Thursday, November 6, 2014

ဝက်သားပြုတ်ထောင်းကြော်စပ်စပ်





ဝက်သားပြုတ်ထောင်းကြော်စပ်စပ်
**********************

ဝက်ပေါင်သား..........၃၀ ကျပ်သား
ကြက်သွန်နီ.............၁ လုံး
ကြက်သွန်ဖြူ............၃ တက်
ငရုတ်ကြမ်းအစိမ်းမှုန်. .၂ ဇွန်း(ထမင်းစားဇွန်း)
ဆား+ဟင်းခတ်မှုန်. ....လိုအပ်သလို
နနွင်းမှုန်. ..........အနည်းငယ်

ဝက်ပေါင်သားကို ၁၀ ကျပ်သား ၃ ခုအရွယ်လောက်ပိုင်းဖြတ်ပြီး..ဆား ၊ ဟင်း
ခတ်မှုန်.တို.နဲ.အရသာနယ်ကာ ချင်းသေးသေး ၁တက်ကိုဓါးပြားရိုက်ထည့်
ကာရေခမ်းအောင်ပြုတ်ပါ။

ရေခမ်းပြီဆိုရင်..ငရုတ်ဆုံထဲထည့်ထောင်းကာ..ခပ်ကြမ်းကြမ်းအမွှာများရ
အောင်ဖွာထုတ်ပါ။

ငရုတ်ကြမ်းမှုန်.နဲ.ရောနယ်ထားပါ။

ဆီအနည်းငယ်မှာ..ကြက်သွန်နီ ၊ ဖြူ တို.ကိုနနွင်းမှုန်.အနည်းငယ်နှင့်အတူဆီ
သတ်ပြီး..အနည်းငယ်နွမ်းလာလျှင်...ထောင်းပြီးငရုတ်ကြမ်းမှုန်.နဲ.နယ်ထား
တဲ့ဝက်သားတွေကိုထည့်ကြော်ပါ

ကြွပ်စရာမလိုပေမယ့်..ငရုတ်စိမ်းနံ.ပျောက်အောင်တော့..ကြော်ပေးရပါမယ်။

No comments:

Post a Comment