Thursday, November 6, 2014

ဝက်သားနဲ.သီးရွက်စုံ






ဆွမ်းချိုင့်တွေအများကြီးလည်းယူထား...မနက်ဆွမ်းခံထွက်တဲ့သံဃာတော်
တွေကိုလည်းလောင်းလှူချင်တဲ့..မေမေ့စေတနာ သဒ္စါတရားကို..အောက်မေ့
မိသလို...ခုလည်း...ညီမလေးတစ်ယောက်က..ဆွမ်းလောင်းတဲ့ဟင်းပွဲပုံလေး
ကူညီပေးပို.လာလို..ကျွန်တော်ကချက်နည်းကိုဝေမျှပါတယ်..။

အချိုးအတိအကျကိုတော့မဖော်ပြတော့ပါဘူး...ပါဝင်ပစ္စည်းလေးတွေနဲ.ဘယ်လိုချက်တယ်ဆိုတာကိုတာဝေမျှပါမယ်..။

ဝက်သားနဲ.သီးရွက်စုံ
*************

ဝက်သား
မျှစ်ချဉ်
ပဲသွေး
ဒန်.သလွန်သီး
ငရုတ်ရှည်တောင့်
ခရမ်းကြွပ်သီး

ပထမဆုံး...မျှစ်ချဉ်ကို...ငါးပိအနည်းငယ် ၊ခရမ်းချဉ်သီးတစ်လုံးနဲ.ပြုတ်ပါတယ်...။

ဝက်သားတွေကိုအနေတော်တုံးပြီး..ဆား၊ ဟင်းခတ်မှုန်.တို.နဲ.နယ်ကာ...
ချင်း+ကြက်သွန်ဖြူအရော တို.နဲ.လုံးချက်..ပုံစံချက်ထားပါတယ်..။

ထိုစဉ်အတွင်း..အခြားအသီးအရွက်များကို..လိုအပ်သလိုလှီးဖြတ်သန်.စင်ပြီး..
အရံသင့်ထားပါတယ်..။

ဝက်သားတွေ..၃ ပုံ ၂ ပုံလောက်နှုးအိပြီဆိုမှ..ပြုတ်ထားတဲ့မျှစ်ချဉ်၊
ဒန်.သလွန်သီးတွေ ကိုစတင်ရောပြီး..(၁၅) မိနစ်ခန်.အဖုံးပိတ်ပြီးချက်ပါတယ်...။

၂ မျိုးလုံး..အတန်သင့်..ပျော်ဝင်ပြီဆိုပါမှ...ခရမ်းကြွပ်သီး၊ ငရုတ်တောင့်ရှည်တွေရောပြီး...အရသာ ကိုစမ်းသပ်ကြည့်ပါတယ်..။

မျှစ်ချဉ်ပါတဲ့အတွက်ကြောင့်..တစ်ခြားအချဉ်အရသာဖြည့်စွက်စရာမလိုပဲ..
ချဉ်ပြုံးလေးအနေအထားမှာမှ...ပဲသွေးတုံးလေးတွေကိုရောထည့်ပြီး...မီးဖို
ပေါ်မှချရင်...ဆွမ်းလောင်းဖို.(သို.) အိမ်မှာစားသုံးနိုင်တဲ့...ဟင်းတစ်မယ်
ရရှိပါပြီ...။

ဓါတ်ပုံပို.ပေးလာတဲ့..ညီမလေး..Phyo Pyae ကိုကျေးဇူးအထူးတင်ရှိပါတယ်။

No comments:

Post a Comment