ဒီကနေ့ အတွက်ကဗျာ။
..........................................................................................................
ငါတို့ ကျောင်းလေး ပြန်ပေးပါ
..........................................................................................................
ငါတို့ ကျောင်းလေး ပြန်ပေးပါ
ကျောက်တုံးကြီးရေ
ရွာမှာဆို မင်းက ဆင်ကြီး
ငါတို့ က ဆင်ဦးစီးပေါ့၊
တို့ ကျောင်းပေါ်မှာ
‘ကဒို’ ‘ခကဝေါ်’
တစာစာအော်တော့
မင်းကတို့ ကို တမျော်မျော်နဲ့ ။
မင်းကျောပေါ်ကို တို့ တက်စီး
ဟဲ့ ဆင်ကြီးလို့ ငါတို့ အော်
ငါတို့ လည်းပျော်
မင်းလည်းပျော်ပေါ့။
အခုတော့လည်း
ကျောင်းတိုင်မီးစွဲ
အပျော်တွေစဲ အဖော်တွေလည်းကွဲလို့ ။
သူငယ်ချင်းတို့ ရေ
တို့ တတွေ ဆင်လုပ်စီးတဲ့
ကျောက်တုန်းကြီးတွေ
သင်ပုန်ကြီးတွေ ဖြစ်နေပြီ။
မင်းတို့ တွေလည်း
ဘယ်ကိုရောက်လို့ 
ဘယ်ကျောက်ဆောင်နား ခိုနား
ဘယ်လိုတွေ သင်ကြားနေသလဲ။
ပေါ်တာပါသွားတဲ့
တို့ ဆရာလေး
အသက်မှ ရှင်သေးရဲ့ လား။
လက်ရေးလှလှ ရေးကြနော်လို့ 
တကြော်ကြော်အော်တဲ့ ဆရာမလေးရေ
ကျောက်တုံးကြီးတွေပေါ်က
စာလုံးစောင်းစောင်းကြီးတွေကို
ငါ လှအောင်လည်း မရေးနိုင်တော့ဘူး။
တို့ ခိုလှုံရာ
တောတောင်တွေဆိုတာကလည်း
ကျိန်စာတွေသင့်နေသလိုဘဲ
တနေ့ တလုံး
တ၀ုန်းဝုန်းနဲ့ ဗုံးတွေကွဲလို့ ။
ဒီလိုနဲ့ ဘဲ
ဒီနေ့ ဒီနေရာ
နောက်နေ့ ဘယ်နေရာဆိုတာ
ဘယ်သူမှလည်း မပြောနိုင်ကြဘူး။
တို့ ပြောနိုင်တာ ငှက်ဖျား
သူကတော့ သစ္စာတရား တအားကြီးတယ်
တနေ့ တခါ
တို့ ဘ၀ထဲကို မှန်မှန်လာတယ်။
သူလာရင် ငါမပျော်ပေမယ့်
ငါအော်ချင်တာ အော်လို့ ရတယ်။
သူငယ်ချင်းတို့ ရေ…..
ဒီနေ့ လည်း
ငါ အော်ရဦးမယ်
ငါတို့ ကျောင်းလေးပြန်ပေးပါလို့ ။
ခိုင်မာကျော်ဇော
(ဇန်န၀ါရီလ ၁၉၊ ၂၀၁၅)
ရွာမှာဆို မင်းက ဆင်ကြီး
ငါတို့ က ဆင်ဦးစီးပေါ့၊
တို့ ကျောင်းပေါ်မှာ
‘ကဒို’ ‘ခကဝေါ်’
တစာစာအော်တော့
မင်းကတို့ ကို တမျော်မျော်နဲ့ ။
မင်းကျောပေါ်ကို တို့ တက်စီး
ဟဲ့ ဆင်ကြီးလို့ ငါတို့ အော်
ငါတို့ လည်းပျော်
မင်းလည်းပျော်ပေါ့။
အခုတော့လည်း
ကျောင်းတိုင်မီးစွဲ
အပျော်တွေစဲ အဖော်တွေလည်းကွဲလို့ ။
သူငယ်ချင်းတို့ ရေ
တို့ တတွေ ဆင်လုပ်စီးတဲ့
ကျောက်တုန်းကြီးတွေ
သင်ပုန်ကြီးတွေ ဖြစ်နေပြီ။
မင်းတို့ တွေလည်း
ဘယ်ကိုရောက်လို့ 
ဘယ်ကျောက်ဆောင်နား ခိုနား
ဘယ်လိုတွေ သင်ကြားနေသလဲ။
ပေါ်တာပါသွားတဲ့
တို့ ဆရာလေး
အသက်မှ ရှင်သေးရဲ့ လား။
လက်ရေးလှလှ ရေးကြနော်လို့ 
တကြော်ကြော်အော်တဲ့ ဆရာမလေးရေ
ကျောက်တုံးကြီးတွေပေါ်က
စာလုံးစောင်းစောင်းကြီးတွေကို
ငါ လှအောင်လည်း မရေးနိုင်တော့ဘူး။
တို့ ခိုလှုံရာ
တောတောင်တွေဆိုတာကလည်း
ကျိန်စာတွေသင့်နေသလိုဘဲ
တနေ့ တလုံး
တ၀ုန်းဝုန်းနဲ့ ဗုံးတွေကွဲလို့ ။
ဒီလိုနဲ့ ဘဲ
ဒီနေ့ ဒီနေရာ
နောက်နေ့ ဘယ်နေရာဆိုတာ
ဘယ်သူမှလည်း မပြောနိုင်ကြဘူး။
တို့ ပြောနိုင်တာ ငှက်ဖျား
သူကတော့ သစ္စာတရား တအားကြီးတယ်
တနေ့ တခါ
တို့ ဘ၀ထဲကို မှန်မှန်လာတယ်။
သူလာရင် ငါမပျော်ပေမယ့်
ငါအော်ချင်တာ အော်လို့ ရတယ်။
သူငယ်ချင်းတို့ ရေ…..
ဒီနေ့ လည်း
ငါ အော်ရဦးမယ်
ငါတို့ ကျောင်းလေးပြန်ပေးပါလို့ ။
ခိုင်မာကျော်ဇော
(ဇန်န၀ါရီလ ၁၉၊ ၂၀၁၅)




No comments:
Post a Comment