YoYarLayさんはRithar Basnetさん、他4人と一緒やねん
ကြက်မောက်သီးမှ ပေးသော ကျန်းမာရေး အကျိုးကျေးဇူး
ကြက်မောက်သီးဟာ ချိုတဲ့ အရသာရှိလို့ လူတိုင်းနီးပါး ကြိုက်မယ်လို့ ထင်ပါတယ်။ ၎င်းအသီးဟာ ဆေးဖက်ဝင် အသီးတစ်ခုလို့ ဆိုရလောက်အောင် ကျန်းမာရေး အတွက် အတော်လေး အထောက်အကူ ပြုပါတယ်။
ကြက်မောက်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်တဲ့ အပြင် ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိများစွာ ပါရှိပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေပြီး ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်း ရောဂါများ အတွက် အထူးပင် ကောင်းမွန်ပါတယ်။
ဒါ့အပြင် အသားအရည် အတွက် ကောင်းမွန်စေတဲ့ ဆေးစွမ်းတစ်လက ဖြစ်ပါတယ်။ အာဟာရ ဓာတ်များကို ပေးစွမ်းပြီး မောပန်းနေချိန်မှာ စားသင့်တဲ့ အသီးတစ်မျိုး ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကြက်မောက် သီးဟာ ဆေးဖက်ဝင် အစားအစာ တစ်ခုဖြစ်လို့ မှီဝဲပေးသင့်ပါကြောင်း တိုက်တွန်း ပါရစေ။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
www.yoyarlay.com

No comments:
Post a Comment