Ko Kyaw added 2 new photos.
အရမ်းစားလို့ကောင်းတဲ့ ဝက်ကောက်ညှင်းချက်နည်းလေး မျှဝေပေးလိုက်တယ်နော်
ဝက်ကောက်ညှင်း
----------------------
ဝက်သား ၂၀သား
ကောက်ညှင်း နို့ဆီဗူး၂လုံး
ဘဲဥ ၃လုံး
ရှီတာကီမို ၄ခု
မိုခြောက် ၅ပွင့်
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူ ၅မွှာ
ဝက်အူချောင်း ၃ချောင်း
ပုစွန်ခြောက် ၁၅ကောင်
ဆား
သကြား
ပဲငံပြာရည်အနောက်
နာနတ်ပွင့်
တရုတ်မဆလာ
----------------------
ဝက်သား ၂၀သား
ကောက်ညှင်း နို့ဆီဗူး၂လုံး
ဘဲဥ ၃လုံး
ရှီတာကီမို ၄ခု
မိုခြောက် ၅ပွင့်
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူ ၅မွှာ
ဝက်အူချောင်း ၃ချောင်း
ပုစွန်ခြောက် ၁၅ကောင်
ဆား
သကြား
ပဲငံပြာရည်အနောက်
နာနတ်ပွင့်
တရုတ်မဆလာ
ကောက်ညှင်းကို ရေ ၃နာရီခန့်ရေစိမ်ထားပါ။ရေစစ်ထားပါ။
ဝက်သားကို ရေဆေးပြီး ဆား သကြား တရုတ်မဆလာ ပဲငံပြာရည်အနောက်နှင့် နယ်ကာ ရေထည့်ပြီး ရေထည့်၍
၂ရည်ခန်းရုံ တည်ထားပါ။
ဘဲဥကို ပြုတ်၍ ဝက်သား တစ်ရည်ခန်းလျှင်ထည့်တည်ထားပါ
ဝက်အူချောင်းကိုပါးပါးလှီးထားပါ။
ကြက်သွန်နီကို လေးစိတ်စိတ်ထားပါ။အဖြူကို ပါးပါးလှီးထား
ပါ။
ပုစွန်ခြောက်ကို ရေဆေးထားပါ။
မိုကို ရေစိမ်ပြီး ရေဆေးပြီညှပ်ထားပါ။
တရုတ်နံနံကို ကြီးကြီး ညှပ်ထားပါ။
အားလုံးရလျှင် ထမင်းပေါင်းအိုးထဲသို့ ကောက်ညှင်း၊ဝက်သား
ပုစွန်ခြောက်၊ဘဲဥ၊ကြက်သွန်နီ၊ဖြူ၊မို၊သကြား ၂ဇွန်း၊ဆား ၁ဇွန်း
ပဲငံပြာရည်အနောက် ၁ဇွန်း၊တရုတ်မဆလာ ဇွန်းသေး ၁ဝက်
နာနတ်ပွင့် ၁ပွင့်၊ဆီ ၂ဇွန်း၊ရေ နို့ဆီဘူး ၃လုံးခန့် ထည့်၍တည်
ပါ။အရသာစိတ်ကြိုက်ပြင်ပါ။ခဏကြာလျှင်မွှေပေးပါ။ရေခမ်းကာနီးလျှင်ဝက်အူချောင်းနှမ်းဆီမွှေး၃စက်ခန့်တရုတ်နံနံထည့်၍ ကျက်သည်အထိတည်ပါ။ကျက်သွားလျှင် အဖုံးမဖွင့်ပဲ ၁၅မိနစ်ခန့်ထားပါ။ကြိုက်နှစ်သက်ရာ အချဉ်နှင့် သုံးဆောင်ပါ။
ကြက်သားမှုန့်သုံးလျှင်ထည့်ပါ။

Credit to #ချက်ကြည့်ကြစို့

No comments:
Post a Comment