Tuesday, July 14, 2015

အုန်းနို့သာကူ


ဒီလိုလုပ်တတ်အောင်နည်းပြပေးတဲ့
Sis Sofia ကိုကျေးဇူးတင်ပါတယ်
Credit လဲ အကြီးကြီးပေးပါတယ်
ကျနော်က သာကူဆိုအိပ်နေရင်တောင်ထပြီးစားပါတယ် အရမ်းကြိုက်လို့ပါ။
အောက်ခံအလွှာ အတွက်
၁။တယ်လီဖုန်းအထုပ်သေးရဲ့ တစ်ဝက် ကိုရေလေးနဲ့အရင်ဖျော်ထားပါ။
၂။ရေတစ်လီတာ အုန်းနို့ဘူးကြီးတစ် ဘူး သကြား၁၅ ကျပ်သား အချိုကြိုက် ရင်ပိုထည့်ကို ဆူအောင် အရင်တည်ပါ။
၃။ ရေလဲဆူပြီ သကြားလဲပျော်ပြီဆို ကျောက်ကျော ရေဖျော်ထားတာ လေးထည့်ပါ မွှေရင်နဲ့ဇွန်းမှာ အမြုပ် လေးတွေ မရှိတော့ဘူးဆို ရပါပြီ မာမာ ကြိုက်ရင်ကြာကြာကြိုပါ။ တစ်လွှာဗန်းထဲထည့်ပြီးအပေါ်လွှာ တင်ပြီးဆိုမှ နောက် တစ်လွှာ အတွက်စပြီး ကျိုမှာပါ။
၁။ ၁၀ ကျပ်သား ရိုးရိုး သာကူနော် ယိုဒယားမဟုတ် ကြိုတင်ပြီး ရေစင်အောင် ဆေးပြီစစ်ထားပါ။
၂။ကျန်တဲ့ တယ်လီဖုန်းအထုပ်သေးရဲ့ တစ်ဝက် ကိုရေလေးနဲ့အရင်ဖျော်ထား ပါ။
၃။ရေတစ်လီတာ အုန်းနို့ဘူးသေး တစ် ဘူး သကြား၁၅ ကျပ်သား အချိုကြိုက် ရင်ပိုထည့်ကို ဆူအောင် အရင်တည်ပါ။
၎။ ရေလဲဆူပြီ သကြားလဲပျော်ပြီဆို ကျောက်ကျော ရေဖျော်ထားတာ လေးထည့်ပါ မွှေရင်နဲ့ဇွန်းမှာ အမြုပ် လေးတွေ မရှိတော့ဘူးဆို ရပါပြီ မာမာ ကြိုက်ရင်ကြာကြာကြိုပါ။
၅။အိုးချခါနီးပြီဆို ရေစစ်ထားတဲ့ သာကူထည့်ပါ သာကူက ရေကြို ဆေးပြီ စစ်ထားလို့ အိုးချခါနီးထည့် ရင်ရပါတယ်။ သာကူက မျက်စေ့ လေးတွေ တဝက်လောက် ပျောက်ရင်
စောစော က ခဲ နေတဲ့ ကျောက်ကျော ပေါ်ကတစ်လွှာ ထပ်ပြီလောင်းပါ အအေးခံပြီး သုံးဆောင်လို့ရပါပြီ။


No comments:

Post a Comment