Thursday, October 30, 2014

သုံးထပ်သားနှင့်သရက်သီးခြောက်ဟင်းလေးချက်




သုံးထပ်သားနှင့်သရက်သီးခြောက်ဟင်းလေးချက်
*******************************

ဝက်သားသုံးထပ်သား..........၅၀ ကျပ်သား
သရက်သီးခြောက်..............၇ ကျပ်သားခန်.
ကြက်သွန်နီ......................၃ လုံး
ကြက်သွန်ဖြူ.....................၃ တက်
ချင်းသေးသေး..................၁ တက်
ပဲငံပြာရည်အပျစ်...............အနည်းငယ်

ကြက်သွန်နီကိုပါးပါးလှီးပါ။

ချင်း + ကြက်သွန်ဖြူ ကို ရောပြီးညှက်နေအောင်ထောင်းပါ

ဝက်သားသုံးထပ်သားကို ရေဆေး ပြီးအနေတော်လေးတွေတုံးပါ။

ထောင်းထားသောအရော..ကြက်သွန်နီ ၊ ပဲငံပြာရည်အပျစ် ၊ နနွင်း ၊အရောင်
တင် ၊ ဆား ၊ သကြား ၊ ဟင်းခတ်မှုန်.တို.နဲ.အားလုံးရောနယ်ပြီး..လုံးချက်
ချက်ပေးပါ။

ထိုအချိန်အတွင်း..သရက်သီးအခြောက်တွေကို ရေစိမ်ထားပါ ။ သရက်သီးဖတ်တွေသိပ်ကြီးနေရင်...လှီးဖြတ်ထားပါ။

ဝက်သားတစ်ဝက်လောက်ကျက်ပြီဆိုတာနဲ..သရက်သီးခြောက်တွေထည်
ပေါင်းပြီး..နှူးအိ ပျော်ဝင်သွားသည်အထိ..မီးအေးအေးမှာအဖုံးပိတ်ချက်ပါ။

No comments:

Post a Comment