Wednesday, October 29, 2014

အရေးကြုံလို့ သစ္စာဆိုမည်ကြံလျှင် "

အရေးကြုံလို့ သစ္စာဆိုမည်ကြံလျှင် "
★★★★★★★★★★★★★★★★
☼ သစ္စာတွင် အနန္တစွမ်းအားရှိ၏ သစ္စာက မစွမ်းဆောင်နိုင်သောအရာ မရှိသည်ကို စွဲမြဲစွာ ယုံကြည်ထားပါ ယုံကြည်သောစိတ်တွင် အနန္တစွမ်းအားရှိ၏ ။
သစ္စာနှင့်ပေါင်းစပ်လိုက်သည့်အခါ စိတ်၏စွမ်းရည်သည် ပိုထက်မြက်လာ၏ တဖန် ရတနာသုံးပါးသည် အနန္တကျေးဇူးရှင်...အနန္တဂုဏ်ရှင်များ ဖြစ်ကြ၏။

ထို့ကြောင့် -
☼ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ခံယူထားလျှင် သစ္စာ၏စွမ်းရည် ပို၍ ထက်မြက် လာ၏ ငါးပါးသီလသည်လည်း နတ်ဗြဟ္မာ ဘီလူး ဂဠုန် နဂါးတို့ ရိုသေ လေးစားရသော လက်နက်ထူးဖြစ်၏ သီလမြေပေါ်တွင် ရပ်တည်ပြီး သစ္စာပြုလျှင် ပို၍ အစွမ်းထက်၏။ဘုရားလောင်းငုံးမင်း၏
ဘုရားအလိုတော်ကျ လုပ်ထုံးလုပ်နည်းကိုလည်း အတုယူသင့်၏။
ဝဋ္ဋပရိတ်တော်၌
(၁) အတ္ထိလောကေသီလဂုဏော
လောက၌ သီလ၏ ဂုဏ်ကျေးဇူးသည် ရှိ၏ သီလ၏ စွမ်းအားကို သိပါ
(၂) သောစေယျ
စင်ကြယ်မြင့်မြတ်သောစိတ်တည်ကြည်သောစိတ်၏ စွမ်းအားကို သိပါ
(၃) အနုဒ္ဒယာ
မေတ္တာ ကရုဏာ နှင့် ကိုယ်ချင်းစာသောစိတ်ရှိပါ
(၄) သစ္စံ
သစ္စာ၏စွမ်းအားကို အသုံးပြုလိုသောစိတ် အားကိုးလိုသောစိတ် ထက်သန်လာအောင် သစ္စာ၏စွမ်းအားကို ကြိုတင်သိထားရ၏
သစ္စာဆိုနိုင်ရန်အတွက်လည်း ကျင့်ဝတ်တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ထားသင့်၏
(၅) အာဝဇ္ဇေတွာဓမ္မဗလံ
နိဗ္ဗာန်သို့ဆိုက်ရောက်သည်အထိ ပို့ဆောင်ပေးနေသောတရားတော်၏ အတု မရှိကြီးမားသော စွမ်းအားကိုလည်း သိရှိထားရ၏
(၆) သရိတွာပုဗ္ဗကေဇိနေ
ထိုတရားလမ်းစဉ်ဖြင့် ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်သွားကြကုန်သော ဘုရား အဆူဆူတို့၏ ဂုဏ်ကျေးဇူ့များကိုလည်း ဆင်ခြင်ကာ သိထားရ၏ ...
(၇) သစ္စဗလမ၀ဿာယ သစ္စကိရိယမကာသဟံ
သစ္စာ၏ စွမ်းအားကို ထောက်တည်မှီခိုပြီး သစ္စာပြုပါလော့
သို့ဖြစ်၍
သစ္စာမဆိုခင်ကတည်းက သီလ၏စွမ်းအား ဖြူစင်တည် ကြည်သော စိတ်၏စွမ်းအား မေတ္တာကရုဏာနှင့်ယှဉ်သောစိတ်၏စွမ်းအား သစ္စာ၏စွမ်းအား တရားတော်၏စွမ်းအား နှင့် ဘုရားရှင်အဆူဆူတို့၏ ဂုဏ်ကျေးဇူးများကို ကြိုတင်သိထားအောင် ယုံကြည်လာအောင် အား ကိုးချင်လာအောင် ဆင်ခြင်နှလုံးသွင်းပါ သစ္စာဆိုရန် အသုံးပြုနိုင်မည့် ကျင့်ဝတ်တစ်ခုခုကိုလည်း ၀တ်ထား၍ အမြဲ မပြတ်ပြုလုပ်ပါ။
ဥပမာ
သီလ တစ်ပါး , နှစ်ပါး တတ်နိုင်လျှင် ငါးပါးကို ဆောက်တည်ခြင်း နေ့စဉ် မှန်မှန် ဂုဏ်တော် ရွတ်ခြင်း , မေတ္တာပို့ခြင်း ဆွမ်း ပန်း ရေချမ်း ကပ်လျှူခြင်း သတ်မှတ်ရက်များ၌ ပဋ္ဌာန်းရွတ်ခြင်း စသည့်ကောင်းမှုတစ်ခုခု ကို မပျက်မကွက်လုပ်ဆောင်ပါ။
ထို့နောက် -
သေရေးရှင်ရေးအကျပ်အတည်းတစ်ခုခု ကြုံတွေ့၍ သစ္စာဆိုတော့မည်ကြံလျှင်
(၁) သရဏဂုံ နှင့် ငါးပါးသီလကိုခံယူပါ။
"အကျွန်ုပ်သည် ယခုအချိန်မှစ၍ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ခံယူဆောက်တည်ပါ၏" ... ဟု နုလုံးသွင်းလိုက်လျှင် (သို့) နှုတ်မှ ရွတ်ဆို လိုက်လျှင် ကိစ္စပြီးမြောက်၏။
(၂) ဘုရားဂုဏ်တော် တရားဂုဏ်တော် သစ္စာဂုဏ်တို့ကို ဆင်ခြင်လိုက်ပါ။
(၃) ကိုယ်စောင့်နတ်မှစ၍ နတ်ကောင်းနတ်မြတ်များနှင့်သတ္တ၀ါများ ဘေး ရန်ကင်း၍ ကျန်းမာချမ်းသာကြပါစေဟု အတိုကောက် မေတ္တာပို့သပါ။
(၄) မိမိအမြဲမပြတ် မှန်မှန်ပြုခဲ့သောကောင်းမှုကို အကြောင်းခံပြုပြီး မိမိ အလိုရှိသည်ကို သစ္စာဆိုပါ။
အောင်မြင်ရမည်ဟု ယုံယုံကြည်ကြည်ဖြင့် သစ္စာဆိုပါ။
(Dr; Mintinmon)
ဓမ္မမိတ်ဆွေသူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ။
( နှလုံးသား၏ ဓမ္မသံစဉ် )

သေရေးရှင်ရေးအကျပ်အတည်းတစ်ခုခု ကြုံတွေ့၍ သစ္စာဆိုတော့မည်ကြံလျှင်
(၁) သရဏဂုံ နှင့် ငါးပါးသီလကိုခံယူပါ။
"အကျွန်ုပ်သည် ယခုအချိန်မှစ၍ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ခံယူဆောက်တည်ပါ၏" ... ဟု နုလုံးသွင်းလိုက်လျှင် (သို့) နှုတ်မှ ရွတ်ဆို လိုက်လျှင် ကိစ္စပြီးမြောက်၏။
(၂) ဘုရားဂုဏ်တော် တရားဂုဏ်တော် သစ္စာဂုဏ်တို့ကို ဆင်ခြင်လိုက်ပါ။
(၃) ကိုယ်စောင့်နတ်မှစ၍ နတ်ကောင်းနတ်မြတ်များနှင့်သတ္တ၀ါများ ဘေး ရန်ကင်း၍ ကျန်းမာချမ်းသာကြပါစေဟု အတိုကောက် မေတ္တာပို့သပါ။
(၄) မိမိအမြဲမပြတ် မှန်မှန်ပြုခဲ့သောကောင်းမှုကို အကြောင်းခံပြုပြီး မိမိ အလိုရှိသည်ကို သစ္စာဆိုပါ။
အောင်မြင်ရမည်ဟု ယုံယုံကြည်ကြည်ဖြင့် သစ္စာဆိုပါ။
(Dr; Mintinmon)

No comments:

Post a Comment