Sunday, October 26, 2014

ကော်ဖီနဲ့ ရေနွေး ဖျော်သောက်တဲ့အခါ

ကော်ဖီနဲ့ ရေနွေး ဖျော်သောက်တဲ့အခါ

作成: Health Articles 日時: 2012年6月18日 12:21 ·

ဧပြီ ၄ ရက်၊ ၂၀၁၂ ခုနှစ်ထုတ် Shade ဂျာနယ်ပေးစာကဏ္ဍမှ ဆရာတင်လင်းဇော်ရဲ့ မေးမြန်းချက်ကို ကျွန်တော့်ရဲ့ ဆေးပညာရှုထောင့်အမြင်မှ ပြန်လည် ဖြေကြားလိုပါတယ်။

 ဆရာရဲ့ ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါ-

(၁) မိတ်ဆွေအိမ်က ကော်ဖီမစ်နဲ့ ဧည့်ခံတယ်။

 (၂) ကော်ဖီမစ်ကို ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်တယ်။

 (၃) ဓာတ်ဘူးထဲက ရေနွေးက အေးနေလို့ ကော်ဖီမစ် မပျော်ဘူး။

 (၄) ကော်ဖီမစ်ဖျော်ထားတဲ့ခွက်ကို ကွိုင် (လျှပ်စစ်) မီးဖိုနဲ့ ထပ်အပူပေးတယ်။

 (၅) အပူလွန်ပြီး ကော်ဖီမစ်တစ်ဝက် ခမ်းသွားတယ်။

 (၆) ညနေ (၆) နာရီက သောက်ပြီး ပြန်လာခဲ့တယ်။ ညတစ်နာရီခွဲခန့်မှာ ထအန်တယ်။ ဗိုက်ထဲရှိသမျှအစာ အကုန် အန်ထွက်သွားတယ်။

 (၇) နောက်နေ့မှာ မိတ်ဆွေကို ပြောပြတော့ သောက်သွားတဲ့ ကော်ဖီမစ်ကြောင့် ဖြစ်တယ်ထင်တယ်လို့ ယူဆပါတယ်။ အဲဒီအထင် မှန်/မမှန် ထင်ခြင်ချက် တောင်းတယ်လို့ ယူဆပါတယ်။

 (၁) ကော်မီမစ်အကြောင်း ပြောလိုပါတယ်။ ကော်ဖီဆိုတာ အတော်အသင့်သောက်ရင် ကောင်းကျိုးတွေရှိလို့ တစ်ကမ္ဘာလုံးက လက်ခံထားပါတယ်။ ဒါပေမယ့် ကော်ဖီမစ်ကတော့ တစ်ကမ္ဘာလုံး လက်ခံတဲ့အနေအထားမှာ မရှိပါဘူး။ ဓာတုဗေဒပစ္စည်းတွေ ရောနှောပါဝင်တာ သေချာပါတယ်။ ဒီနှစ်မတ်လထုတ် ဇီဝကကျန်းမာရေးမဂ္ဂဇင်းကို ဆရာကြီး Dr.ခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး) က ဆွေးနွေးခန်းမှာ Chemical Dye လို့ ခေါ်ပေမယ့် ဓာတုဆိုးဆေးတွေ အများကြီး သုံးနေကြတယ်။ ကော်ဖီမစ်တွေမှာ ကော်ဖီမှုန့် ပါချင်မှပါမှာ။ ကျွန်တော့်တပည့်တွေဆိုရင် ကော်ဖီမစ်သောက်ပြီး ရင်တွေဘာတွေ တုန်လို့၊ ကော်ဖီပါရင် ဘယ်လိုလုပ် မြန်မာငွေကျပ် ၅၀ နဲ့ ရောင်းနိုင်မှာလဲ။ ကြိုက်တဲ့၊ လိုချင်တဲ့အနံ့ကို လန်ဒန်မှာ ကုမ္ပဏီတစ်ခု ရှိတယ်။ ပို့လိုက်လို့ တစ်လကြာရင် လိုချင်တဲ့ပုံစံ ရလာတယ်။ အဲဒီတော့ အစားအစာတွေ၊ ဖျော်ရည်တွေ၊ လက်ဖက်တွေအားလုံး ဆိုးဆေးတွေချည်းပဲ ဖြစ်လို့ အစားအသောက်သန့်ရှင်းမှု (Food Hygiene) နဲ့ ပတ်သက်လို့ ကျွန်တော်တို့တစ်တွေ အများကြီး ပြုပြင်ဖို့ လိုပါသေးတယ်လို့ ပြောချင်ပါတယ်။ ဒါက ဆရာကြီး ဦးခင်မောင်ဝင်းရဲ့ ဟောပြောချက်ပါ။

 (၂) ကျွန်တော်ရဲ့ တိုင်းရင်းဆေးပညာ ရှုထောင့်အမြင်ကတော့ ဖျော်တိုက်တဲ့ ရေနွေးကြမ်းအကြောင်း ပြောချင်ပါတယ်။ ရေကို အနောက်တိုင်းကတော့ H2O ပဲ သိကြပါတယ်။ တိုင်းရင်းဆေးမှာတော့ ရေအမျိုးမျိုး ရှိပါတယ်။ ရေအေး၊ ရေနွေး၊ သောက်တော်ရေ၊ ပရိတ်ရေ၊ မိုးရေ၊ မိုးခါးရေ၊ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ ရေနီ၊ ရေပြာ၊ ရေဝါ၊ ရေသေ၊ ရေရှင် စသည်ဖြင့် ရေအမျိုးမျိုး၊ ဂုဏ်သတ္တိအမျိုးမျိုး ရှိပါတယ်။ ဒီရေတွေကြောင့် ကျန်းမာတာ၊ မကျန်းမာတာတွေ ဖြစ်နိုင်ပါတယ်။ ရေကို မီးနဲ့ အပူပေးလိုက်တဲ့အခါ ပွက်ပွက်ဆူသွားရင် ရေနွေးလို့ ခေါ်ပါတယ်။ ဒီရေထဲမှာ ဥဏှတေဇောဓာတ် ရှိနေတယ်။ ဒီဓါတ်က ဝမ်းမီးတောက်ပြီး အစာကြေစေတဲ့ ဓါတ်ပါ။ အဲဒီရေနွေးက အအေးခံထားရင် ရေကျက်အေး ဖြစ်သွားပါတယ်။ ပိုးမွှားကင်းစင်ပြီး ဝမ်းကိုထိန်းပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ကာကွယ်ပါတယ်။ ဒါပေမယ့် ခေတ်ပေါ်ဓာတ်ဘူးမှာ ရေနွေးကို လှောင်ထားတဲ့အခါ အတွင်းက တေဇောဓာတ် ရှိနေသမျှ ရေနွေး ဖြစ်နေပါတယ်။ ဓာတ်ဘူးထဲမှာ အချိန်ကြာတော့ တေဇောပါ ပျက်သွားပါတယ်။ ဒီရေနွေး အအေးကို မသောက်သင့်ပါဘူး။ လှောင်ပြီး ဓာတ်ပျက်သွားတဲ့ ရေနွေးပျက်ဖြစ်သွားတဲ့ အတွက် သောက်ရင် အစာအိမ်ကို ဒုက္ခပေးပြီ လေကိုအန်စေနိုင်ပါတယ်။ ဓာတ်ဘူးထဲမှာ အေးနေတဲ့ ရေနွေးပျက်ကိုသောက်ရင် အန်တတ်ပါတယ်။ ပြန်နွေးပြီး သောက်ရင် ပိုဆိုးပါတယ်။ ဓာတ်ပျက်ပြီးသား ရေနွေးကို အပူပြန်ပေးရင် တေဇောလွန်၊ ဝါယာပျက်ပြီး သောက်သုံးသူကို အဆိပ် ဖြစ်စေနိုင်ပါတယ်။ အချို့လူတွေ ဓာတ်ဘူးထဲမှာ လက်ဖက်ခြောက်ထားပြီးသား ရေနွေးကို ညသိပ်ထားပြီးနောက် အမှတ်မထင် သောက်မိတတ်ပါတယ်။ “ရေနွေးညသိပ် အဆိပ်ထက်ပြင်း” လို့ သိမ်ဖြူဆရာတော်ကြီးက အာယုဗ္ဗေဒ သင်ခန်းစာမှာ ပြောဖူးပါတယ်။ အစာအိမ်မှာ အဆိပ်ဖြစ်ပြီး အော့အန်ခြင်း ဖြစ်စေနိုင်ပါတယ်။ ရေနွေးကို ဓာတ်ဘူးနဲ့ ထည့်သောက်သူများ သတိထားစေချင်ပါတယ်။
 နောက်ဆုံး တင်ပြလိုတာကတော့-

 (၁) ကော်ဖီဖျော်ရင် ချက်ခြင်း တည်ထားတဲ့ ရေနွေးနဲ့ဖျော်ပါ။

 (၂) ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်ရင် ၆ နာရီထက်ကျော်ပြီး ဓာတ်ဘူးထဲမှာ လှောင်ထားတဲ့ ရေနွေးကို မသုံးသင့်ပါ။

 (၃) ဓာတ်ဘူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲ့။

 (၄) ညသိပ် ရေနွေး၊ ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်နိုင်ပါတယ်။

 (၅) ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေး မသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။

 အထက်ပါ အယူအဆတွေဟာ မလွဲနိုင်တဲ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါတယ။


ြ ကည်လွင်မြင့်(မုဒြာ)

Ref: Shade The Mandalay Hill
Source: http://news.yatanarpon.com.mm/news/article-57528

No comments:

Post a Comment