Wednesday, October 29, 2014

မြစ်ငါးတန်ဆီပြန်




မြစ်ငါးတန်ဆီပြန်
***********

ဒီနေ. မြစ်ငါးတန်ကို မန်းကျည်းမှည့်လေးထည့်ပြီးဆီပြန်ချက်ပါမယ်...။

မြစ်ငါးတန်အသား............. ၄၀ ကျပ်သား
ကြက်သွန်နီ......................၁ လုံး
ခရမ်းချဉ်သီး.....................၃ လုံး ( ပါးပါးလှီး)
ကြက်သွန်ဖြူ.....................၅ တက်
ငရုတ်ခြောက်တောင့်...........၅ တောင့်
မန်ကျည်းသီးမှည့်အနှစ်.......၂ ဇွန်းခန်.( ထမင်းစားဇွန်း)
နနွင်းမှုန်. + အရောင်တင်မှုန်. .အနည်းငယ်စီ
ရှမ်းနံနံ...........................၄ ပင်
ဆား...............................၁ ဇွန်း ( ထမင်းစားဇွန်း)
ပာင်းခတ်မှုန်. ..................အနည်းငယ်

မြစ်ငါးတန်သားတွေကို ၁ လက္မအရွယ်လောက်တုံးပြီးဆားဇွန်းတစ်ဝက်ခန်.
ဖြင့်နယ်ပြီးနှပ်ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးခြောက်တောင့်တွေကိုညှက်နေအောင်
ထောင်းထားပါ။

ပာင်းအိုးစတင်မပြင်ဆင်မှီဆားနယ်ထားတဲ့ ငါးတွေကိုရေပြန်ဆေးပြီးရေစစ
ထားပါ။ ဒီလိုဆားနယ်ထားခြင်းက ငါးအသားကို တင်းစေပြီးချက်တဲ့အခါ
ကြေမွမှုကိုလည်းကာကွယ်ပေးပါတယ်..။

ဒယ်အိုးတစ်လုံးမှာ..ထောင်းထားသောကြက်သွန်၊ ငရုတ်သီး၊ နနွင်းမှုန်.၊
အရောင်တင်မှုန်.၊ လက်ကျန်ဆား၊ ပာင်းခတ်မှုန်.တို.ကိုအောက်ဆုံးမှ
ထည့်ပါ။

ပါးပါးလှီးထားသောခရမ်းချဉ်သီးများဖြင့် ဖုံးအုပ်ပြီးပါက ဆီ၂ ဇွန်းခန်.ထည့်
ပါ။ထို.နောက်ပာင်းအို.ပတ်ပတ်လည်ကိုရေအနည်းငယ်ဝိုက်ထည့်ပြီး..
ဖွင့်ကြည့်စရာမလို ၊ မွှေပေးစရာမလိုလောက်တဲ့..မီးအေးအေးမှာအဖုံးပိတ်
ချက်ပါ။

(၁၀) မိနစ်လောက်ကြာလာလျှင်ရေခမ်းပြီးအနှစ်ကျလာသလို ဆီလည်းပြန်
လာပါလိမ့်မည်။ ထိုအချိန်မှ..ရေဆေးထားတဲ့ငါးအသားတွေကို ပေါင်းထည့်
ပြီး..ပာင်းချက်ဇွန်းဖြင့်ဖြည်းညှင်းစွာမွှေပေးပါ။

မန်ကျည်းမှည့်ရည်လေးကိုဖျော်ထည့်ပြီးရေပြန်ခမ်းကာဆီပြန်လာသည်
အထိပြန်ချက်ပေးပါ။

နောက်ဆုံးပါးပါးလှီးထားတဲ့ရှမ်းနံနံလေးတွေအုပ်ပေးလိုက်ရင်..အရသာထူး
ခြားတဲ့ မြစ်ငါးတန်ဆီပြန်ချက်လေးသုံးဆောင်နိုင်ပါပြီ...။

No comments:

Post a Comment