ချပါတီ
From Myanmar Online Encyclopedia
Jump to: အညွှန်း, ရှာဖွေရန်
ချပါတီသည် ကုလားအစားအစာမုန့် တစ်မျိုးဖြစ်သည်။[ပြင်ဆင်ရန်] ပါဝင် ပစ္စည်းများ
- ချပါတီလုပ်ဖို့ လိုအပ်သည့် ပစ္စည်းများမှာ -
- ဂျုံမှုန့် လက်ဖက်ရည် ပန်းကန်လုံး သုံးလုံး၊
- ဆီ သို့မဟုတ် ထောပတ် (ဂီး) စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊
- ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း (ဒိန်ချဉ်မသုံးချင်လျှင် စားဆိုဒါ လက်ဖက်ရည်ဇွန်းနှင့် ဇွန်းဖျားလေးယူပြီး ထည့်ပေးပါ)၊
- ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ရေနွေး လက်ဘက်ရည်ပန်းကန်လုံး တစ်လုံး။
[ပြင်ဆင်ရန်] လုပ်ပုံလုပ်နည်း
ဂျုံမှုန့်၊ ဆား၊ ဒိန်ချဉ်တို့ကို သမအောင် ရောပြီး ရေကို နည်းနည်းချင်းစီထည့်ကာ သမအောင် နယ်ပေးပါ။ ဂျုံနယ်သည့်အခါ ရေမများအောင် သတိထားပြီး ရေကို နည်းနည်းချင်း ဖျန်းဖျန်းပြီး နယ်ပေးပါ။ ဂျုံမှုန့်လုံးလေးတွေလို မြင်နေရမယ်ဆိုလျှင် နယ်တာ လိုသေးသည်၊ ရေနည်းနည်းဖျန်းပြီး အားလုံး သမ အောင် နယ်ပေးပါ။ ဂျုံက အနယ်နာလေ မုန့်သားကောင်းလေ ဖြစ်၍ ခပ်နာနာ နယ်ပေးနိုင်လေ မုန့်သားပိုပြီး ညက်ညက်အိအိလေး စားရမှာ ဖြစ်ပါသည်။နယ်ပြီးသားဂျုံကို ပိတ်ပါးစလေး ရေဆွတ် အုပ်ပေးထားပြီး နာရီဝက်မှ တစ်နာရီ ၂ နာရီ အကြာထိ နှပ်ထားပေးပါ။ နှပ်ပေးထားခြင်းဖြင့် မုန့်သားကို ပိုမိုနူးညံ့ကောင်းမွန်စေပါသည်။
ပြီးနောက် ဂျုံသားတွေကို ယူပြီး ဂေါက်သီးလုံးအရွယ် အလုံးလေးများ လုံးပါ။ ထိုဂျုံလေးများ အပေါ် ဂျုံမှုန့်လေးများ ဖြူးပေးပါ။ ဂျုံမှုန့်လေးတွေ ဖြူးပေးထားလျှင် မုန့်သားများ လေသလပ်ပြီး ခြောက်သွားမှာ မစိုးရတော့ပါ။
ပြီးနောက် ဂျုံလုံးလေးတွေကို တစ်လုံးချင်းစီယူပြီး ဒလိမ့်တုံးလေးနှင့် ဂျုံကိုပြားအောင် လှိမ့်ပေးပါ။ ဂျုံပြားရအောင် လှိမ့်သည့်အခါ အောက်ခံပြားတွင် ဂျုံများ ကပ်မနေရအောင် ဆီနည်းနည်းသုပ်ပေးပါ။ ဒလိမ့်တုံးမရှိရင် ပုလင်းကို အသုံးပြုပြီး လှိမ့်လို့ရသည်။ ချပါတီတစ်ခု၏ အရွယ်အစားကတော့ လက်ဖက်ရည်အချို အောက်ခံပန်းကန်ပြားအရွယ်လောက်ရှ
ဂျုံလုံးလေးကနေ ဂျုံပြားလေးတွေအဖြစ်ကို ရောက်လာပြီဆိုလျှင် ဒယ်ပြားဝိုင်းမှာ ဆီ/ထောပတ် (နှစ်သက်ရာကို အသုံးပြုနိုင်သည်။) အနည်းငယ် သုတ်ပြီး မီးဖိုပေါ်မှာ မီးအသင့်အတင့်ထားကာ ဒယ်ပြားဝိုင်းကို တင်ပေးပါ။ ဒယ်ပြားပူလာပြီဆိုလျှင် ဒယ်အိုးထဲ ဂျုံပြားလေးများ အသာထည့်ပေးပါ။ (မုန့်ကို အိုးကင်းပူတိုက်တဲ့သဘောဖြစ်သည်) မုန့်သားအရောင်ပြောင်းလာပြီဆို
No comments:
Post a Comment