Wednesday, October 29, 2014

ဝက်သားနှင့်ဘိုကိတ်ပဲနှပ်





ဝက်သားနှင့်ဘိုကိတ်ပဲနှပ်
****************

ဝက်ပေါင်သား.................၄၀ ကျပ်သား
ဘိုကိတ်ပဲစိမ်း..................၁ ဗူး
ကြက်သွန်နီ.................... ၃လုံး
ကြက်သွန်ဖြူ..................၃ တက်
ချင်းသေးသေး................၁ တက်
သကြား.........................၁ဇွန်း(ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည်............၂ ဇွန်း
ပဲငံပြာရည်အပျစ်...............၁ ဇွန်း
ဆား+ပာင်းခတ်မှုန်. ..........အနည်းငယ်

ဝက်သားတွေကိုရေဆေးသန်.စင်ပြီး ၁လက်မခွဲအရွယ်လောက်တုံးထားပါ။

ကြက်သွန်နီကိုပါးပါးလှီးပါ။

ကြက်သွန်ဖြူ ၊ချင်းကို ရောပြီးညှက်နေအောင်ထောင်းပါ

ဒယ်အိုးတစ်လုံးမှာ ဆီ၂ ဇွန်းခန်.လောက်ကိုအပူပေးပြီးတုံးထားတဲ့ဝက်သား
တွေကို နနွင်းမှုန်.အနည်းငယ်လေးနှင့်အတူ ရွှေအိုရောင်ရအောင်ကြော်ပါ။

ဝက်သားတွေရွှေအိုရောင်ရပြီဆို ထောင်းထားသောအရောကို ဦးစွာထည့်ပါ။
ထို.နောက်ကြက်သွန်ထပ်ပေါင်းထည့်ပြီးတာနဲ. သကြား၊ ဆား၊ ပဲငံပြာရည်အပျစ်တို.ကို ဆက်တိုက်ထည့်ပေးပါ။

ကြက်သွန်နီတွေနွမ်းပြီး..၀က်သားနဲ.တစ်သားတည်းဖြစ်ပြီဆိုမှ...ရေအနည်း
ငယ်ဝိုက်ထည့်ကာအဖုံးပိတ်ပြီး...ချက်ပါ။
( ရေတွေအပြည့်ထည့်ပြီးပစ်ထားတဲ့ချက်နည်းမျိုးကိုမသုံးပါနှင့် )
ရေခမ်းလိုက်..အနည်းငယ်ထပ်မံဖြည့်စွက်လိုက်၊ ဆီပြန်လိုက် ဒီလိုနည်းမျိုးကိုအသုံးပြုပါ)

ပဲငံပြာရည်အကြည်လေးလည်းဖြည့်စွက်ပါ။

ဝက်သားတွေ ၄ ပုံ ၃ ပုံလောက်နှူးအိပြီဆိုမှ..ဘိုကိတ်ပဲတွေထည့်ပြီး..
ဆီပြန်အောင်နှပ်ပေးပါ။

No comments:

Post a Comment