Thursday, November 6, 2014

မုန်ညှင်းစိမ်းအဖူးနှင့်သုံးထပ်သားကြော်




မုန်ညှင်းစိမ်းအဖူးနှင့်သုံးထပ်သားကြော်
************************

မုန်ညှင်းစိမ်းအဖူး.....၂ စည်း
ဝက်သားသုံးထပ်......၁၅ ကျပ်သား
ကြက်သွန်နီ............၁ ခြမ်း
ကြက်သွန်ဖြူ........... ၃တက်
ချင်းသေးသေး..........၁ တက်

မုန်ညှင်းစိမ်းအဖူးလေးတွေကို နုတဲ့အပိုင်းလေးတွေသာရွေးချယ်သင်ထားပါ။

ရေဆေးပြီး..ဇကာတစ်ခုမှာရေခြောက်နေအောင်စစ်ထားပါ။

ကြက်သွန်နီ၊ ဖြူ ကိုပါးပါးလှီးပြီး..ချင်းကိုတော့..မျှင်မျှင်လေးလှီးထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကို မီးပြင်းပြင်းနဲ.အပူပေးပါ။

ကြက်သွန်နီ ၊ ဖြူ ၊ ချင်းတို.ကို ခေတ္တလေးပဲဆီသတ်ပြီး..၀က်သားသုံးထပ်သားတွေထည့်ကြော်ပါ

အနည်းငယ်မွှေးလာပြီဆိုတာနဲ. မုန်ညှင်းစိမ်းအဖူးတွေကို ထည့်ပေါင်းကာ၊
ဆား ၊ ဟင်းခတ်မှုန်.တို.နဲ အရသာ သွင်းကာ မီးပြင်းပြင်းမှာပဲကြော်ပါ။

နောက်ဆုံးငရုတ်ကောင်းမှုန်.လေးဖြူးထည့်သုံးဆောင်နိုင်ပါတယ်..။

မီးပြင်းဖို.လိုအပ်သလို အမြန်လှုပ်ရှားဖို.လည်းလိုအပ်ပါတယ်..။

No comments:

Post a Comment