Saturday, January 31, 2015

တိုင်းပြည်အပေါ်ထားတဲ့ သူတို့စိတ်ရင်း သူတို့အချင်း မုံ့တီဟင်းလို အကွင်းသားပေါ်


တိုင်းပြည်အပေါ်ထားတဲ့ သူတို့စိတ်ရင်း သူတို့အချင်း မုံ့တီဟင်းလို အကွင်းသားပေါ် ============================================လက်ရှိအစိုးရ၏နောက်ဆုံးအသုတ်ဘတ်ဂျက်တောင်းခံမှုသည်ကျပ်ဘီလီယံ၂၀၀၀ကျော်ရှိ။
ယခုဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှတောင်းခံထားသော ဘတ်ဂျက်၂၆၁၂ဘီလျံရှိသည့်အနက်မှ ၃၃%ကို တိုက်ခိုက်ရေး
အသုံးစရိတ်အဖြစ်သုံးစွဲမည်။
(၂၀၁၅ ဘတ်ဂျက်ဥပဒေကြမ်း,ပြည်ထောင်စုလွှတ်တော်)
ပဲခူးတိုင်းဒေသကြီးမှ ဦးမြင့်ထွန်းက လက်ပံတန်းမြို့နယ်
ကွမ်းသီးတစ်ပင်ကျေးရွာရှိ ဥပဓိမကောင်းတော့သော မူလတန်းကျောင်းဆောင်အား အသစ်ဆောက်လုပ်ပေးရန်
အစီအစဉ်ရှိမရှိ မေးမြန်းမှုကို ပညာရေးဒုဝန်ကြီးဒေါက်တာဇော်မင်းအောင်က
`ကျောင်းအလိုက်တန်းစီဇယားအရ ဘတ်ဂျက်လျာထားပြီးဖြစ်၍
ကွမ်းသီးတပင်မူလတန်းကျောင်းဆောင်အတွက် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း´
ပြန်လည်ဖြေကြား။
ဘတ်ဂျက်တင်တယ်ဆိုတာကတော့ ရုံးလုပ်ငန်းပေါ့။အစောက
လက်ပံတန်းမြို့နယ်ထဲကကျောင်းဆို ပြည်ထောင်စုမြန်မာနိုင်ငံ
တော်အစိုးရ ပညာရေးဝန်ကြီးဋ္ဌာန အခြေခံပညာမူလတန်းကျောင်းလို့တောင် ဆိုင်းဘုတ်တင်လို့မသင့်တဲ့အနေအထားဖြစ်နေတော့ ပြင်ဖို့အရန်ထည့်သွင်းပေးထားဖို့လိုတာပေါ့။
(အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်)
news at Daily Eleven,30.1.2015

Friday, January 30, 2015

ကြေးနီစီမံကိန်းသည် ခလေးငယ်များအားပညာမဲ့စေတော့မည်



ကြေးနီစီမံကိန်းသည် ခလေးငယ်များအားပညာမဲ့စေတော့မည်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပုဒ်မ၁၄၄
ထုတ်ပြန်ခံထားရသည့် စာသင်ကျောင်း နှင့် မြေသိမ်းခံထားရသည့်တောင်သူများ၏ ခလေးငယ်များဘဝကို
ကြေးနီစီမံကိန်းသည် ပညာမဲ့ လူလုံးမလှဘဝအဖြစ်တွန်းပို့နေပြီ။
ဆည်တည်းရွာ၌ မြေသိမ်းခံနေရသော မိဘများ၏ ကျောင်းနေ သူ ကျောင်းသားများ၁၁၇ ယောက်ရှိသည်။
၃၀၊၁၊၂၀၁၅
ဆည်တည်းရွာ

ငါတို့ ကျောင်းလေး ပြန်ပေးပါ



ဒီကနေ့ အတွက်ကဗျာ။
..........................................................................................................
ငါတို့ ကျောင်းလေး ပြန်ပေးပါ
ကျောက်တုံးကြီးရေ
ရွာမှာဆို မင်းက ဆင်ကြီး
ငါတို့ က ဆင်ဦးစီးပေါ့၊
တို့ ကျောင်းပေါ်မှာ
‘ကဒို’ ‘ခကဝေါ်’
တစာစာအော်တော့
မင်းကတို့ ကို တမျော်မျော်နဲ့ ။
မင်းကျောပေါ်ကို တို့ တက်စီး
ဟဲ့ ဆင်ကြီးလို့ ငါတို့ အော်
ငါတို့ လည်းပျော်
မင်းလည်းပျော်ပေါ့။
အခုတော့လည်း
ကျောင်းတိုင်မီးစွဲ
အပျော်တွေစဲ အဖော်တွေလည်းကွဲလို့ ။
သူငယ်ချင်းတို့ ရေ
တို့ တတွေ ဆင်လုပ်စီးတဲ့
ကျောက်တုန်းကြီးတွေ
သင်ပုန်ကြီးတွေ ဖြစ်နေပြီ။
မင်းတို့ တွေလည်း
ဘယ်ကိုရောက်လို့ 
ဘယ်ကျောက်ဆောင်နား ခိုနား
ဘယ်လိုတွေ သင်ကြားနေသလဲ။
ပေါ်တာပါသွားတဲ့
တို့ ဆရာလေး
အသက်မှ ရှင်သေးရဲ့ လား။
လက်ရေးလှလှ ရေးကြနော်လို့ 
တကြော်ကြော်အော်တဲ့ ဆရာမလေးရေ
ကျောက်တုံးကြီးတွေပေါ်က
စာလုံးစောင်းစောင်းကြီးတွေကို
ငါ လှအောင်လည်း မရေးနိုင်တော့ဘူး။
တို့ ခိုလှုံရာ
တောတောင်တွေဆိုတာကလည်း
ကျိန်စာတွေသင့်နေသလိုဘဲ
တနေ့ တလုံး
တ၀ုန်းဝုန်းနဲ့ ဗုံးတွေကွဲလို့ ။
ဒီလိုနဲ့ ဘဲ
ဒီနေ့ ဒီနေရာ
နောက်နေ့ ဘယ်နေရာဆိုတာ
ဘယ်သူမှလည်း မပြောနိုင်ကြဘူး။
တို့ ပြောနိုင်တာ ငှက်ဖျား
သူကတော့ သစ္စာတရား တအားကြီးတယ်
တနေ့ တခါ
တို့ ဘ၀ထဲကို မှန်မှန်လာတယ်။
သူလာရင် ငါမပျော်ပေမယ့်
ငါအော်ချင်တာ အော်လို့ ရတယ်။
သူငယ်ချင်းတို့ ရေ…..
ဒီနေ့ လည်း
ငါ အော်ရဦးမယ်
ငါတို့ ကျောင်းလေးပြန်ပေးပါလို့ ။
ခိုင်မာကျော်ဇော
(ဇန်န၀ါရီလ ၁၉၊ ၂၀၁၅)

Tuesday, January 27, 2015

「かんたん香味鶏」

「かんたん香味鶏」
オリーブジュース100%オイル<キヨエ>は、鶏肉との相性がよく今回は鶏肉は塩コショウでシンプルに。香りある大葉と茗荷とねぎを添えて口の中で味を重ねるキヨエらしい簡単レシピです。
大葉と茗荷でいただく鶏肉レシピ
VALOX.JP

Monday, January 19, 2015

ဘယာကြော်


ဘယာကြော်
***... ဘယာကြော် အတွက် လိုအပ်တာလေးတွေ
1. ကုလားပဲ – 1 cup (250 ml)
2. ဂျင်း – လက်မ တစ်ဆစ် အရွယ်ခန့်
3. ကြက်သွန်ဖြူ အတက်ကြီး – ၂ တက်
4. ငရုတ်သီးစိမ်း – ၄ တောင့်
5. ပါးပါးသေးသေး အတုံးလေးများလှီးထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၅ ဇွန်းခန့်
6. ခပ်ကြမ်းကြမ်းလှီးထားသော ပျဉ်းတော်သိမ်ရွက် (curry leave) – ၂ ခက် (လှီးပြီးနောက် ထမင်းစားဇွန်း ၂ ဇွန်းခန့်)
7. ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် (သို့) ပူစီနံ – ထမင်းစားဇွန်း ၂ ဇွန်းခန့်
8. ကုလားပဲ အစိမ်းမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
9. ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
10. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
11. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
12. မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
13. hing – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန့် (ထည့်နိုင်ရင် ပိုမွှေးပြီး အစာကြေလွယ်ပေမယ့် မထည့်လည်းရပါတယ်)
အနည်းဆုံး ၆ နာရီခန့်ရေစိမ် ထားသော ကုလားပဲကို တတ်နိုင်သမျှ ရေကုန်အောင် စစ်ထားပါ။ (ရေကျန်များပါက ကြော်ရန်အတွက် ပုံသွင်းသောအခါ အဆင်မပြေ ဖြစ်တတ် ပါတယ်။)
ဂျင်း၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို အတော်လေး ကြေသွားအောင် ကြိတ်ပေးပါ။
ပြီးလျှင် ရေစိမ်ပြီး၊ ရေစစ်ထားသော ကုလားပဲထည့်ကာ အရမ်းကြေညက်သွားအောင် မကြိတ်ပဲ စလုံးစခုလေးများ ကျန်အောင် ကြိတ်ပေးပါ။
ထို့နောက် ပါဝင်ပစ္စည်းများအားလုံး ဇလုံတစ်လုံးထဲ ထည့်ကာ နှံ့သွားအောင် ရောနယ်ပေးပါ။
ပြီးနောက် ထမင်းစားဇွန်း ၁ ဇွန်းခန့်စီယူပြီး ဘယာကြော်ပုံလေးများလုပ်ကာ medium heat ဖြင့် အပူပေးထားသော ဆီပူထဲ ထည့်ကြော်ပါ။ (မီးအပူရှိန် ပြင်းပြင်း high heat ဖြင့် မကြော်ရပါ။)
အိုးမကြပ်အောင်ထည့်ကာ နှစ်ဖက်လုံး ရွှေဝါရောင်ဖြစ်လာအောင် ဟိုဖက်ဒီဖက်လှန်ပြီး ကြော်ပေးပါ။
ကြော်ပြီးနောက် paper towel ပေါ်တင်၍ ဆီစစ်ကာ ကြွပ်ရွမွှေးပျံ့နေသော ဘယာကြော်လေးကို နည်းမျိုးစုံဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Wednesday, January 14, 2015

"နေ့ချင်း ညချင်းစီးပွါးတက်"


"နေ့ချင်း ညချင်းစီးပွါးတက်"
# ဒီလိုပါဗျာ ခုတစ်လောကျွန်တော်အလုပ်
များနေလို့ လိုင်းပေါ် ၃/၄ ရက်လောက်မ
တက်နိုင်ခဲ့ပါဘူး ဖွင့်ကြည့်လိုက်တော့ cb
ထဲမှာ အစီအမံတစ်ခုခုတင်ပေးဖို့တောင်း
ဆုထားတာတွေ တွေ့ရပါတယ်
# ကြေးလင်ဗန်းအသေး ၂ ချပ် ထဲမှာ ချင်း
တက် ၂ တက် ခွဲထည့်ပါ တစ်တက်မှာ"နေ့"
လို့ရေးပြီး ကျန်တစ်တက်မှာ"ည"လို့ရေးပါ
# ချင်းတက်ပေါ်မှာပုံပြထားတဲ့အတိုင်းအပ်
တင် မတ်စေ့တင်ပါ
# နေ့စဉ် နေ့ဘက်တစ်ကြိမ်/ညဘက်တစ်
ကြိမ် ဖယောင်းအစိမ်းရောင်ထွန်းပေးရုံပါ
ဘဲ သဗၺေဇယ်မဂၤလာ ဂါထာ(ဒိဝါသဗၺတိ)
နဲ့ပုတီးတစ်ပတ်စိပ်ပေးပါ
# ပါးစပ်မှ နေ့ချင်း ညချင်းစီးပွါးတက်ရပါ
စေ အလုပ်အကိုင်ပွင့်လန်းပါစေ ဟုဆု
တောင်းပါ
(မှတ်ချက်) ဘာသာခြားများပြုလုပ်လိုလျှင်
ပုတီးစိပ်ရန်မလိုပါ
money money come to me ဟု ၂၇
ခေါက်ရွတ်ပေးပါ။
အင်မတန်မှအကျိုးထူးသည်ကိုသင်ကိုယ်
တိုင်လက်တွေ့လုပ်ပြီးမှကျေးဇူးတင်နေပါ
လိမ့်မယ်-----