Thursday, October 23, 2014

အိပ်ရာနိုးချိန် လှပလို သလား လှချင် ရင် ဒီ လိုလုပ်ကြည့်ပါ

အိပ်ရာနိုးချိန် လှပလို သလား လှချင် ရင် ဒီ လိုလုပ်ကြည့်ပါ ..............




ညဘက် အိပ်ရာ မဝင်ခင် အိမ်မှာ အလှ အပ ဆိုင်ရာ နည်းလမ်း တွေကို လုပ် ဆောင်ပေး ရင် အိပ်ရာ က နိုးထ လာတဲ့အခါ အသားအရေက ကြည်လင်လန်းဆန်း အား ပြည့်နေစေပါတယ်။
၁။ နံနက်ခင်းမှာ လှပကြည့်ကောင်းတဲ့ ဆံပင်လှိုင်းတွေ ရရှိစေဖို့ ညဘက်မအိပ် ခင်မှာ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ် သင့်ပါတယ်။
၂ ။ ညဘက် အိပ်စက်နေချိန်မှာ လှုပ် ရှားမှုကြောင့် မှောက်အိပ်မိသွားရင် မျက် နှာပေါ် အစင်းကြောင်း ထင်သွားနိုင်ပါ တယ်။ အဲဒီလို မဖြစ်အောင် ညဘက် အိပ်စက်ချိန်မှာ မျက်နှာပေါ် ပေါင်းတင် ကပ်ခွာ (Mask) အုပ်ထားပေးပါ။
၃။မျက်နှာရော ခန္ဓာကိုယ်အရေပြား ကိုပါ အစိုဓာတ်ထိန်းပေးပါ။ လက်တံ တောင်ဆစ်၊ ဒူးနဲ့ ခြေချောင်းတွေမှာ အစိုဓာတ်ထိန်းခရင်မ်ကို ပိုလိမ်းပေးသင့် ပါတယ်။
၎။ညဘက် အိပ်ရာမဝင်ခင်မှာ မျက် နှာကို သေချာသန့်စင်ပြီး အာဟာရဓာတ် ဖြည့်တင်းပေးမယ့် အဆီ(သံလွင်ဆီ၊ အ လှဆီ)တစ်မျိုးမျိုး လိမ်းပေးပါ။ နံနက်အိပ် ရာထချိန်မှာ အသားအရေချောမွေ့နေ ပါလိမ့်မယ်။
၅။နံနက်ခေါင်းလျှော်မယ်ဆိုရင် ည ကတည်းက ဆံပင်သားကို အုန်းဆီ၊ သံလွင် ဆီစတဲ့ ဆံပင်လိမ်းဆီတစ်မျိုးမျိုး လိမ်း ပေးပါ။ ဦးရေပြားထဲအထိ စိမ့်ဝင်အောင် လိမ်းပေးပြီး ခေါင်းစွပ်(Shower Cap) အုပ်ကာ အိပ်ရာဝင်ပါ။
၆။ခေါင်းအုံးစွပ်ကို လဲပါ။ အသားအ ရေနဲ့ ဆံပင်သားချောမွေ့စေဖို့ ပိုးသား ခေါင်းအုံးစွပ် စွပ်ကာ အိပ်ပါ။
၇။ညဘက် ရေချိုးတဲ့အခါ ခန္ဓာကိုယ် အရေပြားကို ဘရပ်ရှ်နုနုနဲ့ ပွတ်တိုက်ပေး ပါ။ ဒီလိုလုပ်ပြီး အိပ်ရာဝင်တဲ့အခါ နံနက် ခင်းမှာ အသားအရေက ချောမွေ့နေပါ လိမ့်မယ်။
Tip !
- မျက်နှာပေါ်က မိတ်ကပ်တွေကို မဖျက်ဘဲ ဘယ်တော့မှ အိပ်ရာမဝင်ပါနဲ့။
- အိပ်ရာဝင်ခါနီးမှာ သွားတိုက်တာနဲ့ လက်ဆေးတာတွေကို လုပ်ဆောင်ပေးပါ။
- မျက်နှာပေါ်က ဝက်ခြံတွေကို လက်နဲ့ မဖဲ့ဆိတ်မိစေဖို့ ဝက်ခြံပျောက် ဆေး လိမ်းထားသင့်ပါတယ်။

No comments:

Post a Comment