Thursday, November 20, 2014
ကျောက်ကပ်တွင်'ကျောက်'မဖြစ်စေရန် ကာကွယ်ခြင်း

----------------------------------------------------------------
ကျောက်ကပ်တွင် ကျောက်တည်ပြီး ရောဂါဝေဒနာကို ခံစားနေရသော ဝေဒနာရှင်များမှ ကျောက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးသတင်းများသို့ မကြာခဏ မေးမြန်းလာကြသည့်အတွက် ကျောက်တည်သည့်ရောဂါ မဖြစ်အောင် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို Myat Thu Ya ၏ ပေးပို့ချက်အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ရှောင်ရန်
ဘီယာ၊ ကွမ်း၊ အရိုးပါဝါးစား၍ရသော ငါးကလေးများ၊
ပုဇွန်ကျော့၊ မှို၊ မျှစ်၊ ဝမ်းတွင်းသားကလီစာများ၊
နီသောအသားများ(အမဲသား ဆိတ်သား စသည်)
(၂) လျှော့စားရန်
ချဉ်ပေါင်၊ ဇီးသီး၊ ဟင်းနုနွယ်ရွက်၊ စတော်ဘယ်ရီသီး၊
ခရမ်းချဉ်သီး၊ ပဲပင်ပေါက်။
(၃) လျှော့သောက်ရန်
လ္ဘက်ရည်၊ ကော်ဖီ၊ နွားနို့ ၊ ချောကလက်တို့ကို
အလွန်အမင်းသောက်ခြင်းမှ ရှောင်ရန်။
(၄) ဆောင်ရန်
ရေများများသောက်ရန် ။
ရေသည်ဆေးပင်ဖြစ်သည်။ ရေများများသောက်ပေးခြင်းဖြင့် ကျောက်
အတုံးအခဲအဖြစ် မဖွဲ့စည်းနိုင်မှီ အမှုန့်ဘဝမှာပင်
ဆီးများများဖြင့် ဆေးချလိုက်သကဲ့သို့ဖြစ်သည်။
တစ်နေ့ ရေသန့်ဗူး(၂)ဗူးခန့် သောက်ပေးရန်။
ရာသီဥတုပူ၍ချွေးထွက်များလျှင် ရေသန့်ဗူး
(၃)ဗူးစာ သောက်ပေးရန်။ သို့တည်းမဟုတ်
'ဆီး အရောင် ကြည်၍ အရောင်မရှိသည်အထိ'
သောက်ပေးရန်။
(ဖျော်ရည် ဖျော်သောက်ခြင်းမျိုး
ဖျော်ရည်ကို ရေအစား သောက်ခြင်းမျိုး မပြုရန်)
ကျောက်ကပ်တွင် ကျောက်တည်ခြင်းရောဂါများ ကင်းဝေးနိုင်ကြပါစေ။
စောနွဲ့ နေဆိုင် (ပူတာအို)
Sent by Myat Thu Ya
ကျန်းမာရေးသတင်းများ
Golden Triangle

Subscribe to:
Post Comments (Atom)
No comments:
Post a Comment