Thursday, November 6, 2014

ကရင်ကြက်သားသုပ်






ကရင်ကြက်သားသုပ်
**************

ကရင်လူမျိုးတွေက..အစားကိုချေးများလေ့မရှိပါဘူး..အရသာရှိပြီး ပေါပေါများများစားတတ်တဲ့အလေ့ကျင့်တော့ရှိပါတယ်..။

သူတို.ရဲ.ကရင်ကြက်သားသုပ်မှာ ကြက်ခေါင်း ၊ ခြေထောက် ၊ အတောင်ပံအပါအ၀င်အသားတွေလည်းပါဝင်တာကိုတွေ.ရပါတယ်..။

အာလုံးရောသုတ်ပြီး..အားလုံးကိုလည်းစားသုံးတဲ.အလေ့အကျင့်လည်းရှိ
တတ်ပါတယ်..။

ကြက်သားရောရာ.....( ၅၀) ကျပ်သားခန်.
ငရုတ်သီးစိမ်းတောင့်နီ..၁၀ တောင့်ခန်.
ကြက်သွန်ဖြူ ............၇ တက်
ကြက်သွန်နီကြီးကြီး.......၁ လုံး
စိမ်းစားငါးပိ ...............၁ ဇွန်းခန်.
ငါးငံပြာရည်
အချိုမှုန်. (ကြက်သားမှုန်.)
သံပုရာရည်....

ပထမဆုံးကြက်သားကို အရွယ်တော်အသုံးလေးတွေသုံးပါတယ်..သူတို.ဓလေ့အရ..ခြံကြက်ဆိုတော့
ဗမာကြက်ကိုပဲအသုံးများပါတယ်..။

စပါးလင်တစ်ချောင်း ၊ ချင်းတစ်တက်ကိုဓါးပြားရိုက်ပြီး..ဆား၊ ကြက်သားမှုန်.
(သို.) အချိုမှုန်.ထည့်ကာ ရေခမ်းပြီးနှူးနေအောင်ပြုတ်ပါတယ်..။

ထိုအချိန်မှာပဲ..အခွံမခွာရသေးတဲ့ကြက်သွန်နီကို ပြာပူထဲထိုးထည့်ပြီးမီးဖုတ်သလို..စိမ်းစားငါးပိကိုလည်း..ဇွန်းပြာလေးမှာကပ်
ပြီးမီးကင်ပါတယ်..။

ကြက်သွန်ဖြူ နဲ.ငရုတ်သီးစိမ်းတောင့်နီတွေကို ၀ါးချောင်းလေးမှာထိုးပြီးကင
(သို.) လှော်ပါတယ်..။

မီးကင် ၊ မီးဖုတ်ထားတဲ့အရာအားလုံးကိုညှက်နေအောင်ထောင်းပါတယ်..။

ပြုတ်ထားတဲ့ကြက်သားကို အရသာစိမ့်ဝင်စေလောက်အောင်သာဖွာပြီးအသား၊ အရိုးအားလုံးထည့်ပါတယ်။

ထောင်းထားတဲ့အရောကို ထည့်ပြီး..ငါးငံပြာရည် ၊ အချိုမှုန်.(သို.) ကြက်သား
မှုန်.၊ သံပုရာရည်ရောထည့်နယ်ပြီးစားတဲ့..ဆွေမျိုးမေ့လောက်အောင်ကောင်း
တဲ့..ကရင်ကြက်သားသုပ်ဖြစ်ပါတယ်..။

ဓါတ်ပုံပို.ပေးလာတဲ့ကရင်ညီမလေးတစ်ယောက်ကို..ချက်နည်းမေးတော့..သူ
မချက်တတ်ဘူး..အမိုးချက်ပေးတာဆိုလို. ဓါတ်ပုံပြပြီး ဒီချက်နည်းကို နောက်
ကရင်သူငယ်ချင်းတစ်ယောက်ဆီကိုမေးထားရတဲ့အကြောင်းပါ။

ဓါတ်ပုံပို.ပေးသူညီမလေးရော..ချက်နည်းဝေမျှတဲ.သူငယ်ချင်းကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း.ဒီပို.စ်နဲ.ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်..။

No comments:

Post a Comment