Friday, July 24, 2015

ထိုင်းငါးပိထောင်း




ထိုင်းငါးပိထောင်း
•••••••••••••••••
(ဒုတိယအကြိမ်)

ထိုင်းငါးပိထောင်းဆိုတဲ့အတိုင်းထိုင်းအရသာအစစ်အမှန်ကိုစားချင်တယ်ဆိုရင်တော့ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေကိုသုံးစွဲဖို့တော့လိုအပ်ပါမယ်ခင်ဗျာ။

ထိုင်းငါးပိ(ရွက်လှေတံဆိပ်)ဗူးသေး.......၁ဗူး
ပုစွန်........................................၁၀ကျပ်သား
ငရုတ်သီးစိမ်း.............................၁၅တောင့်ခန့်
ကြက်သွန်ဖြူ.............................၅တက်
ကစော်ခါးသီး.............................၁၀လုံးခန့်
သံပုရာရည်...............................၃ဇွန်း
ငါးငံပြာရည်...............................၂ဇွန်း
ထိုင်းကြံသကာအနှစ်....................၁ဇွန်း

တွဲဖက်စားရန်
••••••••••••••

ဘဲဥဆူးပုတ်ရွက်ကြော်
ပလာတူးငါးကင်..နှင့်
မိမိနှစ်သက်ရာတို့စရာအစုံ

ပထမဆုံးအိုးဖုံးပါးလေးမှာငါးပိကိုပြားပြီးမီးအေးအေးမှာကင်ပေးပါ။

ပုစွန်ကိုအခွံခွာပြီး...ကျက်သွားအောင်အိုးကင်ပူတိုက်ပါ

ငရုတ်ဆုံကျယ်ကျယ်(သစ်သားဆုံ)မှာငရုတ်သီး
စိမ်းနှင့်ကြက်သွန်ဖြူကိုခပ်ကြမ်းကြမ်းထောင်းပါ။

မီးကင်ထားတဲ့ငါးပိနှင့်ကြံသကာအနှစ်ကိုထည့်ပေါင်းထောင်းပါ။

အိုးကင်ပူတိုက်ထားတဲ့ပုစွန်တွေထဲမှ(၃)ကောင်လောက်ကိုအလှဆင်ရန်ချန်ထားပြီးကြိတ်ချေ
ထောင်းပါ။

ကစော်ခါးသီးထက်ဝက်ခန့်ကိုလဲမညှက်တညှက်ထည့်ထောင်းပါ။

ငါးငံပြာရည်၊သံပုရာရည်၊သကြားအနည်းငယ်တို့ဖြင့်အရသာဖြည့်စွက်ပါ။

ပန်းကန်လုံးတစ်ခုထဲသို့ကော်ထည့်ပြီးလက်ကျန်ပုစွန်၊ငရုတ်တောင့်နီ၊ကစော်ခါးသီးလေးများဖြင့်အလှဆင်ပေးပါ။

တွဲဖက်အဖြစ်ဘဲဥ၊ဆူးပုတ်ကြော်ကိုအချပ်လိုက်ရအောင်ကြော်ပြီးလေးထောင့်ချပ်လေးများအဖြစ်လှီး
ဖြတ်ပါ။

ပလာတူးငါးကိုမီးအေးအေးမှာကင်ပါ။အခြားအသီးအရွက်များလိုလိုအပ်သလိုပြင်ဆင်ပြီးတွဲဖက်သုံးဆောင်ပါ။

photo credit .Thai Foods Magazine.

Thursday, July 23, 2015

အိုကြီး အိုမနဲ့ အမေအိုအရွယ်တွေဈေးရောင်းနေတာတွေ့ရင် ဈေးမစစ်ကြပါနဲ့နော် ဈေးပိုပေးပီးဝယ်ကြပါ

အိုကြီး အိုမနဲ့
အမေအိုအရွယ်တွေဈေးရောင်းနေတာတွေ့ရင်
ဈေးမစစ်ကြပါနဲ့နော် ဈေးပိုပေးပီးဝယ်ကြပါ

မင်းကရော နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲ။

မင်းကရော နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲ။
==============================
တကယ်တော့ ဒီမေးခွန်းဟာ..
လက်ရှိအစိုးရရဲ့ မတရားမှု့တွေနဲ့
ကိုယ်ချင်းစာမှု့ မရှိတာတွေကို ထောက်ပြ ရေးသားတိုင်း
အရိုးအရင်းကိုက်ပြီး ဟောင်တတ်တဲ့ သူတွေနဲ့
အတွေးအခေါ် မရှိတဲ့
တဘို့ထဲ သမားတွေ
ကွန်မန့်မှာ ရေးလာတဲ့ မေးခွန်း။
တခါတခါမှာ ..
အတွေးအခေါ် တိုးတက်စေတဲ့ စာတွေကိုလည်းမဖတ်။
သင်ယူပြီး တတ်ထားတဲ့ ပညာကြတော့လည်း တဘို့ထဲ ကြည့်တဲ့ စိတ်တွေနဲ့ဆိုတော့..
ကိုယ့်ဖက်ကိုပဲ ကြည့်တတ်ကြတာ။
အမှား အမှန်ကို
မခွဲတတ်တော့တာဟာလည်း
ထူးတော့ မထူးဆန်းတော့ပါဘူး။
အဲဒီလိုလူတွေက
ကိုယ်ကျိုးအတွက်
ဘုရားမှတ်ပြီး ကိုးကွယ်ထားတဲ့ သူတွေ ကိုယ်တိုင်
ပညာမရှိ အတွေးအခေါ် မရှိကြတာ
လူတိုင်းအသိ။
ဒါ့ကြောင့်..
ဒီပုတ်ထဲက ဒီပဲ
ဒီလိုချည်း ဖြစ်ကုန်ကြတာလည်း
ဆန်းတော့ မဆန်းဘူးလို့ ပြောရမှာပါ။
တကယ်တော့ ဒီစာစုဟာ..
အဲဒီလို အတွေးအခေါ် မရှိသူတွေ သိစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာ
ဆိုရင် ပိုပြီးတော့ မှန်ပါတယ်။
တရုတ်ပြည်
.....................
တရုတ်ပြည်ဆိုရင် လူတိုင်းသိကြမှာဖြစ်ပေမယ့်..
သူ့နိုင်ငံ ဘာလို့ တိုးတက်လာခဲ့ရတာလဲ။
တချိန်က နယ်ချဲ့ လက်အောက်ကနေပြီး
ဘာလို့ လွတ်မြောက်ခဲ့ရတာလည်းမေးရင်တော့ ..
လူအနည်းငယ်ပဲ သိကြတော့မှာပါ။
ဒီနေရာမှာ
လီပင်းဆိုတဲ့ လူတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။
အဲဒီ လီပင်းငယ်ငယ်က
တရုတ်ပြည်ကြီးမှာ
ဆရာဝန်တွေကလည်း နည်းပါးတဲ့ အချိန်။
ကံဆိုးချင်တော့..
တရုတ်ပြည်ကြီး တပြည်လုံး ရောဂါအမျိုးမျိုးဖြစ်ကြတဲ့အခါ
သူ့မိသားစုဝင် တချို့နဲ့
သူ့ရွာက လူတွေ တော်တော်များများဟာ
သူ့မျက်စိရှေ့မှာပဲ သေဆုံး ကုန်ကြတယ်။
ဒါကြောင့်..
လီပင်းဟာ ငယ်ငယ်လေး ကတည်းက
လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဆရာဝန်ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့သူ။
တကယ်လည်း..
အဲဒီရည်ရွယ်ချက် နဲ့ ကြိုးစားခဲ့သူ။
နောက်ဆုံး .
ကူညီထောက်ပံ့မယ်သူကလည်းရှိတဲ့အခါမှာ
ဆရာဝန်ဘွဲ့ယူဖို့ နိုင်ငံခြားအထိ ရောက်ခဲ့တဲ့သူ ဖြစ်တယ်။
ဆရာဝန်ဘွဲ့ ယူခါနီးဆဲဆဲ
တနေ့တော့ ...
လီပင်းဟာ စာအုပ်တစ်အုပ်ကို ဖတ်မိလိုက်တယ်။
ဝုန်းကနဲထ။
ပစ္စည်းတွေသိမ်းရင်း
ဆရာဝန်ဘွဲ့တောင် မယူတော့ပဲ တရုတ်ပြည်ကို ပြန်ခဲ့တယ်။
သူစဉ်းစားတာက..
ဆရာဝန်ဆိုတာ
တာဝန်ကျရာဒေသက လူတွေရဲ့ အသက်ကိုပဲ ကယ်တင်နိုင်တာ။
ဒီလောက်ကြီးမားတဲ့ တရုတ်ပြည်ကြီး တစ်ခုလုံးက
သူ့လူမျိုးတွေကို ကယ်တင်ဖို့..
အသိဥာဏ် ပညာဖွင့်ပေးဖို့ကတော့
စာပေကသာ ဖြစ်နိုင်လိမ့်မယ်လို့ တွေးရင်း
ပြည်သူ့အကျိုးပြု စာပေတွေကို ရေးလိုက်တာ
တနိုင်ငံလုံးလည်း မျက်စိပွင့် နားပွင့်လာပြီး
နယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှု့တွေ အားကောင်းလာခဲ့တယ်။
တကယ်တော့..
တရုတ်ပြည်ကြီး နယ်ချဲ့ လက်အောက်က လွတ်မြောက်လာခဲ့ရတာ။
ဒီနေ့ တရုတ်ပြည်ကြီး တိုးတက်လာခဲ့ရတာတွေဟာ
တရုတ်စာရေးဆရာကြီး လီပင်းရဲ့ စာပေတွေက
များစွာ အထောက်အပံ့ဖြစ်စေခဲ့တယ်ဆိုတာ
ဒီနေ့အထိလည်း တရုတ်ပညာရှင်တော်တော်များများက
လက်ခံထားဆဲပဲဆိုတာ စာပေလိုက်စားသူ အားလုံးအသိ။
အဲဒီလို ပြည်သူ့ အကျိုးပြု စာပေတွေရေးရင်း
ပြည်သူကို မျက်စိဖွင့် နားဖွင့်ပေးခဲ့တဲ့ လီပင်းကို
မင်းက နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲလို့ မေးရင်
သူက ဘယ်လိုဖြေမလဲ။
အဲဒီလို မေးတဲ့သူဟာ ဦးနှောက်ရှိရဲ့လား။
မြန်မာနိုင်ငံမှာလည်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို
စာရေးဆရာကြီးတွေ ရှိခဲ့ဖူးပါတယ်။
သူ့ကိုရော နိုင်ငံအတွက် ဘာလုပ်ပေးခဲ့လဲလို့ မေးမှာလား။
စာရေးပြီး ပြည်သူကို မျက်စိဖွင့် နားဖွင့်ပေးတဲ့အလုပ်ဟာ
နိုင်ငံအတွက် အကျိုးပြုရာ မရောက်ဘူးလား။
ဒါဆိုရင်..
နိုင်ငံအတွက် အလုပ် လုပ်ပေးတယ် ဆိုတာကရော
ဘယ်လိုမျိုးလဲ ။
မြစ်ကူးတံတားကြီးကို နိုင်ငံပိုင်ပိုက်ဆံတွေနဲ့ ဆောက်ပေးလိုက်ရင်း
ဝန်ကြီးနဲ့ ညွှန်ချုပ်တွေ ကားအသစ်ကြီးတွေ ရသွားတာကို ပြောတာလား။
စီမံကိန်း အတွက်မြေတွေသိမ်းရင်း
နိုင်ငံခြားကုမ္ပဏီတွေကို ပြန်ရောင်းတဲ့အခါ
တာဝန်ရှိသူတွေရဲ့ ဘဏ်အကောင့်ထဲ အပ်ငွေတွေများပြားလာတာကိုပဲ
နိုင်ငံအတွက် အလုပ်လုပ်တယ်လို့ ပြောမှာလား။
ဒါကြောင့်..
စဉ်းစားဥာဏ် ချို့တဲ့ပြီး တဘို့ထဲပဲ ကြည့်တဲ့ စိတ်မျိုးတွေနဲ့
မင်းကနိုင်ငံအတွက် ဘာလုပ်ပေးပြီးပြီလဲ မမေးကြပါနဲ့။
ကိုယ့်ပိုက်ဆံကိုယ်သုံးရင်းနဲ့
ဆင်းရဲနေတဲ့ပြည်သူတွေကို
ထပ်မံဒုက္ခမရောက်ရလေအောင်
အစိုးရရဲ့ မတရားမှု့တွေကို
အမှန်ကို အမှန်အတိုင်းမြင်အောင်
ရေးသားနေကြခြင်းဟာလည်း
ပြည်သူကို
မျက်စိဖွင့် နားဖွင့်ပေးခြင်း မဟုတ်ဘူးလား။
အများအတွက် အလုပ် လုပ်ပါတယ်ဆိုတာကို သိရအောင်
အလှူတစ်ခုလုပ်ပြီးတိုင်း ဖေ့ဘုတ်မှာ ခဏခဏ တင်နေရမှာလား။
တဦးတစ်ယောက်ကို ကူညီလိုက်တိုင်း အဲဒီလူတွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး
မိမိဘယ်လိုလူမျိုးပါ ဆိုတဲ့အကြောင်း မဏ္ဏပ်တိုင် မကြာခဏ တက်ပြရမှာလား။
ပြည်သူ့ဘဏ္ဏာငွေတွေကို ဖြုန်းတီးရင်း ...
ကိုယ်ကျိုးကြည့် ချမ်းသာသွားသူတွေလို
တခုခုလုပ်ပြီးတိုင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပြသမှ နိုင်ငံအတွက် အလုပ်လုပ်တယ်လို့
ယူဆနေကြတာလား။
ခင်ဗျားတို့ရဲ့....
ခပ်နိမ့်နိမ့်အတွေးအခေါ်တွေနဲ့ ကွန်မန့်လာပြီးမရေးကြပါနဲ့ဗျာ။
တကယ်တော့..
ခင်ဗျားတို့ ကိုးကွယ်တဲ့ သူတွေပြောသလို
သူက နိုင်ငံအတွက် မြက်တစ်ပင်တောင် စိုက်ဖူးရဲ့လားဆိုတဲ့
စကားကို ခင်ဗျားတို့က သံယောင်လိုက် နေကြတာလို့ပဲ.ထင်ပါတယ်။
ခင်ဗျားတို့ စားဖို့အတွက်
မြက်စိုက်တာမျိုးကိုမှ နိုင်ငံ အတွက်
အလုပ်လို့ ထင်နေရင်လည်း
မြက်များများ စိုက်ပေးရုံတင်မကပါဘူး...
နှမ်းဖတ်နဲ့ အမဲရိုးတွေလည်း ရှိပါတယ်။
ဒါပေမယ့်..
ခင်ဗျားတို့ အဘတွေ
အုပ်ချုပ်တဲ့ ခေတ်ကြီးထဲမှာ
နိုင်ငံကတော့ တိုးတက်မလာပဲ
နိုင်ငံလည်းမွဲ
ပြည်သူလည်း ဆင်းရဲပြီး
ခလေးတွေက အစ
အောက်ကပုံထဲကလို အဖြစ်ဆိုးတွေ ရောက်ကုန်တာတော့
မြင်အောင်ကြည့်ကြပါလို့ ရေးသားရင်း
ဘုန်းထက်ကြယ်

မုန့်မောင်နှံ(သို့)မုန့်လင်မယား ကိုယ်တိုင်လုပ်ချင်သူများအတွက်

မုန့်မောင်နှံ(သို့)မုန့်လင်မယား ကိုယ်တိုင်လုပ်ချင်သူများအတွက်
------
ဆန်မှုန့်.....၅ဇွန်း (ထမင်းစားဇွန်း)
ကောက်ညှင်းမှုန့်.....၂ဇွန်း(....။....)
ပဲမှုန့်(အစိမ်း).....၂ဇွန်း (....။....)
ကြက်ဥ....၁လုံး(ခေါက်ထားပါ)
ကြက်ဥမထည့်ချင်လဲရပါတယ်
ပဲပြုတ်.. ...လိုသလောက်
နံနံပင်.. ..။....(သေးသေးဖြတ်ထားပါ)
ကြက်သွန်မြိတ်.. ..။
ဆား.....၂ဇွန်း (လက်ဖက်ရည်ဇွန်း)
ကြက်သားမှုန့်.. ..အနည်းငယ်
ရေ.....၅၀၀ml(လိုရင်နဲနဲထပ်ထည့်ပါ)
ဆန်မှုန့် +ကောက်ညင်းမှုန့်+ပဲမှုန့်ကို ရေနဲ့
ကျေအောင်ဖျော် ပြီးမှ ဆား ကြက်ဥ
ကြက်သားမှုန့် ထည့်ပါ
မုန့်အိုးကို မကြော်ခင် ၁နာရီလောက်အလို ဆီသုတ်ထားပါ (non stick အိုးဆိုရင်
တော့မလိုပါဘူး)
ကြော်မယ်ဆိုမှနံနံပင် ကြက်သွန်မြိတ်ပါ
ရောထည့်မွေပါ
အိုးပူလာရင် ဆီများများထည့် မုန့်ရည်ကို
မွှေပြီးထည့်ပါ ပဲပြုတ် ထည့်ပါ
စစကြော်ချင်းဆို ကပ်ပါတယ်
မီးအေးအေးနဲ့ပဲကြော်ရင် သိပ်မကပ်ပါဘူး
မုန့်ကျက်ရင် ဇွန်းအဖျားနဲ့ ဖြည်းဖြည်းချင်း
ကော်ပါ ၂ခုထပ်လိုက်ရင်ရပါပြီ
မုန့်ကို ခနခနလှည့်ကြော်ပေးရင်ပိုကြွပ်ပါ
တယ်
ချဉ်စပ် လုပ်ချင်ရင် မုန့်ထဲကို ခရမ်းချဉ်သီး
ငရုတ်သီးကို ပါးပါးသေးသေး ညှပ်ထည့်ရင်
ရပါတယ်
ငုံးဥနဲ့ ကြော်မယ်ဆိုရင် မုန့်ရည်
ကို တ၀က်ပဲထည့် ငုံးဥဖောက်ထည့်လိုက်ပါ
ဒါဆို ရပါပြီ ရှင်
Myanmar Snacks ( မြန်မာ မုန့် ပဲ သွားရည်စာများ )
http://www.lwinpyin.com/2015/05/blog-post_816.html

နိုင်လွန်ပုဇွန်ပြုလုပ်နည်း

နိုင်လွန်ပုဇွန်ပြုလုပ်နည်း
နိုင်လွန်ပုဇွန်ပြုလုပ်ရာမှာအခွံကအဓိကပါဖက်ထုပ်အခွံကဝယ်သုံးလို့ရပေမဲ့ဒီဟာကဝယ်ပြီးသုံးလို့မရတော့ကိုယ်တိုင်လုပ်ရပါတယ် internet မှာတင်ထားတဲ့အချိုးတွေလဲတစ်ခုနဲ့တစ်ခုမတူကြပါဘူးကျွန်မလဲ၂ရက်၃ရက်လောက်အချိုး၆မျိုးလောက်လုပ်ကြည့်ပြီးမှပျော့ပျော့စေးစေးလေးစားကောင်းတဲ့ဒီအချိုးကိုရပါတယ်
အခွံအတွက်လိုအပ်တာလေးတွေက
ဂျုံကော် ( wheat starch ) ၁ခွက်
မွှေးကော်မှုန့် (tapioca starch) ၁ခွက်
ရေနွေးဆူဆူ ၁ခွက်
ဆား နဲနဲ
သကြား လဖက်ဇွန်း ၂ဇွန်းခန့်
ဆီ လက်ဖက်ဇွန်း၂ဇွန်း
အချိုးက ၁:၁:၁ပေါ့ဘယ်ခွက်နဲ့ဖြစ်ဖြစ်၁ခွက်စီပေါ့နော်
အကြမ်းပုဂံနဲ့တစ်ခွက်လောက်ဆို၂၅ခု၊၃ဝခုလောက်ရမယ်ထင်တယ်
အမှုန့်၂မျိုးနဲ့ဆား သကြားကိုဇလုံတစ်လုံးထဲအရင်ရောမွှေထားပါဆီထဲ့ ပါနောက်ပြီးရေနွေးဆူဆူရောပြီးမွှေပါလက်နဲ့ကိုင်နိုင်တဲ့အနေလောက်ဆိုလက်နဲ့သေချာစေးနေအောင်နယ်ပါလက်နဲ့ဆွဲလို့ပြတ်မထွက်ဘဲရှည်ထွက်လာရင်ရပါပြီ ကွမ်းသီးလုံးလောက်အလုံးလေးတွေလုံးထားပါပြီးလျှင်တစ်လုံးစီပါးနိုင်သလောက်ပါးပါးလှိမ့်ပြီးပြားပါ ထိုအပြားပေါ်မှနို့ဆီခွက်ဖြင့်ပင်ဖြစ်စေအဝိုင်းလေးဖြတ်ပါထိုနည်းအတိုင်းလိုသလောက်လုပ်ထားပါ။
အသားကတော့
ပုဇွန် ၃၀သား
ဥနီ ၁တောင့်
ကော်မှုန့် ၂ဇွန်း
ကြက်သွန်ဖြူ ၄,၅တက်
ဂျင်း လက်တစ်ဆစ်
ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း၁ဇွန်း
ခရုဆီ ၁ဇွန်း
နှမ်းဆီမွှေး လက်ဖက်စားဇွန်း၁ဇွန်း
ဆား ၊သကြား၊ဟင်းချိုမှုန့် သင့်ရုံ
ပါဝင်ပစ္စည်းများအားလုံးကြိတ်ချေရောမွှေပါ
အခွံတစ်ရွက်ယူပြီးပုဇွန်ချေနယ်ထားသည်များထည့်ပါ
အခွံတစ်ဖက်ကိုအတွန့်လေး၃,၄ခုလောက်တွန့်ပြီးအခြားတဖက်ကိုအတွန့်လေးဖက်သို့ဆွဲကပ်ပေးလိုက်ပါ

မိမိအိမ်တွင်လာဘ်တိတ်စေသောအချက်များ

မိမိအိမ်တွင်လာဘ်တိတ်စေသောအချက်များ
၁။မီးဖိုအားစလောင်းဖုံအုပ်ခြင်း
၂။အိမ်ထောင်ဦးစီးလင်ယောကျာ်းအားနိမ့်ကျသောနေရာတွင်ထားခြင်း
၃။မိမိဇနီးသည်အားညာဖက်တွင်အိပ်စေခြင်း
၎။စားသောက်သောအိုးခွက်ပုဂံများအားလွှင့်ပစ်ခြင်း
၅။ထမင်းဟင်းချက်ရင်းသီချင်းဆိုခြင်း
၆။နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း
၇။နေဝင်မိုးချုပ်လေချွန်ခြင်း
၈။နေမထွက်ခင်ကြွေးပေးကြွေးယူကြွေးတောင်းခံရခြင်း
၉။နေဝင်နေထွက်ချိန်သန်းရှာခြင်း
၁၀။နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း
၁၁။နေမွန်းတည့်ချိန်တရိစ္ဆာန်များအားသက်ဖြတ်ခြင်း
၁၂။နေဝင်နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း
၁၃။အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျားဖြင့်အပြင်သို့သွားခြင်း
၁၄။အမျိုးသမီးများ၏မသန့်ရှင်းသောပစ္စည်းများအိမ်းဦးခန်းတွင်ထားခြင်းစွန့်ပစ်ခြင်း
၁၅။မိမိဝတ်သောပုဆိုး ထမိန်ဖြင့်မျက်နှာသုပ်ခြင်း
၁၆။အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း
၁၇။မျက်နှာမသစ်ပဲအစားစားခြင်း
၁၈။မိမိ၏ခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသေားပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း
၁၉။သောက်ရေအိုးရေမရှိပဲခြောက်နေခြင်း
၂၀။သောက်ရေအိုးမှရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း
၂၁။လင်သားအားစိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း
၂၂။သားသမီးဇနီးကိုလင်သားကငွေသို့မဟုတ်အစားအစာပစ်ပေးခြင်း
၂၃။အဝတ်အစားမျိားပြောင်းပြန်ဝတ်ခြင်း
၂၄။အိမ်အပေါက်အားကျောခိုင်းထိုင်ခြင်း
၂၅။ထမင်းစားရင်းအိပ်ငိုက်ခြင်း
၂၆။ထမင်းရည်ပူအားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ခြင်း
၂၇။အိမ်၏မျက်နှာစာတွင်ကလေးငယ်ကိုအပေါ့အလေးစွန့်ခိုင်းခြင်း
၂၈။မိမိအိမ်သို့လာသောတောင်းစားသူများအားဆဲဆိုလွှတ်ခြင်း
၂၉။အိမ်သာတက်ရင်းအစာစားခြင်း
၃၀။စားသောက်ပြီးအိုးခွက်ပုဂံများကိုအချိန်ကြာမြင့်စွာမဆေးပဲထားခြင်း
၃၁။အိုခွက်ပုဂံများကိုတီး၍သီချင်းဆိုခြင်း
၃၂။အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ်များကိုလှနိးခြင်းချွတ်ထားခြင်း
၃၃။မိမိအိမ်တွင်မွေးမြူထားသောတိရိစ္ဆာန်များအားအစာမကျွေးပဲလှောင်ထားခြင်းရိုက်နှက်ခြင်း

Wednesday, July 22, 2015

ဖုန်းနည်းပညာများ




*#0011# ဒါလေးကို ရိုက်ထည့် လိုက် ပြီးရင် ဖုန်းကို wifi ပြန်ဖွင့် ပေးပီးစစ်ကြည့် လိုက်ပါ။ဆွဲအားတက်လာပါ လိမ့် မယ်။ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု

ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။

ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ တယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ် မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပါစေ

Monday, July 20, 2015

တစ်နေ့ လုပ်အားခအနည်းဆုံး၄၀၀၀ ကျပ်ရရှိဖို့  တောင်းဆိုနေသူတွေ

တစ်နေ့ လုပ်အားခအနည်းဆုံး၄၀၀၀ ကျပ်ရရှိဖို့  တောင်းဆိုနေသူတွေကိုကြည့်နေကြသူများ
photo ကိုမျိုးခိုင်

Saturday, July 18, 2015

မြီးရှည်



မြီးရှည်
ပါဝင်ပစ္စည်း
၁.မြီးရှည်မုန့်ဖတ်
၂.၀က်သား( အခေါက်အသား)
၃.ဆန်စိမ်းမှုန့်
၎.ပဲပင်ပေါက်အတို
၅.၀က်ဆီဖတ်ကြော်
၆.ကြက်သွန်ဖြူ .ဂျင်း
၇.တ၇ုတ်နံနံပင်
၈.င၇ုတ်နှစ်.င၇ုတ်သီးခွဲကြမ်းမှုန့်
၉.ဆီ.ဆားအချိုမှုန့်. ရှောက်ကောပတ်ကောမှုန့်
၁၀.ပဲငါးပိ အငံ
၁၁.ဗမာမုန်လာချဉ်
ဝက်သားကိုဆားအချိုမှုန့်ရှောက်ကောပတ်ကောမှုန့်ဂျင်းထုထည့်ပြီးပြုတ်ပါ.
မြီးရှည်မုန့်ဖတ်ကိုေ၇နွေးဖျောဆစ်ထားပါ.
ဆန်စိမ်းမှုန့်ကိုနာ၇ီဝက်လောက်ေ၇စိမ်ပြီးအပေါ်ေ၇သွန်ပြီးဆားအချိုမှုန့်ထည့်ကြို ပါ.
ကြက်သွန်ဖြူ ထောင်းနဲ့တ၇ုတ်နံနံညှပ်ထားတာေ၇ာပြီးေ၇အနည်းငယ်ဖျော်ထားပါ.
ပဲငပိကိုေ၇အနည်းငယ်ဖျော်ထားပါ.
ကြက်သွန်ဖြူ င၇ုတ်ဆီချက်ချက်ထားပါ.
ပဲပင်ပေါက်ေ၇နွေးဖျောထားပါ.
ဂျုံလုံးကြော်ထည့်ချင်၇င်လည်းကြော်ထားပါ.
ဟင်း၇ည်အတွက်ဝက်သားပြုတ်၇ည်ဖယ်ထားပါ.
ဝက်ပြုတ်၇ည်ထဲကိုမုန့်ဖတ်ထည့်ပြုတ်ပါ.ပြန်ဆယ်ေ၇စစ်ပြီးတို၇ထည့်ဆန့်မှုန့်ကြိုထည့်အချိုမှုန့်ပဲငပိကြက်သွန်ဖြူ တ၇ုတ်နံနံပင်အ၇ည်ဝက်သားအခေါက်အသားညှပ်ထည့်င၇ုတ်သီးဆီချက်ထည့်ဝက်ဆီဖတ်ကြော်ထည့်ပါ.
ဗမာမုန်လာချဉ်ဖတ်ထည့်ပြီးသုံးဆောင်နိုင်ပါသည်.
ဟင်း၇ည်   
ပန်းကန်လုံးထဲကိုကြက်သွန်ဖြူ တ၇ုတ်နံနံ ပင်၇ည်နဲ့ပဲငပိထည့်ဝက်ပြုတ်၇ည်ထည့်ပြီးတွဲဖက်သုံးဆောင်နိုင်ပါသည်.

သင်၏နေအိမ် မျက်နှာလှည့်သောအရပ်ကို ကြည့်၍ လာဘ်လာဘပွင့်လန်းစေသောနည်း

သင်၏နေအိမ် မျက်နှာလှည့်သောအရပ်ကို ကြည့်၍ လာဘ်လာဘပွင့်လန်းစေသောနည်း
=====================================
သင်၏နေအိမ် မျက်နှာလှည့်သောအရပ်ကို ကြည့်၍ လာဘ်လာဘပွင့်လန်းစေသောနည်း
လာဘ်ပွင့်စေသော ယတြာမျိုးစုံ ရှိပါသည်။ ထိုယတြာနည်းများစွာတွင် လူတစ်ဦးတစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိကထား၍ ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာ များပါတယ်။ အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာလှည့်ရာ အရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင် လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသောနည်းကို ပြောပြပါမည်။ အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲဆိုတော့ အဲဒီနေအိမ်မှာ နေထိုင်တဲ့ လူသားအားလုံး မိမိတို့၏ လုပ်ငန်းဆောင်တာများမှာ ထူးထူးကဲကဲ အောင်မြင်ခြင်း၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ အတိုက်အခိုက်တွေကနေ လွတ်မြောက်နိုင်ပါတယ်။ မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန်
အကျိုးပြုစေပါတယ်။ ဒီနည်းကို ဆောင်ရွက်မယ့် သူတွေက မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိကျကျ သိစရာမလိုပါဘူး။ မိမိနေအိမ်က ဘယ်ဘက်ကို မျက်နှာမူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသကို အဓိကထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။
အရှေ့အရပ်ကိုမျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အရှေ့အရပ်ကို မျက်နှာလှည့်သောအိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုးအကျိုးပြုသောအိမ်ဟု သတ်မှတ်သည်။ ထိုအိမ်တွင် နေထိုင်သူ အပေါင်းတို့သည် ကြံရည်လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော်များကို ကြံရည်ကပ်လှူနိုင်သည်။ ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရားတစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။
အရှေ့တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်
အရှေ့တောင်အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရားတွင် စံပယ်ပန်း မကြာခန လှူဒါန်းဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူးလှူ၍လည်း ရပါသည်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါသည်။ သံဃာတော်များအား ဆပ်ပြာ အလှူဒါနပြုနိုင်ပါသည်။ ထိုယတြာကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း၊ သြဇာတိုးခြင်း၊ စီးပွားတက်ခြင်းများ ဖြစ်နိုင်ပါသည်။
တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင် တဖျတ်ဖျတ်လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရားတင်ပါ။ ရွက်လှညွန့်လှူပါ။ သံဃာတော်များအား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။
အနောက်တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်
အနောက်တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို စနေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟုသတ်မှတ်ပါသည်။ အိမ်ဘုရားတွင် ထီးနီတစ်လက်တင်ထားပါ။ သံဃာတော်များကို ထီးဒါနပြုပါ။ နာနတ်ယို လှူဒါန်းဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။
အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်
အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင်တွင် မပြတ် လှူဒါန်းဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခနပြုပါ။ သံဃာတော်များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွားတိုးတက်ခြင်းများ ရရှိခံစားရမည်။
အနောက်မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်
အနောက်မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ရာဟုဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်းပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီးသုပ် ဆက်ကပ်လှူဒါန်ပေးပါ။ သံဃာတော်များကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာတိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများ ဖြစ်မည်။
မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်
မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို သောကြာဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟုသတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီးမပြတ်တင်ပါ။ သီဟိုဠ်ညွန် ဒါနပြုပါ။ သံဃာတော်များကို သတ်သတ်လွတ်ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ်တွင် နေထိုင်သူများလည်း မကြာခန သတ်သတ်လွတ်စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။
အရှေမြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်
အရှေ့မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို တနင်္ဂနွေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟုသတ်မှတ်ပါသည်။ အိမ်ရှေ့တွင် အုန်းခွံစာကလေး အိမ် ချိတ်စွဲထားခြင်း၊ အိမ်ဘုရားအား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအားလည်း ကပ်လှူဒါန်းပေးခြင်း ၊ အောင်အိုးတစ်လုံးတွင် အုန်းညွန့်(၆)ညွန့်ထိုးထား၍ အိမ်ရှေ့တွင် ထားခြင်း ဆောင်ရွက်နိုင်ပါသည်။
ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။
Credit to မင်းခယောက်ျား

" မြိတ်ကပ်ကြေးကိုက် (၂ ပွဲ) "

" မြိတ်ကပ်ကြေးကိုက် (၂ ပွဲ) "
(ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) မှာ ပါပြီးသားလေးပါ။)
မြို့နာမည်ပါတဲ့ အစားအစာတွေကိုချက်တိုင်း အဲ့ဒီက မြို့သူ၊ မြို့သားတွေလို့ ယူဆရသူများက အဲ့ဒီလိုချက်တာမဟုတ်ဘူး၊ မသိပဲနဲ့မချက်နဲ့လို့ အများအားဖြင့် ပြောတတ်ကြပါတယ်။ အစားအစာတိုင်းကို အဲ့ဒီမြို့၊ အဲ့ဒီနိုင်ငံမှာ သွားစား၊ အဲ့ဒီချက်နည်းများကို ထွင်ခဲ့တဲ့ သူများကို မေးပြီးမှ ချက်ထားတာမဟုတ်လို့ မတူဘူးလို့ ယူဆသူများ မိမိကြိုက်နှစ်သက်ရာနည်းနဲ့ ချက်နိုင်ပါတယ်ရှင်။
***... ဘိတ်ကပ်ကြေးကိုက် အတွက် လိုအပ်တာလေးတွေ…
1. ညှပ်ခေါက်ဆွဲဖတ် – ထမင်းတစ်ပန်းကန်စာ မောက်မောက်
2. ပဲပင်ပေါက် – တရုတ်ထမင်းစား ပန်းကန်လုံး ၁ လုံး
3. ဓါးဖြင့်မွှန်းကာ ၃ ပိုင်းဖြတ်ထားသော squid ခပ်သေးသေး – ၅ ကောင်
4. ခပ်စောင်းစောင်းလှီးထားသော seafood stick – ၂ ချောင်း
5. လက်ညှိုးအရွယ် ပုဇွန် – ၈ ကောင်
6. ခပ်စောင်းစောင်းလှီးထားသော ဝက်အူချောင်း – ၂ ချောင်း
7. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ – ၅ တက်
8. ပဲပြုတ် – ထမင်းစားဇွန်း ၄ ဇွန်း
9. ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၂ ဇွန်း
10. ပဲငံပြာရည် အပျစ် – ထမင်းစားဇွန်း ၂ ဇွန်း
11. သကြား – ထမင်းစားဇွန်း ၁ ဇွန်း (15 ml)
12. ရှာလကာရည် (vinegar) – ထမင်းစားဇွန်း ၁ ဇွန်း
13. chicken powder – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
14. ငရုတ်သီးခြောက် အကြမ်းမှုန်. – ထမင်းစားဇွန်း ၁ ဇွန်း
15. ဆီ – ထမင်းစားဇွန်း ၆ ဇွန်း
#. ညှပ်ခေါက်ဆွဲဖတ်များထဲသို့ ပဲငံပြာရည် အကျဲ၊ ပဲငံပြာရည် အပျစ်၊ ရှာလကာရည်၊ သကြား၊ chicken powder တို့ ထည့်ကာ ခပ်ဖွဖွနယ်ထားပါ။
#. နယ်ပြီးလျှင် ပဲပင်ပေါက်ထည့်ကာ ကြော်ရန်အသင့်ပြင်ထားပါ။
#. ငရုတ်သီးအကြမ်းမှုန်. (ထမင်းစားဇွန်း ၁ ဇွန်း) ထဲသို. ပွက်ပွက်ဆူနေသောရေနွေး (ထမင်းစားဇွန်း ၃ ဇွန်း)ထည့်ကာ ဖျော်ထားပါ။
#. ဒယ်အိုးထဲရှိ ဆီ(ထမင်းစားဇွန်း ၅ ဇွန်း) ပူလာလျှင် ကြက်သွန်ဖြူကိုထည့်ကာ ၁ မိနစ်ခန်.ကြော်ပါ။
#. ပြီးလျှင် အသားများကိုထည့်ကာ ၂ မိနစ်ခန်.ကြော်ပြီး အိုးထဲ အရည်အနည်းငယ်ချန်ကာ ဆယ်ထုတ်ထားပါ။
#. ထိုအရည်ကျန်ထဲသို. ရေနှင့်ဖျော်ထားသည့် ငရုတ်သီးအကြမ်းမှုန်.၊ ညှပ်ခေါက်ဆွဲ နှင့် ပဲပင်ပေါက်ကို ထည့်ပြီး ၄၊၅ ချက်မွှေကြော်ကာ အိုးထဲမှ ဖယ်ထုတ်ထားပါ။
#. ဒယ်အိုးထဲ ဆီ(ထမင်းစားဇွန်း ၁ ဇွန်း) ထပ်ထည့်ပြီး ပူလာလျှင် ကြက်ဥ ၂ လုံးကို ဖေါက်ထည့်ကာ မွှေကြော်ပါ။
#. ပုံတွင်ပြထားသလောက် ကြက်ဥကျက်လျှင် ပဲပြုတ်၊ ဖယ်ထုတ်ထားသည့် အသားများ နှင့် ခေါက်ဆွဲကို ထည့်ကာ ၂ မိနစ်ခန်. ခပ်ဖွဖွ မွှေကြော်ပါ။ (ခေါက်ဆွဲများ မကြေသွားစေရန်)
#. ထို.နောက် အနံ.အရသာနှင့်ပြည့်စုံသော ဘိတ်ကပ်ကြေးကိုက်လေး သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

ထိုင်းကွေ့တီယို ချက်နည်း

Enervon-C Fan တို့ရဲ့ အားလပ်ရက်မှာ လုပ်စားလို့ရအောင် မချိုဝတ်ရည်ရဲ့ ထိုင်းကွေ့တီယို ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ကွေ့တီယိုက ဆန်ခေါက်ဆွဲကို ၀က်နံရိုးပြုတ်ရည်၊ ၀က်သားလုံး၊ ၀က်သား၊ ကန်စွန်းရွက်၊ ပဲပင်ပေါက် အစုံအလင်ဖြင့် ချဉ်စပ်လေး သုံးဆောင်ရတာပါ။ ကွေ့တီယိုကို တချို့က အသုပ်အနေနဲ့ သုပ်တာလည်း ရှိပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်...
ဝက်ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ.........
• ၀က်နံရိုး - ၃၀၀ ဂရမ်
• ကြက်သွန်ဖြူ - ၂မွှာ (ဓားပြားရိုက်ပါ)
• ဂျင်း - လတ်တဆစ် (ပါးပါးလှီးပါ)
• ရေ - ၁လီတာခွဲ
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
• အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကွေ့တီယိုတွင် ပါဝင်ပစ္စည်းများ
• ဆန်ခေါက်ဆွဲထုပ် - ၃၀၀ ဂရမ်
• ချက်ပြီးသား ၀က်သား - ၂၅၀ ဂရမ် (အ၀ိုင်းပါးပါးလှီးပါ)
• ၀က်သားလုံး - အလုံး ၂၀
• ၀က်အူ၊ ၀က်သည်း၊ ၀က်ခေါက် (ကြိုက်နှစ်သက်က ချက်ပြီးသား ထည့်နိုင်သည်)
• ပဲပင်ပေါက် - ၅ကျပ်သား
• ကန်စွန်းရွက် - စည်းဝက် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ထားပါ)
• ဂေါ်ဖီ - တစိတ် (ခပ်ပါးပါးလှီးပါ)
• ကြက်သွန်မြိတ် - ၁စည်း (ပါးပါးလှီးပါ)
• တရုတ်နံနံပင် - စည်းဝက် (ပါးပါးလှိးပါ)
• ကြက်သွန်ဖြူ ဆီချက် - စားပွဲတင်ဇွန်း ၃ဇွန်း
• ငရုတ်သီးစိမ်း - ရတောင့် (ပါးပါးလှီးပြီ ရေနွေးဖျော်ထားပါ)
• ငါးငံပြာရည် - တွဲဖက်သုံးဆောင်ရန်
• ငရုတ်သီး ဆီသပ် - စားပွဲတင်ဇွန်း ၅ဇွန်း
• မြေပဲ - စားပွဲတင်ဇွန်း ၅ဇွန်း (မညက်တညက်ထောင်းပါ)
• ငရုတ်သီး(အကြမ်းမှုန့်) - တွဲဖက် သုံးဆောင်ရန်
ဝက်ပြုတ်ရည် ပြုလုပ်နည်း..........
၁။ အရင်ဆုံး ဒယ်အိုးထဲ ရေ(၁လီတာခွဲ)ကို ဆူအောင် တည်ထားပေးပါ။
၂။ ဆူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်းထည့်ပြီး မိနစ်ဝက်ခန့် တည်ပါ။
၃။ ပြီးနောက် ၀က်နံရိုး၊ ဆား၊ အသားမှုန့် ထည့်ပြီး ရေ(တ၀က်)ခမ်းသည်အထိ မီးအတင့်သင့်ဖြင့် တည်ထားပါ။
၎။ ၀က်ပြုတ်ရည် ရခါနီးလျှင် ၀က်သားလုံးများကို ထည့်ပြီး ၂မိနစ်ခန့် ပြုတ်ပေးပါ။
၅။ ပြီးလျှင် (၀က်နံရိုး) မှ အသားများ၊ ၀က်သားလုံးများကို သုံးဆောင်ရန် သက်သက်ဖယ်ထားပါ။
ကွေ့တီယိုပြုလုပ်နည်း......
၁။ အရင်ဆုံး ဒယ်အိုးထဲ ရေထည့်ပြီး ဆူလာလျှင် ဆန်ခေါက်ဆွဲများကို ထည့်ပြီး ကျက်သည်အထိ ပြုတ်ပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
၂။ ကွေ့တီယို စပြင်လို့ရပါပြီ။ အရင်ဆုံး ပန်းကန်လုံးထဲ ဆန်ခေါက်ဆွဲ(တစ်ယောက်စာ)၊ ၀က်သား၊ ၀က်သားလုံး၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ဂေါ်ဖီ၊ မြေပဲထောင်း(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ငရုတ်သီး ဆီသပ်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သွန်မြိတ်၊ နံနံပင် တို့ကို ထည့်လိုက်ပါ။
၃။ ပြီးမှ ပူနေသော ၀က်ပြုတ်ရည်များကို အပေါ်မှ လောင်းချလိုက်ပါ။
၎။ ပြီးနောက် ငရုတ်သီးမှုန့်၊ ငါးငံပြာရည်၊ မြေပဲ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်၊ တို့ကို ကြိုက်နှစ်သက်သလို ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
၅။ အချဉ်ကြိုက်သူများအတွက် သံပရာသီး ညှစ်ထည့်ပြီး သုံးဆောင်နိုင်ပါသည်။
၆။ အရသာအရမ်းကောင်းမွန်တဲ့ ထိုင်းကွေ့တီယို ကို အရသာရှိစွာဖြင့် သုံးဆောင်နိုင်ပါပြီ...