Friday, November 21, 2014

အသီးအနှံများမှ ရရှိနိုင်သော အိမ်ထောင်ရေးသုခ စွမ်းအင်များ။

အသီးအနှံများမှ ရရှိနိုင်သော အိမ်ထောင်ရေးသုခ စွမ်းအင်များ။

Standard
“အသီးအနှံများမှ ရရှိနိုင်သော အိမ်ထောင်ရေးသုခ စွမ်းအင်များ။”
သင်တို့နေ့စဉ်စားသောက်နေသော အစားအသောက်များအပေါ် မူတည်၍ အိမ်ထောင်ရေး သုခစွမ်းအင် လှုံ့ဆော်မှုများကို ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုရင် သင်အလွယ်တကူလက်ခံနိုင်ပါသလား။ အချို့သော အစားအစာတွေဟာ ကာမဆန္ဒကို မြှင့်တင်လှုံ့ဆောင်ပေးနိုင်စွမ်းရှိတာ အမှန်တကယ်ပင်ဖြစ်ပါတယ်။ သွေးလှည့်ပတ်မှုမြှင့်တင်ပေးခြင်း၊ ကြွက်သား အားကောင်းလာစေခြင်း၊ စိတ်ဆန္ဒတိုးတက်ကောင်းမွန်စေခြင်း၊ ညှို့ဓါတ်ကောင်းမွန်အောင် အားပေးခြင်းနှင့် နိုးကြား၊ တက်ကြွစေခြင်း အစရှိသော ပုံစံအမျိုးအမျိုးအနေဖြင့် ကိုယ်ခန္တာကို အကျိုးသက်ရောက်သည်။ 
ချစ်ခြင်းမေတ္တာနဲ့ ပက်သက်တဲ့ အစားအသောက်မှာ နံပတ်တစ် ပေါ်ပြူလာအဖြစ်ဆုံးကတော့ ချောကလက်ဖြစ်ပါတယ်။ သူ့ကို (Food of Love) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အမျိုးသမီးများအတွက် အလိုရမက်ကို ရင်သပ်ရှုမောလောက်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ဓါတုပစ္စည်းက အချစ်စိတ်ကို ခံစားဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ (စကားချပ်- ဒါကြောင့်မို့များ ချစ်သူများနေ့ဆိုတာမှာ ချောကလက်တွေ ပေးကြတာများလားမသိ။)
ဒီခေတ်ကြီးမှာ အားတိုးဆေး ဗိုင်ရာဂရာဆိုတာ လူတိုင်းသိကြတဲ့ ကမ္ဘာကြော်ဆေးကြီးပါ။ သုတေသနပြုလုပ်သူတွေက ဖရဲသီးကို သဘာဝ ဗိုင်ရာဂရာ (Natural Viagra) လို့တောင် တင်စားပါတယ်။ ဖရဲသီးက ဗိုင်ရာဂရာ၏ သွေးကြောများပေါ် သက်ရောက်မှုစွမ်းအင်အတိုင်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ထို့ပြင် (Citrulline) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်ပါတယ်။ လည်းကောင်းသည် နှလုံးနှင့် သွေးကြောဆိုင်ရာများအတွက်ကောင်းမွန်ပြီး ရမက်ဆန္ဒကို တိုးပွားစေသည်။
Oyster လို့ခေါ်တဲ့ ကမာကောင်လေးတွေကို စားသုံးခြင်းဖြင့် ယောက်ကျားစွမ်းအင်ကို အထူး တိုးပွားစေတယ်ဆိုပြီး သူ့ကို (Sex Food) လို့တောင်ခေါ်ကြပါတယ်။ ကမာမှာပါဝင်တဲ့ ဇင့်ဒြပ်က ကျားအားဖြစ်တဲ့ တက်စ်စတိုစတုန်း(Testosterone) နှင့် သုတ်ပိုး ကိုအထူးပွားများစေတယ်လို့ မျက်မှောက်ခေတ် သိပံ္ပပညာရှင်များက သုတေသနပြုထားပါတယ်။ 
ယောက်ကျားများ၏ ကာမဆန္ဒမြှင့်တင်ပေးတဲ့ အစားအစာထဲမှာ ထောပတ်သီးကလဲ အခြားအတန်းအစား တခုအနေနဲ့ပါဝင်ပါသည်။ ယောက်ကျားဟော်မုန်း ထုတ်လုပ်ခြင်းတွင် ကူညီပေးသော ဗိုက်တာမင် B6 နှင့် ကာယစွမ်းအား ကိုထောက်ပံ့ပေးသော ဖေါလစ်အက်ဆစ်လဲ ပါဝင်သည်။
နေရာ၊ ဒေသ အချိန်မရွေး ရရှိနိုင်သော ငှက်ပျောသီးကတော့ ယောက်ကျားများ၏ ဆန္ဒစိတ်တက်ကြွမှုအတွက် လိုအပ်သော အင်ဇိုင်းပမာဏ အလွန်မြင့်မားစွာပါဝင်ပါတယ်။ ပိုတက်စီယမ်နှင့် ဗိုက်တာမင် ဘီ ပမာဏများပြားစွာပါဝင်တဲ့အတွက်ကြောင့် အိမ်ထောင်ရေးသုခ ပြည့်စုံအောင်ကြိုးစားဆောင်ရွက်စဉ်အတွင်း လိုအပ်သော စွမ်းအင်ထုတ်လုပ်မှုကို အထောက်အကူပေးသည်။ 
သစ်ကြားသီး၊ သဖန်းသီးနှင့် ကတွတ်သီးတို့တွင်ပါဝင်သော အဟာရဓါတ်သည်လဲ ယောက်ကျားနှင့် အမျိုးသမီးများအတွက် စိတ်ဆန္ဒစွမ်းအင်ကို မြှင့်တင်ပေးသည်။ အိမ်ထောင်ရေးသုခ ပြည့်စုံအောင် ကြိုးစားနေစဉ်အတွင်း ကာယနှင့် စိတ်စွမ်းအင်ကို မြှင့်တင်ပေးသည်။
ဟင်းချက်ရာတွင် မပါမဖြစ်နဲ့ အိမ်တိုင်းရဲ့မီးဖိုချောင်မှာ ရှိတတ်သော ကြက်သွန်ဖြူအစွမ်းကလဲ သီးခံပြီးစားနိုင်ရင် စားသလောက် အကျိုးဖြစ်တယ်လို့ဆိုပါတယ်။ သူ့ကိုအစိမ်းလိုက် ဝါးစားခြင်းအားဖြင့် ပါဝင်သော အာလီဆင် (Allicin) ဆိုတဲ့ဒြပ်က လိင်အင်္ဂါ သွေးလှည့်ပတ်မှုတိုးပွားခြင်းကို အထောက်အကူပေးတယ်လို့ဆိုပါတယ်။ ဒီနေရာမှာတော့ ကြက်သွန်ဖြူ အစိမ်း ဝါးစားနိုင်သူများက တပန်းသာပါတယ်။ 
စတော်ဘယ်ရီ၊ သရက်သီးနှင့် လိုက်ချီးသီးတို့လို အရည်ရွမ်းအသီးများကို တံစို့ထိုးပြီး စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင် စားသုံးခြင်းဖြင့် သူ့မှာပါဝင်တဲ့ အရသာ၊ လျှာပေါ်တွင် ထိတွေ့ခံစားရသော အရည်ရွမ်းအရသာတို့ကြောင့် စိတ်ဆန္ဒများကို နိုးကြားတက်ကြွစေပါသည်။ အိမ်ထောင်ရေးသုခ အားမထုတ်ခင်အချိန်တွင် စားသုံးခြင်းဖြင့် ရင်ဖိုစရာ စိတ်ကြည်နုးမှုကိုပေးစွမ်းနိုင်ပါတယ်။ 
မိမိတို့ အနီးတဝိုက်ရှိ အလွယ်တကူရနိုင်သော အသီးအနှံ အစားအသောက်များ စားသုံးခြင်းဖြင့် အိမ်ထောင်ရေး သုခများ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျမ်းမာရေးရှုဒေါင့်မှ တင်ပြလိုက်ရပါတယ်ခင်ဗျား။့
ဝင်းလှိုင်ဦး
ကိုးကား- အင်တာနက်

No comments:

Post a Comment