Thursday, November 27, 2014

ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို

ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို
ကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။
ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။ အဲဒါတွေကို ကုသမှုမခံယူရင် အ မျိုးအစား (၂) ဆီးချို ရောဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။
ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေတယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ ကညွတ်အနှစ်ပမာဏများစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို ထိရောက်စွာ အကျိုးရှိနိုင်တယ် လို့ သိရပါတယ်။

ကြက်မောက်သီးမှ ပေးသော ကျန်းမာရေး အကျိုးကျေးဇူး

YoYarLayさんはRithar Basnetさん、他4人と一緒やねん
ကြက်မောက်သီးမှ ပေးသော ကျန်းမာရေး အကျိုးကျေးဇူး
ကြက်မောက်သီးဟာ ချိုတဲ့ အရသာရှိလို့ လူတိုင်းနီးပါး ကြိုက်မယ်လို့ ထင်ပါတယ်။ ၎င်းအသီးဟာ ဆေးဖက်ဝင် အသီးတစ်ခုလို့ ဆိုရလောက်အောင် ကျန်းမာရေး အတွက် အတော်လေး အထောက်အကူ ပြုပါတယ်။
ကြက်မောက်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်တဲ့ အပြင် ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိများစွာ ပါရှိပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေပြီး ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်း ရောဂါများ အတွက် အထူးပင် ကောင်းမွန်ပါတယ်။
ဒါ့အပြင် အသားအရည် အတွက် ကောင်းမွန်စေတဲ့ ဆေးစွမ်းတစ်လက ဖြစ်ပါတယ်။ အာဟာရ ဓာတ်များကို ပေးစွမ်းပြီး မောပန်းနေချိန်မှာ စားသင့်တဲ့ အသီးတစ်မျိုး ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကြက်မောက် သီးဟာ ဆေးဖက်ဝင် အစားအစာ တစ်ခုဖြစ်လို့ မှီဝဲပေးသင့်ပါကြောင်း တိုက်တွန်း ပါရစေ။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Computer keyboard shortcut key များအကြောင်း သိကောင်းစရာ

YoYarLayさんはJulia Mayさん、他19人と一緒やねん
Computer keyboard shortcut key များအကြောင်း သိကောင်းစရာ
ကွန်ပျူတာကို သုံးနေကြသူတိုင်း ဒီနည်းလမ်းလေး တွေကို သိထား သင့်ပါတယ်။
Shortcut key များဟာ အလုပ်လုပ်တဲ့ အခါမှာ လွယ်ကူ ထိရောက်စေပြီး ပိုမိုလည်း
မြန်ဆန်စေ ပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ အကုန်မမှတ်နိုင်ဘူး ဆိုရင် ဖော်ပြပါ
shortcut key တွေကို ကွန်ပျူတာ သုံးတဲ့ အခါမှာ အနီးဆုံး နေရာတွင် Print ထုတ်ပြီး
ကပ်ထားဖို့ တိုက်တွန်းပါရစေ။
ကီးများ ဖော်ပြချက်များ
Alt + F File menu options in current program
Alt + E Edit options in current program
Alt + Tab Switch between open programs
F1 Universal Help in almost every Windows program.
F2 Rename a selected file
F5 Refresh the current program window
Ctrl + N Create a new, blank document in some software programs
Ctrl + O Open a file in current software program
Ctrl + A Select all text.
Ctrl + B Change selected text to be Bold
Ctrl + I Change selected text to be in Italics
Ctrl + U Change selected text to be Underlined
Ctrl + F Open find window for current document or window.
Ctrl + S Save current document file.
Ctrl + X Cut selected item.
Shift + Del Cut selected item.
Ctrl + C Copy selected item.
Ctrl + Ins Copy selected item
Ctrl + V Paste
Shift + Ins Paste
Ctrl + K Insert hyperlink for selected text
Ctrl + P Print the current page or document.
Home Goes to beginning of current line.
Ctrl + Home Goes to beginning of document.
End Goes to end of current line.
Ctrl + End Goes to end of document.
Shift + Home Highlights from current position to beginning of line.
Shift + End Highlights from current position to end of line.
Ctrl + Left arrow Moves one word to the left at a time.
Ctrl + Right arrow Moves one word to the right at a time.
Ctrl + Esc Opens the START menu
Ctrl + Shift + Esc Opens Windows Task Manager
Alt + F4 Close the currently active program
Alt + Enter Open the Properties for the selected item (file, folder, shortcut, etc.)
Ref- computerhope
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ

YoYarLayさんはIris Maungさん、他17人と一緒やねん
ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ
ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။
အသုံးပြုပုံလေးကတော့
နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေး ခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေ ပါတယ်။
Ref- healthnew
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Wednesday, November 26, 2014

အလွန်အဖိုးတန်သော မြန်မာ့ဆေးမြီးတိုနည်းများ

အလွန်အဖိုးတန်သော မြန်မာ့ဆေးမြီးတိုနည်းများ
--------------------------------------------------------
(၁) အပူလောင်လျှင်
ရေနွေးပူ၊ မီးပူ၊ ဆီပူများလောင်လျှင် ကြက်ဥတစ်လုံးကို ဖောက်၍ ကြက်ဥအကာဖြင့် အပူလောင်သည့်ဒဏ်ရာပေါ်ကို သုတ်လိမ်းပေးပါက ချက်ချင်းသက်သာစေပြီး အမာရွတ်၊ ဒဏ်ရာ၊ အရေကြည်ဖုများ လုံးဝမပေါ်ပဲ ပျောက်ကင်းစေပါသည်။
(၂) ကြွက်နို့ပေါက်လျှင်
ချင်းတက်ကို ထိပ်မှ ဓါးဖြင့် လှီးဖြတ်၍ ၄င်းဖြတ်ထားသောနေရာမှာ ထုံးဖြူ သုတ်လိမ်း၍ ကြွက်နို့ပေါ်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ချင်းနှင့်ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့အမြှစ်ပြတ်အောင် တိုက်စားသွားပါလိမ့်မည်။
(၃) ကိုက်ခဲညောင်းညာနေလျှင်
မိဿလင်နှင့်ချင်း(ဂျင်း)တို့ကို ဆတူရောကြိတ်၍ (ညက်နေအောင် ထောင်း၍) မီးတောက်အရက်ခေါ် အရက်ဦးရည်နှင့် ပုလင်းတစ်လုံးထဲတွင် ထည့်၍ အဖုံးကို သေချာလုံအောင်ပိတ်၍ စိမ်ထားပါ။ ၃ ပတ်ခန့် စိမ်ထားပြီးလျှင် စတင်၍ လိမ်းနိုင်ပါပြီ။ လနှင့်ချီ၍ စိမ်ထားကာ ကိုက်ခဲညောင်းညာသည့်နေရာတို့တွင် အနည်းငယ် ပွတ်လိမ်း၍ နှိပ်နယ်ပေးပါက အညောင်းအညာ သက်သာပျောက်ကင်းစေပါသည်။
(၄) ဆီးအောင့်၊ ဆီးနာဖြစ်လျှင်
ဇာတိပ္ဖိုလ်သီးကို ၅ ပုံ ၁ ပုံခန့် သွေး၍ ကြံရည်တစ်ခွက်ထဲ ထည့်မွှေ၍ သောက်လျှင် ဆီးအောင့်၊ ဆီးနာရောဂါများ ချက်ချင်း သက်သာပျောက်ကင်းစေပါသည်။
(၅) ချောင်းဆိုး၊ တီဘီရောဂါဖြစ်လျှင်
မိုးတွင်းအခါတွင် အလေ့ကျပေါက်သည့် အပွင့်ဝါ၍ အသီးမှာ လေးညှင်းနှင့်တူသော တောလေးညှင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူ၍ ရေစင်အောင် ဆေးကြောကာ ရေ ၃ ခွက် ၁ ခွက်တင်အောင် ကျို၍ တစ်နေ့ကို မနက်၊ ည တစ်ခွက်စီ သောက်ပါ။ ၃ ရက်ခန့် သောက်ပါက ချောင်းဆိုး ပျောက်ပါသည်။ တီဘီရောဂါဆိုလျှင် ၄င်းဆေးရည်ကို ရေရှည်စွဲသောက်ပါက ရောဂါပျောက်ကင်းစေနိုင်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးကျမ်းများ
ကျန်းမာရေးသတင်းများ

Facebook Offical ဗားရှင်း

အာကာ မိုးနိုင်さんが写真2枚を追加したで。
Facebook Offical ဗားရှင်း
V 22.0.0.15.13 မှာ
အကောင့်တွေ ၂ခု ၃ခုသုံးလို့၇နေပါပီ
အောက်မှာပေးထားတဲ့လင့်ကနေဒေါင်းယူပါ
ပီး၇င် install လုပ်ပါ
Install လုပ်ပီးရင် Setting App manager ထဲဝင်ပီး Facebook ကို Claear data လုပ်လိုက်ပါ နောက်ပီးဖေ့ဘုတ်အောင့်တစ်ခုဝင်ပါ
တစ်ခုဝင်ပီးနောက်တစ်ခုထက်ဝင်ချင်ရင်
Facebook ကို log out ထွက်ပါ
ဒါဆိုနောက်ထက်တစ်ကောင့်ထက်ဝင်လို့ရပါပီ
အောင့်တစ်ခုနဲ့တစ်ခုပြောင်းဝင်ချင်တဲ့အခါ LogOut ထွက်လိုက်ပါ
ပီးမှပုံထဲကလို ကြိုက်ရာအကောင့်ကိုဝင်ပါ
၂ခုထက်မက၀င်ချင်ရင်ပုံထဲမှာအောက်ဆုံးက
Log into another account ကိုနှိပ်ပီးဝင်ပါ
Playstore >>>>

Sunday, November 23, 2014

ဝိတ်ကျစေမယ့် အစား ၁၀ မျိုး

YoYarLayさんが写真5枚を追加したで — 友達: Libra Acidさん、他12人
ဝိတ်ကျစေမယ့် အစား ၁၀ မျိုး
(၁) ပဲတောင့်များ
(၂) ဟင်းချို
(၃) အနက်ရောင် ချောကလက်
(၄) ဟင်းသီး ဟင်းရွက်များ
(၅) အခွံမာသီးများ
(၆) သစ်သီးများ
(၇) ကြက်ဥ
(၈) အသားဟင်းလျာနှင့် အသုပ်များ
(၉) ရေနွေကြမ်း
(၁၀) အမျှင်ပါသော အစားအစာများ
Ref - thecrazyfacts.com
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Friday, November 21, 2014

ကျောက်ကြေစေမည့် သဘာဝဆေးနည်း

ကျောက်ကြေစေမည့် သဘာဝဆေးနည်း
---------------------------------------------
ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)
၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။
၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို ညအိပ်ယာမ၀င်ခင် သောက်ပေးနိုင်ပါတယ်။
၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။
ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးနိုင်ပြီး ၃ ပတ်ခန့်ဆိုလျှင် သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ကျန်းမာရေး သတင်းအကြောင်းအရာများ နေ့စဉ်ဖတ်ရန်
Online ဆေးခန်း >>> http://goo.gl/Q9UpvQ
-------------------------------------------------------------------------------------------------
နေဆိုင်(ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

အသီးအနှံများမှ ရရှိနိုင်သော အိမ်ထောင်ရေးသုခ စွမ်းအင်များ။

အသီးအနှံများမှ ရရှိနိုင်သော အိမ်ထောင်ရေးသုခ စွမ်းအင်များ။

Standard
“အသီးအနှံများမှ ရရှိနိုင်သော အိမ်ထောင်ရေးသုခ စွမ်းအင်များ။”
သင်တို့နေ့စဉ်စားသောက်နေသော အစားအသောက်များအပေါ် မူတည်၍ အိမ်ထောင်ရေး သုခစွမ်းအင် လှုံ့ဆော်မှုများကို ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုရင် သင်အလွယ်တကူလက်ခံနိုင်ပါသလား။ အချို့သော အစားအစာတွေဟာ ကာမဆန္ဒကို မြှင့်တင်လှုံ့ဆောင်ပေးနိုင်စွမ်းရှိတာ အမှန်တကယ်ပင်ဖြစ်ပါတယ်။ သွေးလှည့်ပတ်မှုမြှင့်တင်ပေးခြင်း၊ ကြွက်သား အားကောင်းလာစေခြင်း၊ စိတ်ဆန္ဒတိုးတက်ကောင်းမွန်စေခြင်း၊ ညှို့ဓါတ်ကောင်းမွန်အောင် အားပေးခြင်းနှင့် နိုးကြား၊ တက်ကြွစေခြင်း အစရှိသော ပုံစံအမျိုးအမျိုးအနေဖြင့် ကိုယ်ခန္တာကို အကျိုးသက်ရောက်သည်။ 
ချစ်ခြင်းမေတ္တာနဲ့ ပက်သက်တဲ့ အစားအသောက်မှာ နံပတ်တစ် ပေါ်ပြူလာအဖြစ်ဆုံးကတော့ ချောကလက်ဖြစ်ပါတယ်။ သူ့ကို (Food of Love) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အမျိုးသမီးများအတွက် အလိုရမက်ကို ရင်သပ်ရှုမောလောက်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ဓါတုပစ္စည်းက အချစ်စိတ်ကို ခံစားဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ (စကားချပ်- ဒါကြောင့်မို့များ ချစ်သူများနေ့ဆိုတာမှာ ချောကလက်တွေ ပေးကြတာများလားမသိ။)
ဒီခေတ်ကြီးမှာ အားတိုးဆေး ဗိုင်ရာဂရာဆိုတာ လူတိုင်းသိကြတဲ့ ကမ္ဘာကြော်ဆေးကြီးပါ။ သုတေသနပြုလုပ်သူတွေက ဖရဲသီးကို သဘာဝ ဗိုင်ရာဂရာ (Natural Viagra) လို့တောင် တင်စားပါတယ်။ ဖရဲသီးက ဗိုင်ရာဂရာ၏ သွေးကြောများပေါ် သက်ရောက်မှုစွမ်းအင်အတိုင်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ထို့ပြင် (Citrulline) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်ပါတယ်။ လည်းကောင်းသည် နှလုံးနှင့် သွေးကြောဆိုင်ရာများအတွက်ကောင်းမွန်ပြီး ရမက်ဆန္ဒကို တိုးပွားစေသည်။
Oyster လို့ခေါ်တဲ့ ကမာကောင်လေးတွေကို စားသုံးခြင်းဖြင့် ယောက်ကျားစွမ်းအင်ကို အထူး တိုးပွားစေတယ်ဆိုပြီး သူ့ကို (Sex Food) လို့တောင်ခေါ်ကြပါတယ်။ ကမာမှာပါဝင်တဲ့ ဇင့်ဒြပ်က ကျားအားဖြစ်တဲ့ တက်စ်စတိုစတုန်း(Testosterone) နှင့် သုတ်ပိုး ကိုအထူးပွားများစေတယ်လို့ မျက်မှောက်ခေတ် သိပံ္ပပညာရှင်များက သုတေသနပြုထားပါတယ်။ 
ယောက်ကျားများ၏ ကာမဆန္ဒမြှင့်တင်ပေးတဲ့ အစားအစာထဲမှာ ထောပတ်သီးကလဲ အခြားအတန်းအစား တခုအနေနဲ့ပါဝင်ပါသည်။ ယောက်ကျားဟော်မုန်း ထုတ်လုပ်ခြင်းတွင် ကူညီပေးသော ဗိုက်တာမင် B6 နှင့် ကာယစွမ်းအား ကိုထောက်ပံ့ပေးသော ဖေါလစ်အက်ဆစ်လဲ ပါဝင်သည်။
နေရာ၊ ဒေသ အချိန်မရွေး ရရှိနိုင်သော ငှက်ပျောသီးကတော့ ယောက်ကျားများ၏ ဆန္ဒစိတ်တက်ကြွမှုအတွက် လိုအပ်သော အင်ဇိုင်းပမာဏ အလွန်မြင့်မားစွာပါဝင်ပါတယ်။ ပိုတက်စီယမ်နှင့် ဗိုက်တာမင် ဘီ ပမာဏများပြားစွာပါဝင်တဲ့အတွက်ကြောင့် အိမ်ထောင်ရေးသုခ ပြည့်စုံအောင်ကြိုးစားဆောင်ရွက်စဉ်အတွင်း လိုအပ်သော စွမ်းအင်ထုတ်လုပ်မှုကို အထောက်အကူပေးသည်။ 
သစ်ကြားသီး၊ သဖန်းသီးနှင့် ကတွတ်သီးတို့တွင်ပါဝင်သော အဟာရဓါတ်သည်လဲ ယောက်ကျားနှင့် အမျိုးသမီးများအတွက် စိတ်ဆန္ဒစွမ်းအင်ကို မြှင့်တင်ပေးသည်။ အိမ်ထောင်ရေးသုခ ပြည့်စုံအောင် ကြိုးစားနေစဉ်အတွင်း ကာယနှင့် စိတ်စွမ်းအင်ကို မြှင့်တင်ပေးသည်။
ဟင်းချက်ရာတွင် မပါမဖြစ်နဲ့ အိမ်တိုင်းရဲ့မီးဖိုချောင်မှာ ရှိတတ်သော ကြက်သွန်ဖြူအစွမ်းကလဲ သီးခံပြီးစားနိုင်ရင် စားသလောက် အကျိုးဖြစ်တယ်လို့ဆိုပါတယ်။ သူ့ကိုအစိမ်းလိုက် ဝါးစားခြင်းအားဖြင့် ပါဝင်သော အာလီဆင် (Allicin) ဆိုတဲ့ဒြပ်က လိင်အင်္ဂါ သွေးလှည့်ပတ်မှုတိုးပွားခြင်းကို အထောက်အကူပေးတယ်လို့ဆိုပါတယ်။ ဒီနေရာမှာတော့ ကြက်သွန်ဖြူ အစိမ်း ဝါးစားနိုင်သူများက တပန်းသာပါတယ်။ 
စတော်ဘယ်ရီ၊ သရက်သီးနှင့် လိုက်ချီးသီးတို့လို အရည်ရွမ်းအသီးများကို တံစို့ထိုးပြီး စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင် စားသုံးခြင်းဖြင့် သူ့မှာပါဝင်တဲ့ အရသာ၊ လျှာပေါ်တွင် ထိတွေ့ခံစားရသော အရည်ရွမ်းအရသာတို့ကြောင့် စိတ်ဆန္ဒများကို နိုးကြားတက်ကြွစေပါသည်။ အိမ်ထောင်ရေးသုခ အားမထုတ်ခင်အချိန်တွင် စားသုံးခြင်းဖြင့် ရင်ဖိုစရာ စိတ်ကြည်နုးမှုကိုပေးစွမ်းနိုင်ပါတယ်။ 
မိမိတို့ အနီးတဝိုက်ရှိ အလွယ်တကူရနိုင်သော အသီးအနှံ အစားအသောက်များ စားသုံးခြင်းဖြင့် အိမ်ထောင်ရေး သုခများ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျမ်းမာရေးရှုဒေါင့်မှ တင်ပြလိုက်ရပါတယ်ခင်ဗျား။့
ဝင်းလှိုင်ဦး
ကိုးကား- အင်တာနက်

High Blood Pressure (Hypertension) သွေးတိုးခြင်း။

HIGH BLOOD PRESSURE (HYPERTENSION) သွေးတိုးခြင်း။

Standard
High Blood Pressure (Hypertension) သွေးတိုးခြင်း။
မြန်မာနိုင်ငံမှာ High Blood လို့လူပြောများကြပါတယ်။ နိုင်ငံခြားမှာတော့ Hypertension လို့အသုံးများတဲ့ သွေးတိုးရောဂါဟာ အသံတိတ် လူကိုဒုက္ခပေးတဲ့ ရောဂါလို့ပြောကြပါတယ်။ သွေးလွတ်ကြောထဲက ဖိအားကို တိုင်းတာပြောဆိုတာပါ။

သွေးဖိအားကိုတိုင်းလိုက်လို့ အမြဲတန်း ၁၄၀/၉၀ သို့မဟုတ် ဒီ့အထက် ဖြစ်နေရင် သွေးတိုးနေပြီလို့ဆိုနိုင်ပါတယ်။ ဒီအချိန်မှာ ဂရုမမူပဲ ဖြစ်သလိုနေရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်များနှင့် ဦးနှောက်နှင့် မျက်စိတို့ကို ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
သွေးတိုးခြင်းဖြစ်စေနိုင်သော ယေဘူယျ အကြောင်းရင်းများကတော့-
(၁) အဝလွန်ခြင်း၊
(၂) Life Style လို့ခေါ်တဲ့ ပြုမူနေထိုင်ပုံ။
(၃) မျိုးရိုးဗီဇ အကြောင်းအရင်း။
(၄) အရက် အလွန်အကြွံသောက်ခြင်း။
(၅) သားဆက်ခြားဆေးများ သုံးစွဲခြင်း။
(၆) အကိုက်ခဲ ပျောက်ဆေးများ အလွန်အမင်းသုံးစွဲခြင်းတို့ကြောင့် ဖြစ်ကြပါတယ်။

သွေးတိုးရောဂါကို အလွယ်တကူ နေ့စဉ်ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။
Home Remedies for High blood Pressure: Celery
(၁) Celery လို့ခေါ်တဲ့ တရုတ်နံနံပင် ကိုသုံးနိုင်ပါတယ်။ သူ့မှာ 3-N-Butylphthalide လို့ခေါ်တဲ့ ဖိုတိုကယ်မီကယ် တမျိုးမြောက်မြားစွာ ပါဝင်တဲ့အတွက် သွေးတိုးရောဂါကို ထိန်းညှိပေးနိုင်ပါတယ်။ အဆာပြေ မုန့်သရေစာ စားမဲ့အစား တရုတ်နံနံရဲ့ ရွက်ညှာတံ အနီးငယ်ကို ဝါးစားပေးခြင်းဖြင့် ရောဂါအတွက် အကျိုးရှိပါတယ်။

(၂) မီးဖိုချောင်မှာ နေ့စဉ်ချက်ပြုတ်စဉ် အသုံးပြုတဲ့ မုန်လာဥနီနဲ့ ပင်စိမ်းပင်တို့ကလဲ သွေးတိုးရောဂါအတွက် အသုံးဝင်ပါတယ်။ (ပင်စိမ်းရွက်အကြောင်းကတော့ ကျနော့်ရဲ့ ပို့စ်အဟောင်းတွေမှာ ရှိပါတယ်) ကြိတ်စက်ရှိရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။ ဒီနှစ်ခုကိုရောကြိတ်ပြီး အရည် (Juice)လုပ် တနေ့ကို ၂ကြိမ် ၁ဖန်ခွက်စီ သောက်နိုင်ရင် သွေးတိုးရောဂါကို ကောင်းကောင်းထိန်းနိုင်ပါပြီ။ ခနခနလုပ်ရမှာ အလုပ်ရှုပ်ရင် အရည်လုပ်ပြီး ရေခဲသေတ္တာထဲမှာ ၂ရက် ၃ရက်လောက်သိမ်းထားနိုင်ပါတယ်။
Home Remedies for High blood Pressure: Amla

(၃) အခုခေတ်ကြီးမှာ မြို့နေလူတွေများတော့ အခုပြောမဲ့အသီးကို သိသူနည်းမယ်ထင်ပါတယ်။ သိတဲ့သူတွေကလဲ တခါစားပြီး တသက်အရာသာ မမေ့နိုင်တဲ့အသီးပါ။ အထူးသဖြင့်တော့ အဲဒီ့အသီးစားပြီး ရေသောက်တဲ့ အရသာပေါ့။ Gooseberry လို့ခေါ်တဲ့ ဆီးဖြူသီးပါ။ ဝယ်လို့လွယ်မယ်ထင်ပါတယ်။ သူ့ကိုလဲ အပေါ်မှာပြောခဲ့သလိုနည်းပဲဖြစ်ဖြစ် အခြားနည်းပဲဖြစ်ဖြစ်အရည်ကိုယူပါ။ အရည်စားပွဲတင်ဇွန်း ၁ဇွန်းကို ပျားရည်နဲ့ ဆတူရောပြီး မနက်စာ(Breakfast) မစားခင်မှာ နေ့စဉ်မပျက်မကွက်သောက်ပေးခြင်းဖြင့် သွေးတိုးရောဂါကို စိတ်ပူစရာ မလိုတော့တာကို တွေ့ရပါမယ်။

(၄) အာလူးထဲမှာ ပါဝင်တဲ့ မက်ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေကြောင့် သွေးတိုးတာကို လျှော့ချပေးနိုင်ပါတယ်။ အာလူးကို ပြုတ်ပြီး စားပါ။

(၅) ရှောက်သီးခါးမျိုးတခုဖြစ်တဲ့ Grapefruit ဟာလဲသွေးကြောတွေကို အားကောင်းစေတဲ့အတွက် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
Home Remedies for High blood Pressure: Garlic

(၆) အစာစားတိုင်းမှာ ကြက်သွန်ဖြူ ၁စိတ် ၂စိတ်ခန့်ကို ပုံမှန်ထဲ့ စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်သည်။

(၇) ဖရဲသီးစေ့ဟာလည်း ဒီရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ မေ့ထားလို့မရပါဖူး။ ဖရဲသီးစေ့လေးတွေကို အရင်ဆုံးလှော်ပြီး ကြိတ်လိုက်ပါ။ ပြီးရင်ရေ၂ခွက်ခန့် ထဲ့၍ကြိုပါ။ အအေးခံပြီးရေကို ရေစစ်နဲ့စစ်ယူပြီးတော့ ဗူးလေးတွေထဲမှာထဲ့ထားပြီး မနက်နှင့် ညနေမှာ တကြိမ်စီနေ့စဉ်သောက်ပါ။ ဖရဲသီးစေ့အသုံးဝင်ပုံကို သိပြီဆိုတော့ နောက်ကို ဖရဲသီးစားပြီးတိုင်း အစေ့လေးတွေကို စုပြီးဆောင်ထားပေါ့နော်။
Home Remedies for High blood Pressure: Honey and Ginger Juice

(၈) ချင်း(ဂျင်း)အရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ ပျားရည်၊ ဇီယာအမှုန့် ဆတူတို့ကို သေချာသမအောင်မွှေပါ။ တနေ့ ၂ကြိမ် စားသုံးခြင်းဖြင့် သွေးတိုးရောဂါအတွက် အကောင်းဆုံးဆေးတလက်ဖြစ်ကြောင်း ပြန်လည်ဝေငှ လိုက်ရပါတယ် ခင်ဗျား။

တန်ဖိုးလဲနည်း အလွယ်တကူလဲရနိုင်သော အသီးအရွက်များကို အသုံးပြု၍ သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ကြပါစေခင်ဗျား။ ဖတ်ထားသမျှကို အဆင်ပြေအောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
ကိုးကား- အင်တာနက်

နေရာမရွေးမှာ အလွယ်တကူ ရနိုင်သော ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂)


ပင်စိမ်းပင်နဲ့ ပက်သက်လို့ စိတ်ဝင်စားသူ များကြတဲ့ အတွက် ပင်စိမ်းပင်မျိုးပေါင်း ၄၀ ကျော်ရှိသည့် အနက်က လူသိအများဆုံး ပင်စိမ်းပင်များကို ဗဟုသုတအလို့ငှာ တင်ပြလိုက်ရပါတယ်။
အသုံးပြုမဲ့ နေရာ၊ ပစ္စည်းပေါ်မှာ မူတည်၍ ပင်စိမ်းပင်ကို ရွေးချယ်သုံးစွဲကြပါတယ်။ ဥပမာ ရှုခင်း၊ပန်းခြံများတွင် အရောင်များ အလှဆင် စိုက်ပျိုးရန်သော်လည်းကောင်း၊ ဟင်းခတ်အမွေးအကြိုင်များ၊ အစားအသောက်နှင့် ဖျော်ရည်များ၊ ဆော့စ်(Sauce) နှင့် ဆေးဝါးများ ဖေါ်စပ်ရာတွင်လည်းကောင်း အမျိုးမျိုး အသုံးပြုကသည်။



ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
နေရာမရွေးမှာ အလွယ်တကူ ရနိုင်သော ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂)
၈) ပင်စိမ်းရွက် ၁၂ ရွက်ခန့်ကို နေ့စဉ်ဝါးစားပေးခြင်းဖြင့် သွေးသန့်ရှင်း စင်ကြယ်အောင် လုပ်ဆောင်ပေးနိုင်ပြီး စိတ်ဖိစည်းမှုကိုလျှော့ချပေးနိုင်သလို စိတ်ကိုအမြဲတန်း လန်းဆန်းကြည်လင် အောင်လုပ်ဆောင်ပေးနိုင်သော Anti Stress Agent အဖြစ် အသုံးပြုနိုင်သည်။
၉) ပင်စိမ်းရွက် အရည် ၁၀ဂရမ်၊ ဒိန်ချဉ် သို့မဟုတ် ဒိန်ခဲ ၂၀-၃၀ ဂရမ်နှင့် ပျားရည် ၂ဇွန်း ၃ဇွန်းခန့်ဖြင့် ရောစပ်ပြီး နေ့စဉ်မပြတ်သောက်သုံးပေးပါက ကင်ဆာ ရောဂါကို ကုသနိုင်ပါသည်။
၁၀) ပင်စိမ်းရွက်နှင့် ဒိန်ချဉ် တွဲဖက်စားသုံးဖြင်းဖြင့် အဝလွန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး ကိုယ်ခန္တာတွင်းရှိ သွေးဆဲလ်သစ်များ လွယ်ကူစွာဖြစ်ပေါ်စေရန် အားပေးသည်။
၁၁) ဗိုက်တာမင်အေ ကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျမ်းမာရေးအတွက် အလွန်အရေးပါအရာရောက်သည်။ ပင်စိမ်းရွက် အနည်းငယ်ကို ရေတွင်ခေတ္တခဏ နှစ်ပြီး မျက်စိကို နေ့စဉ် နံနက်တိုင်းနှင့် အိပ်ယာဝင်ခါနည်းတွင် ဆေးကြောပေးပါက မျက်စိနာ၊ မျက်မြှေးရောင်၊ နှင့် မျက်စိနှင့်ပက်သက်သော ရောဂါများကို ပျောက်ကင်းနိုင်သည်။ မျက်စိတဝိုက်တွင် ဖြစ်ပေါ်တတ်သော အရေးအကြောင်းများကို သက်သာစေသည်။
မျက်စိအမြင်အာရုံကျဆင်းခြင်း၊ အတွင်းတိမ်နှင့် ရေတိမ်ဖြစ်ခြင်းများကို ပင်စိမ်းရွက်၂ရွက်ခန့် နေ့စဉ်ဝါးစားခြင်းဖြင့် ကာကွယ်နိုင်သည်။ ဗိုက်တာမင်အေချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သော ညအချိန် သဲကွဲစွာ မမြင်ခြင်း များကို ပင်စိမ်းရွက်ရည်က ထိရောက်စွာ ကုသပေးနိုင်သည်။
၁၂) ပင်စိမ်းရွက်ကို နေရောင်အောက်တွင်ထားကာ အမှုန့်ပြုလုပ်၍ မုံညှင်းဆီနှင့်ရောနှောကာ သွားတိုက်ဆေးအဖြစ်သော်လည်းကောင်း၊ ရေစီးကမ်းပြိုရောဂါအတွက် သွားဖုံးများကို ပွတ်တိုက်ပေးခြင်းဖြင့်လည်းကောင်း သွားများအတွင်းဂျိုးကပ်ခြင်းများကိုလည်းကောင်း သွားနှင့်သွားဖုံး ပက်သက်သော ရောဂါများအတွက် အသုံးပြုနိုင်သည်။
၁၃) ပင်စိမ်းရွက်ကို ဝါးစားခြင်းဖြင့် သွားတိုက်ဆေး၊ပီကေ အစားထိုးပစ္စည်းအဖြစ်အသုံးပြုနိုင်ပြီး ခံတွင်းနံ့ဆိုးခြင်းကို ဖယ်ရှားပေးသည်။
၁၄) ဆေးလိပ်ဖြတ်ရခက်နေသူများအနေဖြင့် နီကိုတင်းအစားထိုးဆေးများ၊ ရသာဖြည့်ပီကေနှင့် အခြားချိုချဉ်၊သကြားလုံးများထက် ပင်စိမ်းရွက်ကိုဝါးစားပေးခြင်းက ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာခြင်းကို အာရုံပြောင်းပေးနိုင်ပြီး နှစ်ပေါင်းများစွာ ဆေးလိပ်သောက်ခြင်းကြောင့် ပျက်ဆီးမှုရှိသော လည်ပင်းကို ပြန်လည်ပြုပြင်ပေးသည်။
၁၅) ပျားရည်နှင့် ပင်စိမ်းရွက်ရည်ကို ၆လပုံမှန်သောက်ပေးခြင်းဖြင့် ဆီးကျောက်များကို ဆီးလမ်းကြောင်းအတွင်းမှ ထွက်လာစေသည်။
၁၆) ဦးခေါင်းကိုက်ခဲခြင်းများအတွက် ပင်စိမ်းရွက် စားပွဲတင်ဇွန်း (၁) ဇွန်း
ရေနွေး ၂ခွက်ခန့်ကို အိုးထဲထဲ့၍
မျက်နှာကို ရေနွေးငွေ့အိုးဆီသို့ အနည်းငယ်ကပ်ကာ ၅မိနစ်မှ ၁၀မိနစ်ထိ ရှုပေးပါ။ ထိုသို့ရှုနေစဉ်အတွင်း ဦးခေါင်းနှင့် အိုးကို မျက်နှာသုတ်ပုဝါ၊ အဝတ်တို့ဖြင့် အုပ်၍ရှုပါ။
စန္ဒကူးနံ့သာဆီနှင့် ချေမွထားသော ပင်စိမ်းရွက် တို့ကိုရောစပ်ပြီး နှဖူးပေါ်တွင်လိမ်းနိုင်သည်။
၁၇) ပင်စိမ်းရွက်ဆီ၊ ပျားရည်နှင့် ချင်း တို့ကို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ အထူးသဖြင့် ချောင်းဆိုး ရင်ကျပ် ပန်းနာနှင့် အအေးမိဖြင်းတို့ကိုသုံးနိုင်သည်။
တုပ်ကွေးဖျားနာအတွက်ကိုမူ ပင်စိမ်းရွက်နှင့် လေးညှင်းပွင့်ကို ရေလီတာဝက်ထဲတွင် ဆူအောင်ကြိုပြီး ဆားအနည်းငယ် ထဲ့သောက်ပါက လျှင်မြန်စွာ သက်သာပျောက်ကင်းနိုင်သည်။
၁၈) ပင်စိမ်းရွက် သည်ခန္တာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ယင်းအရွက်ကို လက်ဖက်ရည်ကဲ့သို့ သောက်ပါက သွေးဖိအားကို ထိန်းညှိပေးသည့် အပြင် ကိုလက်စရောနှင့် သွေးအချိုဓါတ် ကိုပါ လျှော့ချပေးသည့်အတွက်ကြောင့် နှလုံးနှင့်ဆိုင်သော ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ပေးသည်။
အရွက်ကို အစိမ်းလိုက်ဝါးစားခြင်းဖြင့်လည်းကောင်း အရေပြားပေါ်တွင် သုတ်လိမ်းခြင်းဖြင့်လည်းကောင်း အရေပြားကို နုပျိုစေပြီး ဖြစ်ပေါ်စေနိုင်သော ရောဂါများမှ ကာကွယ်ပေးသည်။
၁၉) မျက်နှာနှင့် လည်ပင်းတဝိုက်တွင် ဖြစ်ပေါ်တတ်သော အဖုအပိမ့်များနှင့် ဝက်ခြံများကို ကာကွယ်ပေးနိုင်သည်။ ဘက်တီးရီးယားနှင့် မှိုများကြောင့် ရောင်ရမ်းချင်းများကို စန္ဒကူးဆီ၊ မဟော်ဂနီ တို့နှင့် ရောစပ် လိမ်းပေးနိုင်သည်။
၂၀) မျက်နှာပြင်ပေါ်မှာ ပင်စိမ်းရွက်ခြောက်တွေကို ပွတ်တိုက်ပေးခြင်းဖြင့် အရွယ်တင် နုပျိုသစ်လွင်သော အရေပြားကို ရရှိနိုင်သည်။
၂၁) နှာခေါင်းဘေးဖက်တွေမှာ ပင်စိမ်းရွက်လေးတွေကို ရေဆွတ်ပြီး ၅မိနစ်လောက်ကပ်ပြီး မျက်နှာသစ်လိုက်ရင် ဆားဝက်ခြံလေးတွေကို စုပ်ယူသွားတာကို တွေ့ရလိမ့်မယ်။
၂၂) အမှုန့်ပြုထားသော ပင်စိမ်းရွက် ၂၀၀ ဂရမ်နှင့် နှမ်းဆီဆတူ ရော၍ ယားနာများကို သုတ်လိမ်းနိုင်သည်။ ပွေးယားနာအတွက် ပင်စိမ်းရွက်မှုန့် နှင့် သံပုရာရည်ကို ရောစပ်လိမ်းပေးနိုင်သည်။ ပုံမှန်စားသုံးခြင်းဖြင့် အရေပြားပေါ်တွင် ဖြစ်တတ်သော အဖြူကွက်များကို ပျောက်ကင်းနိုင်သည်။
၂၃) မိမိနေ့စဉ်သုံးခေါင်းလိမ်းဆီ၊ အုန်းဆီထဲသို့ ပင်စိမ်းရွက်များကို ရောစပ်ပြီးလိမ်းပေးပါက ဦးရေပြားအေးခြင်း၊ ခေါင်းချွေးထွက်ခြင်း၊ ဆံပင်များ ပိုမိုရှင်သန်စေရန် အားပေးသည်။ ခေါင်းလျှော်ရာတွင်လည်း ထဲ့သုံးခြင်းဖြင့် ဆံပင်ဖြူခြင်း၊ ကျွတ်ခြင်းများကို ကာကွယ်သည်။ ဆံပင်ပါးခြင်းနှင့် ကျွတ်ဆတ်ကျိုးလွယ်ခြင်းများအတွက်လည်း သုံးနိုင်သည်။
ဆံပင်မွေးညှင်းပေါက်လေးများကို လှုံ့ဆော်ပေးပြီး သန်မာသော ဆံပင်များ ထွက်လာစေရန် အားပေးသည်။
၂၄) ရောင်ခြည်များကြောင့် ဆဲလ်များ ပျက်ဆီး၊သေဆုံးခြင်း များကိုကာကွယ်ပေးနိုင်သည်။
ဒီအထဲမှာပါတဲ့ ပင်စိမ်းပင်အမှုန့်လုပ်ဖို့ အခြောက်ခံတဲ့နည်းတွေကို နောက်ပို့စ်တွေမှာ အလျှင်းသင့်သလို တင်သွားပါ့မယ်။
တိုက်ခန်းပေါ်မှာတောင် စိုက်လို့လဲလွယ် အလွယ်တကူလဲဝယ်သုံးနိုင်တဲ့ ပင်စိမ်းပင်အသုံးဝင်ပုံတွေဖြစ်ပါတယ်။