Chaw Su's Food Friendsさんが写真8枚を追加したで。
မုန်ညင်းချဉ်
(ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) စာမျက်နှာ 56- 57မှာ ပါပြီးသားလေးပါ။)
(ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) စာမျက်နှာ 56- 57မှာ ပါပြီးသားလေးပါ။)
**... မုန်ညင်းချဉ် လုပ်ဖို. လိုအပ်တာလေးတွေ…
1. မုန်ညင်း – ၁ စည်း (500 g)
2. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မုန်ညင်းနယ်ရန်)
3. ၂ လက်မ အရှည်ခန်.လှီးထားသော မုန်လာဥနီ – ထမင်းစားဇွန်း ၅ ဇွန်းခန်.
4. စမုံစပါးစေ့ (fennel seeds) – လက်ဖက်ရည်ဇွန်း တစ်ဝက် (မီးအေးအေးဖြင့် လှော်ပြီးထောင်းထားပါ။)
5. နံနံစေ့ (coriander seeds) – လက်ဖက်ရည်ဇွန်း တစ်ဝက် (မီးအေးအေးဖြင့် လှော်ပြီးထောင်းထားပါ။)
6. အရောင်တင်မှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
7. ငရုတ်သီး အကြမ်းမှုန်. - ထမင်းစားဇွန်း ၁ ဇွန်း
8. ကြေအောင်ထောင်းထားသော ကြံသကာ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
9. cooking wine – ထမင်းစားဇွန်း ၁ ဇွန်း
10. ထမင်းရည် – ထမင်းစားဇွန်း ၇ ဇွန်း (rice cooker နှင့် ချက်လျှင် ပုံမှန်ထည့်နေကြ ရေထက် ထမင်းစားဇွန်း ၁၀ ဇွန်းခန်. ပိုထည့်ကာ ဆူလာလျှင် ခပ်ထုတ်ထားပါ။)

ရေဆေးထားသော မုန်ညင်းများကို လင်ဗန်းထဲ ဖြန်.ပြီး နေပူပူထဲ ၁ နာရီခွဲခန်. (အောက်ပါပုံအတိုင်း နွမ်းသွားအောင်) လှမ်းပါ။
နွမ်းသွားလျှင် ဆား (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ဖြင့် နယ်ပြီး ၃ နာရီခန်.ထား ထားပါ။
ပြီးလျှင် အရည်များကို ဖြည်းဖြည်းချင်းညစ်ပါ။ (အရမ်းမနယ်ချေလိုက်ပါနှင့်။)
အရည်ညစ်ပြီးလျှင် ၂ လက်မ အရှည်ခန်. လှီးထားပါ။
အရည်ညစ်ပြီးလျှင် ၂ လက်မ အရှည်ခန်. လှီးထားပါ။
ထို.နောက် ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ကာနယ်ပေးပါ။
ပုလင်းသန်.သန်.ထဲ ထည့်ကာ (လေသလပ်စရာနေရာ မရှိအောင် ပုလင်းအပြည့် မုန်ညင်းထည့်နိုင်လျှင် ပိုကောင်းပါတယ်။) လေလုံအောင်ဖုံးပြီး အခန်းအပူရှိန်နှင့် ရာသီဥတု အပူအအေးပေါ် မူတည်ပြီး ၁၀ ရက် မှ ၁၅ ရက် ကြားထားပါ။ (ထိုအတောအတွင်း ပုလင်းဖုံးကို လုံးဝမဖွင့်ပါနှင့်။)
ပုလင်းအပြည့် မုန်ညင်းမထည့်နိုင်လျှင် တစ်နေ့တစ်ခါ ပုလင်းကိုစောင်းပေး၍ အပေါ်ဖက်မှ မုန်ညင်းများ အစိုဓါတ်ရစေရန်လုပ်ပေးပါ။
အရည်အနည်းငယ်ပိုထွက်လာကာ အောက်ပါပုံအတိုင်း မုန်ညင်းသားများစိုပြီး အနည်းငယ်ဖောင်းလာလျှင် မုန်ညင်းချဉ်လေးကို ကြိုက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:
Post a Comment