပြန်လည် အမှတ်ရ သတိကပ်စေခြင်း၊ သာသနာ မကွယ်ပျောက်စေရန် ဘုရားဟော ဂါထာများကို ပြန်လည် ရွတ်ဖတ်ခြင်း၊ နတ်လူ အပေါင်း အမျှဝေသည်က မေတ္တာ ဘာဝနာ ကုသိုလ်ယူခြင်း၊ စသည်ဖြင့် စသည်ဖြင့်ဘုရားရှိခိုးခြင်း၏ အကြောင်းတရား များက အင်မတန် ပေါများလှပါတယ်။ အကြောင်းတရားများသလောက် အကျိုးတရား အဖြင့် မဟာကုသိုလ်ထူးများ ရသည်။
ထို့ကြောင့် ဘုရားရှိခိုးခြင်းဟူသည် စိတ်တည်ငြိမ်အောင်လုပ်သည် ဆိုသော သေးသိမ်သည့်အတွေးကို ပျောက်ပျက်စေပြီး ဘုရားဟောတရား အတိုင်း ကြောင်းကျိုးသိမြင် ရှိခိုးပူဇော်ရန် လိုအပ်ပါသည်။
ဘုရားဟောတရား၊ သုတ်၊ ဂါထာ၊ ကျမ်းများကို မကွယ်ပျောက်စေခြင်းငှာ အဓိပ္ပါယ်လေ့လာသိရှိပြီး ရွတ်ဖတ်ပူဇော်ခြင်းက သာသနာကို တည်တံ့စေသကဲ့သို့ မဂ်ဖိုလ်၊ နိဗ္ဗာန် ရောက် အကျိုးထူးလှပါသည်။ အမှန်ကိုသိ ဥာဏ်မျက်စိဖြင့် လေ့လာသိမြင် ကျင့်ကြံနိုင်ကြပါစေသော်။
---
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Thursday, October 30, 2014

သိမှတ်သင့်သော စကားလုံးတစ်ချို့

YoYarLayさんはNandar Myintさん、他10人と一緒やねん
သိမှတ်သင့်သော စကားလုံးတစ်ချို့
(၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။
(၂) CDMA ဆိုတာကတော့ Code Division Multiple Access ဖြစ်ပါတယ်
(၃) MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။
(၄) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။
(၅) PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။
(၆) CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။
(၇) DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။
(၈) HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။
(၉) WML ဆိုတာကတော့ Wireless Markup Language ဖြစ်ပါတယ်။
(10) GPRS ဆိုတာကတော့ General packet Radio Service
(11) LAN ဆိုတာကတော့ Local Area Network
(12) WLAN ဆိုတာကတော့ Wireless Local Area Network
(13) SIM ဆိုတာကတော့ Subscriber Identity Module
(14) USB ဆိုတာကတော့ Universal Serial Bus
ဖော်ပြပါ ရှင်းလင်းချက်များသည် အဓိက အသုံးများသော အရာများ ကိုပင်
ဖော်ပြ ထားတာ ဖြစ်ပါတယ်။ တစ်ခြားသော အရာများ ကျန်ရှိပါ
သေးတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

ဒိန်ချဉ် (yogurt) လေး လုပ်ရအောင်

Chaw Su's Food Friendsさんが写真9枚を追加したで。
ဒိန်ချဉ် (yogurt) လေး လုပ်ရအောင်
(ကျွန်မရဲ့ ဒုတိယမြောက်စာအုပ် (အစိမ်းေ၇ာင်) စာမျက်နှာ ၁၂၂-၁၂၃ မှာပါပြီးသားလေးပါ။)
ဒိန်ချဉ်လုပ်မယ်ဆိုပြီး လိုအပ်တာလေးမှာ ဒိန်ချဉ်ပါနေလို. ဘာကြီးပါလိမ့်လို. မထင်ကြနဲ.ဦးနော်…း)။
ဒိန်ချဉ်စလုပ်ဖို.ဆိုရင် ကျွန်မ သိတဲ့ ၂ နည်းကတော့ လတ်လတ်ဆတ်ဆတ် ဒိန်ချဉ်ကို သုံးတာနဲ.၊ dry yogurt starter ဆိုတဲ့ အမှုန်.ကို သုံးပြီးလုပ်တာပါ။ dry yogurt starter က ဝယ်ဖိုခက်ခဲတာမို. လတ်လတ်ဆတ်ဆတ်ဒိန်ချဉ်နဲ. လုပ်တဲ့ နည်းကိုသုံးလိုက်ပါတယ်။ လတ်လတ်ဆတ်ဆတ်၊ သန်.သန်.ပြန်.ပြန်. စားရပြီး၊ တစ်ခါလုပ်ထားပြီးရင် နောက်ထပ်ဘယ်တော့မှ ဒိန်ချဉ်ဝယ်ဖို. မလိုတော့တာမို. ဒိန်ချဉ်ဆိုင်တွေ အမြင်ကပ်မယ့်နည်းလေးပါ။
full cream milk, low fat milk ကြိုက်နှစ်သက်ရာကိုသုံးနိုင်ပါတယ်။ ကျွန်မကတော့ စိမ့်တာကိုကြိုက်တဲ့အတွက် full cream milk ကိုသုံးပါတယ်။ yogurt ကိုလည်း စိမ့်တဲ့ အမျိုးအစားကို သုံးထားပါတယ်။
** ဒိန်ချဉ်လုပ်ဖို. အတွက် လိုအပ်တာလေးတွေ…
၁. milk – 1000 ml
၂. plain yogurt – 2 tbsp (မအေးတော့ပဲ ပျော်နေစေရန် ရေခဲသေတ္တာထဲမှ ၂ နာရီခန်. ကြိုထုတ် ထားပါ။)
နွားနို.ကို မကပ်နိုင်တဲ့ အိုးထဲထည့်ပြီး medium heat ဖြင့် အောက်ခြေကို ဂျိုးများ မကပ်အောင် မွှေကျိုပေးပါ။
နွားနို.စဆူလာပြီးနောက် မလိုင်များတက်လာအောင် နောက်ထပ် ၅ မိနစ်ခန်. ဆက်ဆူခိုင်းပြီးလျှင် မီးဖိုမှဖယ်ပါ။
၁၅ မိန်ခန်.ကြာလျှင် နွားနို.ထဲ လက်ညှိုးလေးထဲ့ပြီး စမ်းကြည့်ပါ။
အရမ်းမပူတော့ပေမယ့် အတော်လေးနွေးတဲ့ အနေအထားဆိုရင် yogurt ကိုထည့်ပြီး နှံ.သွားအောင် မွှေပေးပါ။ (ညင်ညင်သာသာမွှေပေးပါ။)
ဒိန်ချဉ်များအားလုံးကို ပျော်သွားအောင် ဖျော်ပြီးလျှင် နွေးနေသော နွားနို.ဒိန်ချဉ်ရည်ကို ဗူးထဲထည့်ပါ။
ထို.နောက် အဖုံး ဖုံးပြီး စောင်ခပ်ထူထူနှင့် ထုတ်ကာ နွေးသောနေရာမှာ ၅ နာရီခန်.ထားပါ။ ပိုချဉ်တာကြိုက်လျှင် ၆ နာရီ ထားပါ။
ထို နာရီ အတောအတွင်း ဒိန်ချဉ်ဗူးကို လုံးဝ မရွှေ.၊ မလှုပ်ပါနှင့်။ (ဒိန်ချဉ်များ ကြေပြီး မလှ၊မပ ဖြစ်တတ်ပါတယ်။)
၅ နာရီကြာပြီးနောက် စောင်ကိုဖြည်ပြီး ရေခဲသေတ္တာ (freezer မဟုတ်)ထဲ ၁၀ နာရီ ထည့်ထားပြီးလျှင် သန်.ရှင်းလတ်ဆတ်ကာ စိမ့်လှသော ဒိန်ချဉ်လေးကို နည်းမျိုးစုံဖြင့်အသုံးပြုနိုင်ပါပြီ။
နောက်တစ်ခါ ဒိန်ချဉ်လုပ်ရန်အတွက် ဒိန်ချဉ် (2 tbsp) ကို ဖယ်ပြီး ဗူးသန်.သန်.ထဲ ထည့်ပြီး သိမ်းထားပါ။

ကင်ပွန်းချ ဉ် နှင့်ပုစွန်ဆိတ်ကြော်





ကင်ပွန်းချ ဉ် နှင့်ပုစွန်ဆိတ်ကြော်

ကင်ပွန်းချ ဉ်ရွက်.......၃ စည်း
ပုစွန်ဆိတ်...............၁၅ ကျပ်သား
ကြက်သွန်နီ.............၁ လုံး
ကြက်သွန်ဖြူ............၅ တက်
ငရုတ်သီးခြောက်.....၄-၅ တောင့်ခန်.
ခရမ်းချ ဉ်သီး...........၂ လုံး
ပုစွန်ခြောက်မှု န်. ....၁ ဇွန်း
ငါးငံပြာရည်............၂ ဇွန်း
ဟင်းခတ်မှုန်. .........အနည်းငယ်

ပုစွန်ဆိတ်လေးတွေကို ရေဆေးသန်.စင်ထားပါ။

ကင်ပွန်းချ ဉ်ရွက်တွေကိုလည်း..ရိုးတံတွေတတ်နိုင်သမျှ နည်းအောင်သင်ထား
ပါ။

ခရမ်းချ ဉ်သီးကိုပါးပါးလှီးပါ။

ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်သီးခြောက်တွေကို ညှက်နေအောင်ထောင်းပါ။

ဒယ်အိုးတစ်လုံးမှာထောင်းထားတဲ့အရောကို..နနွင်း +အရောင်တင်အနည်း
ငယ်တို.နှင့်အတူ ဆီသတ်ပါ..။

အနည်းငယ်နွမ်းလာလျှ င် ခရမ်းချ ဉ်သီးထည့်ပေါင်းပါ။

ပုစွန်ခြောက်မှုန်. ၊ ငါးငံပြာရည် ၊ ဟင်းခတ်မှု န်.တို.နဲ.အရသာဖြည့်စွက်ပြီး..
ပုစွန်ဆိတ်လေးတွေပေါင်းထည့်ပါ။

သိပ်မကြာခင်မှာပဲ ကင်းပွန်ချ ဉ်ရွက်တွေထည့်ပြီး..ရေခမ်းကာ လှိမ့်နေအောင်
ကြော်ပေးရပါမယ်...။

Photo Credit....Ma Yamin Shwesin Htike

ဝက်သားနဲ.သီးရွက်စုံ




ဆွမ်းချိုင့်တွေအများကြီးလည်းယူထား...မနက်ဆွမ်းခံထွက်တဲ့သံဃာတော်
တွေကိုလည်းလောင်းလှူချင်တဲ့..မေမေ့စေတနာ သဒ္စါတရားကို..အောက်မေ့
မိသလို...ခုလည်း...ညီမလေးတစ်ယောက်က..ဆွမ်းလောင်းတဲ့ဟင်းပွဲပုံလေး
ကူညီပေးပို.လာလို..ကျွန်တော်ကချက်နည်းကိုဝေမျှပါတယ်..။

အချိုးအတိအကျကိုတော့မဖော်ပြတော့ပါဘူး...ပါဝင်ပစ္စည်းလေးတွေနဲ.ဘယ်လိုချက်တယ်ဆိုတာကိုတာဝေမျှပါမယ်..။

ဝက်သားနဲ.သီးရွက်စုံ
*************

ဝက်သား
မျှစ်ချဉ်
ပဲသွေး
ဒန်.သလွန်သီး
ငရုတ်ရှည်တောင့်
ခရမ်းကြွပ်သီး

ပထမဆုံး...မျှစ်ချဉ်ကို...ငါးပိအနည်းငယ် ၊ခရမ်းချဉ်သီးတစ်လုံးနဲ.ပြုတ်ပါတယ်...။

ဝက်သားတွေကိုအနေတော်တုံးပြီး..ဆား၊ ဟင်းခတ်မှုန်.တို.နဲ.နယ်ကာ...
ချင်း+ကြက်သွန်ဖြူအရော တို.နဲ.လုံးချက်..ပုံစံချက်ထားပါတယ်..။

ထိုစဉ်အတွင်း..အခြားအသီးအရွက်များကို..လိုအပ်သလိုလှီးဖြတ်သန်.စင်ပြီး..
အရံသင့်ထားပါတယ်..။

ဝက်သားတွေ..၃ ပုံ ၂ ပုံလောက်နှုးအိပြီဆိုမှ..ပြုတ်ထားတဲ့မျှစ်ချဉ်၊
ဒန်.သလွန်သီးတွေ ကိုစတင်ရောပြီး..(၁၅) မိနစ်ခန်.အဖုံးပိတ်ပြီးချက်ပါတယ်...။

၂ မျိုးလုံး..အတန်သင့်..ပျော်ဝင်ပြီဆိုပါမှ...ခရမ်းကြွပ်သီး၊ ငရုတ်တောင့်ရှည်တွေရောပြီး...အရသာ ကိုစမ်းသပ်ကြည့်ပါတယ်..။

မျှစ်ချဉ်ပါတဲ့အတွက်ကြောင့်..တစ်ခြားအချဉ်အရသာဖြည့်စွက်စရာမလိုပဲ..
ချဉ်ပြုံးလေးအနေအထားမှာမှ...ပဲသွေးတုံးလေးတွေကိုရောထည့်ပြီး...မီးဖို
ပေါ်မှချရင်...ဆွမ်းလောင်းဖို.(သို.) အိမ်မှာစားသုံးနိုင်တဲ့...ဟင်းတစ်မယ်
ရရှိပါပြီ...။

ဓါတ်ပုံပို.ပေးလာတဲ့..ညီမလေး..Phyo Pyae ကိုကျေးဇူးအထူးတင်ရှိပါတယ်။

ပုစွန်ချဉ်သုပ်





ပုစွန်ချဉ်သုပ်
********

ပုစွန်ချဉ်....................၂ ထုပ်
ကြက်သွန်နီကြီးကြီး............၁ လုံး
ငရုတ်သီးစိမ်း....................၅ တောင့်
ကြက်သွန်မြိတ်+နံနံပင်.......အနည်းငယ်
ဆီ................................၃ ဇွန်း( ထမင်းစားဇွန်း)
ဆား+ဟင်းခတ်မှုန်...........အနည်းငယ်
ဂျူးမြစ်..........................အနည်းငယ်

ကြက်သွန်နီတွေကိုပါးပါးလှီးရေဆေးစစ်ထားပါ။

ဂျူးမြစ်တွေကိုလည်းလက်တစ်ဆစ်ခန်.အရွယ်လေးတွေလှီးပြီးရေဆေးပါ

ငရုတ်သီးစိမ်းကိုပါးပါးလှီး..ကြက်သွန်မြိတ်+နံနံပင်ကိုလည်း..ပါးပါးလှီးပါ။

ပုစွန်ချဉ်ကို ပါးပါးလှီး(သို.) ချေထည့်ပြီး..ပါဝင်ပစ္စည်းအားလုံးရောကာ..
ဖွဖွလေးနယ်ပေးပါ။

ငါးဖယ် ၊ ဒန်.သလွန်သီးနှင့်မုန်လာဥ ဟင်း




ငါးဖယ် ၊ ဒန်.သလွန်သီးနှင့်မုန်လာဥ ဟင်း
***************************

ဒီဟင်းပွဲကို...အချ ဉ်တွအများကြီးမထည့်သလို အရည်သောက်ပုံစံမျိုးလည်း
မဟုတ်ပဲ..အရည်အနည်းငယ်သာ ပါတဲ့ပုံစံလေးချက်ရင်..စားလို.မြိန်စေတဲ့
ဟင်းတစ်ခွက်ပါ။

ငါးဖယ် ............၁၅ ကျပ်သား
ဒန်.သလွန်........၅ တောင့်
မုန်လာဥဖြူ.ကြီးကြီး....၁ လုံး
ကြက်သွန်နီ.............၁ လုံး
ခရမ်းချဉ်သီး............၃ လုံး
ကြက်သွန်ဖြူ............၃ တက်
ငရုတ်စိမ်းတောင့်ရှည်...၂ တောင့်
ငါးငံပြာရည်+ ဟင်းခတ်မှုန်. ..သင့်ရုံ
နံနံပင်.............အနည်းငယ်

ကြက်သွန်နီ ၊ ဖြူ ကိုရောပြီးညှက်နေအောင်ထောင်းပါ။

ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလေး..စဉ်းပါ။

ငါးဖယ်ကိုတော့..အရသာအနည်းငယ်ထည့်ပြီး..နယ်ကာ ပေါက်ထားပါ။
ဆီ(သို.) ငံပြာရည်လေးဆွတ်ပြီးမိမိလိုချင်တဲ့ပုံစံအရွယ်လေးတွေအရံသင့်ပြု
လုပ်ထားပါ..။

ဒန်.သလွန်ကို အခွံတွေခြစ်ပြီး..၂ လက်မ အရှည်လောက်ပိုင်းဖြတ်ထားသလိ
မုန်လာဥကိုလည်းမိမိလိုချင်တဲ့..ပုံစံလေးလှီးထားပါ..။

ထောင်းထားတဲ့အရောကို အောက်ဆုံးမှာထားပြီး..ခရမ်းချဉ်သီး ၊ နနွင်း၊အရောင်တင်အနည်းငယ် ၊ဆီတို.နှင့်အတူ လုံးချက်ပုံစံလေးချက်ပါ။

အနှစ်ကျပြီဆိုရင်...ဒန်.သလွန်းသီးကိုစတင်ထည့်ပါ။ ဒန်.သလွန်အနည်းငယ်
အိသွားမှ..မုန်လာဥ ထည့်ပေါင်း ကာ..အဖုံးပိတ်ချက်ပါ။

တစ်ပွက်ဆူလာပြီဆိုရင်မန်ကျည်းသီးမှည့်လေးအနည်းငယ်ကို ရေဖျော်ပြီး
ထည့်ပါ (ပါသည်ဆိုရုံလေးပါ ..ဒန်.သလွန်သီးနှူး စေရန်သာ )

အသီး(၂) မျိုးလုံး နှူး ပြီဆိုမှ..ငါးဖယ်ဆုပ်လေးတွေထည့်ပါ။ ငါးငံပြာရည် ၊ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပြီး..ငရုတ်တောင့်ရှည်လေးတွေကိုခပ်
စောင်းစောင်းလေးလှီးထည့်ကာ..နံနံပင်လေးအုပ်ရင်..ရပါပြီ..။

ငရုတ်သီးဆားထောင်း(သို.) ကုလားအော်သီး(သို.) အာဝါးသီးငပိရည်လေးနဲ့အလိုက်ဖက်ဆုံးပါ..။

သုံးထပ်သားနှင့်သရက်သီးခြောက်ဟင်းလေးချက်




သုံးထပ်သားနှင့်သရက်သီးခြောက်ဟင်းလေးချက်
*******************************

ဝက်သားသုံးထပ်သား..........၅၀ ကျပ်သား
သရက်သီးခြောက်..............၇ ကျပ်သားခန်.
ကြက်သွန်နီ......................၃ လုံး
ကြက်သွန်ဖြူ.....................၃ တက်
ချင်းသေးသေး..................၁ တက်
ပဲငံပြာရည်အပျစ်...............အနည်းငယ်

ကြက်သွန်နီကိုပါးပါးလှီးပါ။

ချင်း + ကြက်သွန်ဖြူ ကို ရောပြီးညှက်နေအောင်ထောင်းပါ

ဝက်သားသုံးထပ်သားကို ရေဆေး ပြီးအနေတော်လေးတွေတုံးပါ။

ထောင်းထားသောအရော..ကြက်သွန်နီ ၊ ပဲငံပြာရည်အပျစ် ၊ နနွင်း ၊အရောင်
တင် ၊ ဆား ၊ သကြား ၊ ဟင်းခတ်မှုန်.တို.နဲ.အားလုံးရောနယ်ပြီး..လုံးချက်
ချက်ပေးပါ။

ထိုအချိန်အတွင်း..သရက်သီးအခြောက်တွေကို ရေစိမ်ထားပါ ။ သရက်သီးဖတ်တွေသိပ်ကြီးနေရင်...လှီးဖြတ်ထားပါ။

ဝက်သားတစ်ဝက်လောက်ကျက်ပြီဆိုတာနဲ..သရက်သီးခြောက်တွေထည်
ပေါင်းပြီး..နှူးအိ ပျော်ဝင်သွားသည်အထိ..မီးအေးအေးမှာအဖုံးပိတ်ချက်ပါ။

ဝက်သားသုပ်





ဝက်သားသုပ်
*********

ဝက်သား(ပေါင်သား ).......၃၀ ကျပ်သား
ကြက်သွန်နီ...................၁ လုံး
သခွားသီး.....................၁/၂ လုံး
ငရုတ်ဆီ......................၃ ဇွန်း( ထမင်းစားဇွန်း)
မန်ကျည်းမှည့်ရည်..........၁ ဇွန်း(..........။........)
ပဲငံပြာရည်အကြည်
သကြား
ဟင်းခတ်မှုန်.
နံနံပင်
ငရုတ်သီးလှော်မှုန်.

ဝက်ပေါင်သားတွေကို..ဆား ၊သကြားနဲ.အရသာနယ်ပြီး..ချင်းသးသေး၁တက်
ကိုဓါးပြားရိုက်ထည့်ကာ..ရေမြုပ် ရုံလေးထည့်ပြီး..ရေခမ်း၊ရွှေညိုရောင်လေး
သန်းလာသည်အထိပြုတ်ပေးပါ။

ရေခမ်းသွားပြီဆိုရင်...ဆီပူပူမှာခေတ္တသာထည့်ကြော်ပြီးအအေးခံထားပါ။

ကြက်သွန်နီ ကိုပါးပါးလှီးပြီးသခွားသီးကိုအမျှင်ပုံစံလေးတွေလှီးပါ။

ဝက်သားကိုလည်းပါးပါးလှီးကာ..ပါဝင်ပစ္စည်းအားလုံးနဲ.ရောနယ်ပါ။

နံနံပင်ဖြစ်စေ..ရှောက်ရွက်ဖြစ်စေ..မိမိနှစ်သက်ရာကိုပါးပါးလှီးထည့်ပေးနိုင်ပါတယ်...။

ကြက်သားနှင့်လက်ဖက်နှပ်ချက်




ဝက်သားနဲ.လက်ဖက်နှပ်ချက် ၊ ကြက်သားနဲ.လက်ဖက်နှပ်ချက်ဆိုတာ..
အခုနောက်ပိုင်းရေပန်းစားလာတဲ့..ဟင်းတစ်မျိုး ဖြစ်လိမ့်မယ်လို.ယူဆပါ
တယ်...။အခြားသောနိုင်ငံမှာနေပြီး..တတ်နိုင်သလောက်မြန်မာဟင်းတွေကို
လေ့လာပေမယ့်..အွန်လိုင်းပေါ်မှာမြန်မာဟင်းပြည့်ပြည့်စုံစုံလေ့လာဖို.တော့
ခက်ခဲနေပါသေးတယ်...။

ကျွန်တော့်ကိုယ်ပိုင် time line ကညီမလေးလဲဖြစ်..ဒီပေ့ခ်ျရဲ.၀ါသနာရှင်လည်း
ဖြစ်တဲ့...Myint Myint Kyi ဆီသေချာလေးလေ့လာမေးမြန်းပြီးမှ..ဝေမျှပါတယ်.။ကျွန်တာ့်အတွက်ကတော့
အသစ်ဖြစ်လို.နေပါတယ်..။

ကြက်သားနှင့်လက်ဖက်နှပ်ချက်
********************

ကြက်သား..............၅၀ကျပ်သား
ကြက်သွန်နီ............၃ လုံး
ချင်း+ကြက်သွန်ဖြူ....အနည်းငယ်
ဆား+ ဟင်းခတ်မှုန်...သင့်ရုံ
နနွင်း+အရောင်တင်...အနည်းငယ်စီ

လက်ဖက်ချဉ်စပ်နှပ်ရန်
**************
လက်ဖက်...............၁၅ ကျပ်သား
ငရုတ်သီးစိမ်း..........၁၀တောင့်
ကြက်သွန်ဖြူ............၅ တက်
သံပုရာသီး..............၂ လုံး
ဆား +ဟင်းခတ်မှုန်. ..လိုအပ်သလို
ဆီသန်.သန်. ...........၁ ခွက်(လက်ဖက်ရည်ပန်းကန်လုံး)

အထက်ပါဟင်းပွဲမချက်မှီ..လက်ဖက်ကိုကြိုပြီုးနှပ်ထားရပါမယ်..ဒီဟင်းပွဲအ
တွက်သာမက..အခြားနေရာများလည်းအသုံးပြုနိုင်ပါမယ်..။

လက်ဖက်အသား(အညွှန်.) တွေကိုရေဆေး (ခါးရည်ကုန်သည်အထိ) ပြီး
စစ်ထားပါ.။

ရေကိုပြောင်စင်နေအောင်ညှစ်ထုတ်ပါ( ရေကျန်ပါကလက်ဖက်များမှို လိုက်တတ်ပါသည်)

ဇလုံတစ်ခုထဲမှာ..ငရုတ်သီးစိမ်းပါးပါးလှီး ၊ ကြက်သွန်ဖြူ ထောင်း(သို.) ပါးပါး
လှီးတို.နဲ.အတူ ဆား + ဟင်းခတ်မှုန်. သံပုရာရည်တို.ထည့်ပြီး..သမအောင်
နယ်ပါ...။

နောက်ဆုံးဆီလောင်းထည့်ပြီး..နှံ.အောင်နယ်ကာ ပုလင်းလွတ်တစ်လုံးမှာ
ထည့်ပြီး(၃) ရက်ခန်.နှပ်ထားရင်းးစားသုံးဖို.အသင့်ဖြစ်တဲ့လက်ဖက်ချဉ်စပ်
လေးရပါပြီ...။

ချက်မယ်ဆိုရင်တော့..ကြက်သားကိုသန်.စင်ရေဆေးပြီး..အနေတော်အတုံးများတုံးကာကြက်သွန်နီ ၊ ထောင်းထားတဲ့ချင်း+ကြက်သွန်ဖြူ အရော ၊ ဆား+
ဟင်းခတ်မှုန်. ၊ နနွင်းအရောင်တင်တို.နှင့်လုံးချက်ချက်ပါ။

ဆီပြန်လာပြီဆိုမှရေအနည်းငယ်လိုက်ကာ..ကြက်သားတွေ၃ ပုံ ၂ ပုံနှူး လောက်ပြီဆိုမှ..နှပ်ထားတဲ့လက်ဖက်ချဉ်စပ်အရောကိုထည့်ပေါင်းပြီး
နှပ်ချက် ချက်ပါ။

ဆီကျန် ရေကျန် အနေအထားလေးမှာမီးဖိုပေါ်မှချကာ..သုံးဆောင်နိုင်ပါသည်။

Photo Credit ...Myint Myint Kyi.

သုံးထပ်သားအကြွပ်ကြော်





သုံးထပ်သားအကြွပ်ကြော်
****************

သုံးထပ်သား................၃၀ ကျပ်သားခန်.
ဆား..........................အနည်းငယ်
သကြားညို...................၁ ဇွန်းခွဲ ( ထမင်းစားဇွန်း)
ချင်း+ကြက်သွန်ဖြူ ..........အနည်းငယ်
ဝိုင်အရက်....................၁/၄ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)

သုံးထပ်သားကိုအနေတော်အတုံးငယ်လေးတွေတုံးပါ။

ချင်း +ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပါ။

ဝက်သားထဲသို.ထောင်းထားသောအရောရဲ.အရည်ကိုသာညှစ်ထည့်ပါ။

အခြားပါဝင်ပစ္စည်းအားလုံးရောထည့်နယ်ပြီး..၅ နာရီခန်. ရေခဲသေတ္တာပုံမှန်
အအေးခန်းမှာထားပါ။

ဆီမ် ားမ် ားမွာ..အနည်းငယ်ချင်းစီထည့်ပြီးရွှေအိုရောင်ရအောင်ကြော်ပါ။

မှတ်ချက် ။ သူငယ်ချင်းတွေဆုံတဲ့ပွဲအတွက်ဘီယာအမြည်းကြော်ပေးပါတယ်။

ငါးခေါင်းမျှစ်ချဉ်ပာင်းရည်







ငါးခေါင်းပာင်းရည်ဘယ်လိုချက်ရမလဲလို.မိတ်ဆွေတစ်ဦးကမေးလာပါတယ်..
မေးလာတဲ့မိတ်ဆွေရော..
သူငယ်ချင်းများအားလုံးအတွက်ပါ...ဝေမျှပေးလိုက်ပါတယ်။


ဒီချက်နည်းကတော့..ကျွန်တော်ကိုယ်ပိုင်ထွင်ထားတဲ့နည်းလမ်းပါ...တိုက်ဆိုင်တာရောကွဲပြားတာရောရှိနေနိုင်ပါတယ်...

ငါးခေါင်းမျှစ်ချဉ်ပာင်းရည်
****************

ငါးတန်ခေါင်း.............၁ ခု( ပါးပာပ်များထုတ်၊ ရေဆေးသန်.စင်ပြီးရင် ခပ်ကြီးကြီးအတုံးများရအောင်ပိုင်းပါ။

(ငါးခေါင်းပာင်းရည်မှာငါးတန်ခေါင်းကအကောင်းဆုံးဖြစ်ပါတယ် )

မျှစ်ချဉ်.................... ၃၀ ကျပ်သား
ကြက်သွန်နီ..............၂လုံး ( ၈ စိတ်ခွဲပါ)
ခရမ်းချဉ်သီး............. ၃ လုံး( ..... ။.....)
ပဲပြား.......................၂ တုံး ( ၁လက္မအရွယ်ပိုင်းဖြတ်ပါ)
စပါးလင်...................၂ ချောင်း( အဖြူရောင်အပိုင်းသာ. ရိုက်ပြားပြီးထုံးချည်ထားပါ)
ချင်း..........................၁ တက် ( ရိုက်ပြား )
ကြက်သွန်ဖြူ...............၅ တက် ( ....။......)
ပဒဲကော...................အသေး၁တက်( အခွံခွာပြီးပါးပါးလှီးပါ)
ရှမ်းနံနံ..................... ၃ပင် (ပါးပါးလှီး)
နံနံပင်.......................အနည်းငယ်..(အလှဆင်ရန်)
ကောက်ရိုးမှို (သို.)ငွေနှင်းမှို......အနည်းငယ် (သင့်တော်သလောက်ပိုင်းဖြတ်ပါ)
ငုံးဥ............................၂၀ လုံး( ပြုတ်ပြီးအခွံခွာထားပါ )
တုံယမ်းချဉ်စပ်တုံး..........၂ တုံး
ကြက်ပြုတ်ရည်.............၄ လီတာခန်.
ငရုတ်သီးစိမ်း...............နှစ်သက်သလောက်
တောရှောက်ခါး၇ွက်.......၄ ၇ွက်ခန်. (မရှိလည်းရ )

ပထမဆုံးဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့် ချင်း၊ ကြက်သွန်ဖြူ၊ ပဒဲကော ၊စပါးလင် တို.ကို တုံယမ်းချဉ်စပ်တုံး(၂) ခုနဲ.အတူဆီသတ်လိုက်ပါ...။နနွင်းမှုန်.
အနည်းငယ်နှင့်အရောင်တင်မှုန်.အနည်းငယ်ကိုလည်းထည့်ပေါင်းပါ...။

ပာင်းခတ်အမွှေးအကြိုင်တွေ..မွှေးလာပြီဆိုရင်..ငါးခေါင်းတွေကိုထည့်ပေါင်း
ပြီးဆီဆီသတ်ပေးပါ..တောရှောက်ခါးရွက်၅ရွက်လောက်ကိုလည်း...ဖဲ့ခြွေ
ထည့်ပေးပါ..။

ထို.နောက်မျှစ်ချဉ်တွေကိုရောထည့်ပြီး(၅)မိနစ်ခန်.လောက်လုံးချက်လိုက်ပါ.။

ပာင်းရည်တည်မည့်အိုးထဲသို.ပြောင်းရွှေ.ထည့်လိုက်ပြီး...ပဲပြားတုံး ၊ ငုံးဥ ၊မှို ကြက်ပြုတ်ရည်တို.ပေါင်းထည့်ပြီး.ငါးငံပြာရည်၊ ပာင်းခတ်မှုန်.၊ သကြား ၊ ရှောက်ရည်(သို.) သံပုရာရည်တို.ဖြင့်အရသာသွင်းပါ....။
မိမိနှစ်သက်သလောက်ငရုတ်သီးစိမ်းကိုလည်းဓါးပြားရိုက်ပြီးထည့်ပါ...။

တစ်ပွက်ဆူအောင်မီးပြင်းပြင်းဖြင့်အပူပေးပါ..ထွက်လာသောအညစ်အကြေးများ၊အမြှုပ်များကိုစစ်ထုတ်ပေးပါ..။

တစ်ပွက်ဆူလာလျှင်မီးကိုလျှော့ချပြီး..ကြက်သွန်နီ ၊ခရမ်းချဉ်သီး ၊ ရှမ်းနံနံတို.ကိုဖြည့်စွက်ပါ..။ နောက်ဆုံးငါးခေါင်းတွေနှုးအိပြီး ချိုချဉ်စပ်အရသာလေးရပြီဆိုရင်နံနံပင်လေးအလှဆင်ပြီးသုံးဆောင်နိုင်ပါ
သည်...။