Monday, July 6, 2015

‪#‎နံနတ်သီးသကြားစိမ်ဖျော်ရည်‬

အခုနည်းကတစ်ခါလုပ်ပြီး...ရေခဲသေတ္တာထဲမှာသိမ်းထားရင်တစ်လတော့ခံပါတယ်။စားခါနီးဒီအတိုင်းပဲစားစား၊တခြားနှစ်သက်ရာအသီး၊ဂျယ်လီ၊ကျောက်ကျောနဲ့ပဲတွဲစားစားအလွန်စားကောင်းပါတယ်။အချဉ်ဓာတ်မရှိတော့လို့ပုံမှန်နံနတ်သီးမကြိုက်သူတွေတောင်ကြိုက်လာစေတဲ့နည်းပါ...
ပါဝင်ပစ္စည်း
နံနတ်သီး.....နှစ်လုံး
သကြား....ငါးဆယ်သား
ရေသန့်......နံနတ်သီးမြုတ်တဲ့အထိ
၁.နံနတ်သီးကိုအတုံးသေးသေးဖြစ်အောင်တုံးပါ
၂.အိုးတစ်ခုထဲမှာနံနတ်သီး၊သကြား၊ရေတို့ကိုထည့်ပါ
၃.မီးပြင်းပြင်းဖြင့်တစ်နာရီခန့်တည်ပါ
၎.အအေးခံပြီးဗူးအတွင်းထည့်ကာရေခဲသေတ္တာထဲသိမ်းထားနိုင်ပါပြီ
၅.စားခါနီးစိတ်ကြိုက်အသီး၊ဂျယ်လီ၊ကျောက်ကျောများနဲ့ရောစပ်ကာသုံးဆောင်နိုင်ပါပြီ


No comments:

Post a Comment