Thursday, November 6, 2014

ကဗျာလွတ်ဝက်သားသုံးထပ်သားသုပ်





ကဗျာလွတ်ဝက်သားသုံးထပ်သားသုပ်
************************

ဝက်သုံးထပ်သား.............၃၀ ကျပ်သား
ကြက်သွန်နီ...................တစ်လုံး
ငရုတ်သီးစိမ်းနီ...............၅ တောင့်
နံနံပင်+ ကြက်သွန်မြိတ်...အနည်းငယ်စီ

ဝက်သားသုံးထပ်သားကို ၁၀ ကျပ်သားအရွယ် ၃ ခုရအောင်လှီးပြီး..ဆား၊ သကြား၊ ဟင်းခတ်မှုန်.အနည်းငယ်တို.နဲ.ရောနယ်ကာ..ချင်းသေးသေးတစ်
တက်ကိုဓါးပြားရိုက်ထည့်ကာ...ရေခမ်းအောင်ပြုတ်ပါ။

ရေခမ်းသွားပြီဆို ခပ်ပါးပါးအရွယ်လေးတွေရအောင်လှီးပါ။

ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း နီ ၊ နံနံ+ ကြက်သွန်မြိတ်တွေကို ပါးပါးလှီးထားပါ။

ပါဝင်ပစ္စည်းတွေအားလုံးရောပြီး..ငါးငံပြာရည်၊ သကြား၊ သံပုရာရည်လေးနဲ.
အရသာဖြည့်ကာ..ရောပြီးနယ်ပေးရတဲ့..ရိုးစင်းတဲ့ကဗျာလွတ်သုပ်ဖြစ်ပါတယ်။

မှတ်ချက်...မြန်မာဟင်းချက်နည်းမှာ..သိပ်အဆင့်မများတဲ့ချက်ပြုတ်နည်းတွေ
ကိုကဗျာလွတ်ချက်နည်းလို.အသုံးများပါတယ်..ဥပမာ..ဖီးကြမ်းငှက်ပျောသီး
မှည့်ကို..အခွံခွါပြီးးဆီထဲတိုက်ရိုက်ထည့်ကြော်တာကို ကဗျာလွတ်ငှက်ပျောသီးကြော်လို.ခေါ်ဆိုပါတယ်( စန်းလေး(အိမ်တွင်းမှု )
ရဲ.အင်တာဗျူးတစ်ခုမှမှတ်သားမိထားတာလေးကိုပြန်လည်ဝေမျှပါတယ်။

No comments:

Post a Comment