
ရွှေကြည်ဆနွင်းမကင်း
ရွှေကြည်မှုန့်များကို အမှိုက်များ ကင်းစင်အောင် ဖယ်ရှားပြီး ဒယ်အိုးထဲတွင် အနီရောင်သမ်းလာကာ ရွှေကြည်အနံ့လေးမွှေးလာသည်အထိ
ကြက်ဥများကို သမအောင် နာနာလေးခေါက်ထားပါ။ လှော်ထားသော ရွှေကြည်မှုန့်၊ခေါက်ထားသော ကြက်ဥ ၊နွားနို့၊ အုန်းနို့၊နို့စိမ်း၊ သကြား၊ဆား၊ ရေ အားလုံးတို့ကို ထည့်၍ အကုန်နှံ့အောင်ရောမွှေထားပါ။
အိုးမကပ်အောင် မပြတ်မွှေပေးကာ ရေများခန်း၍ ရွှေကြည်များ ခပ်ပျစ်ပျစ်လေးဖြစ်လာပြီး အဆီများ ထွက်လာပြီဆိုလျှင် မီးဖိုပေါ်မှ ချ၍ မုန့် ဖုတ်မည့်ဗန်းထဲတွင် ဆီနှင့်ထောပတ်များများသုပ်က
ဖုတ်နေစဉ်အတွင်း နာရီဝက်လောက်ကြာလျှင် Oven ကိုမကြာခဏဖွင့်ကြည့်ပြီး တဗန်းလုံး မုန့်သားများ အနီရောင်သမ်းလာပြီး ကျက်တာညီလာလျှင် ထုတ်၍ ကြာကြာအအေးခံကာ ကြိုက်နှစ်သက်သလို လှီးစားပါ။ ချိုမွှေးပြီး အရသာရှိသော ရွှေကြည်ဆနွင်းမကင်းလေး သုံးဆောင်လို့ရပါပြီရှင်။
ရွှေကြည်ဆနွင်းမကင်း ဘန်းကြီးတစ်ဘန်းစာ ဖုတ်ရန်အတွက်
ရွှေကြည်မှုန့် 800ml
သကြား 800ml
နွားနို့ 300ml
ထောပတ် 250ml
ဆီ 250ml
အုန်းနို့ 400ml ဗူး (3 ဗူး)
နို့စိမ်း 400ml ဗူး (2 ဗူး)
ကြက်ဥ 9 လုံး
ဘိန်းစေ့ အသင့်အတင့်
ဆား အနည်းငယ်
ရေ 200ml
မူရင်း = ဒေါ်ပုလက်ရာ
သင့်မိတ်ဆွေများကိုလည်း ပြန် SHARE ပေးဖို့ မမေ့နဲ့နော်။

No comments:
Post a Comment