Thursday, November 6, 2014

ဝက်နံရိုးကြံမဆိုင်ဟင်းချို





ဝက်နံရိုးကြံမဆိုင်ဟင်းချို
****************

ဝက်နံရိုး ................၃၀ ကျပ်သား
ကြံမဆိုင်................၁၅ ကျပ်သား
ချင်းသေးသေး..........၁ တက်
ကြက်သွန်ဖြူ.............၃ တက်
ခရမ်းချဉ်သီး.............၁ လုံး ( ၄ စိတ်( သို.) ခပ်ကြမ်းကြမ်းလှီး)
ငရုတ်သီးစိမ်း............၅ တောင့်
ဆား(သို.) ပဲငံပြာရည်
ဟင်းခတ်မှုန်. .
တရုတ်နံနံ

ဝက်နံရိုးတွေကိုရေဆေးပြီး ၊ ဆား(သို.) ပဲငံပြာရည်အကြည် ၊ ဟင်းခတ်မှုန်.
တို.နှင့်အတူ ချင်းသေးသေး ၁တက်ကိုဓါးပြားရိုက်ထည့်ပြီး..ဟင်းရည်ကြည်
လင်အောင်ပြုတ်ပါ။

ဟင်းရည်ကြည်လင်စေရန်အတွက်..ပထမ မီးပြင်းပြင်း ၊ အမြှုပ်တွေ၊ အညစ်
အကြေးတွေထွက်လာချိန်မှာတော့..မီးကိုလျှော့ချပြီးထွက်လာတဲ့အညစ်
အကြေးတွေကိုစစ်ထုတ်ရပါမယ်..

ကြံမဆိုင်ရဲ.အရသာကို မချက်ခင်မြည်းစမ်းကြည့်ဖို.လိုအပ်ပါမယ်(အချို.ဆိုင်
တွေက..နှစ်ရှည်ထားခံအောင်ဆားအများကြီးထည့်ထားရင်) ရေနွေးဆူဆူ
မှာပြုတ်ပြီး..အအေးခံထားဖို.လိုပါမယ်..။

အိုးတစ်လုံးမှာကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးကိုမွှေးလာတယ်ဆိုရုံလေးဆီသတ်
ပြီး..ကြံမဆိုင်တွေထည့်ပေါင်းဆီသတ်ပါ။ ငရုတ်သီးစိမ်းဓါးပြားရိုက်လေးကို
လည်းထည့်ဖို.မမေ့ပါနှင့်..။

နောက်ဆုံးဆီသတ်ထားတဲ့အရောကို....ပြုတ်ထားတဲ့ဝက်နံရိုးဟင်းရည်ထဲ
ထည့်ပေါင်းပြီး..ဟင်းရည်ကျအောင်ချက်ပေးလိုက်ရုံပါပဲ..။

နောက်ဆုံးတရုတ်နံနံလေးတွေထည့်ပြီးသုံးဆောင်ပါ။

No comments:

Post a Comment