Thursday, July 16, 2015

မိုးအေးအေးမှာ ၀က်/ကြက်ချဉ်စပ်လေးစားရအောင်

မိုးအေးအေးမှာ ၀က်/ကြက်ချဉ်စပ်လေးစားရအောင်
ဝက်သားဒါမှမဟုတ်ကြက်သား၁၅ကျပ်သားကိုနုတ်နုတ်စဉ်းထားပါ
ဘရိုကိုလီ တစ်ပွင့်
မုန်ညင်း၃ပင်
ပြောင်းဖူးအသေး ၅ဖူး
ခါကြက်ဥ ၁လုံး စသည်များကိုသင့်တော်သလိုတုံးထားပြီး
ရေနွေးနှင့် ၁ မိနစ်စိမ်ပြီးလျှင်
ရေအေးလောင်း၍ရေစစ်ထားပါ
ကြက်သွန်နီ ၂လုံးကိုအခွံခွာလေးခြမ်းခြမ်းထားပါ
ငရုတ်ချဉ် စတီးဇွန်း ၂ ဇွန်း
ခရုဆီ စတီးဇွန်း ၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား အနည်းငယ်
ကြက်သားမှုန့်အနည်းငယ်
ကော်မှုန် စားပွဲတင်ဇွန်း ၂ ဇွန်းကိုရေဖျော်ထားပါ
ပထမဦးစွာ ဆီ ၅ ကျပ်သားခန့်ကို
သကြားစတီးဇွန်းတစ်ဇွန်းထည့်၍ဆီသတ်ပါ
သကြားအရောင်ရဲလာလျှင်လေးခြမ်းခွဲထားသောကြက်သွန်နီ ၂ လုံးအားထည့်ပါ
၂ မိနစ်နေလျှင် စင်းထားသောအသားများထည့်ပါ
ရေအနည်းငယ်ထည့်ရ၍ လုံးပါ
ရေခမ်းလျှင် ဆါး.ကြက်သါးမှုန့်ခရုဆီနှင်ငရုတ်ချဉ်အားထည့်၍မွှေပါ
နှံသွားလျှင် ရေအေးလောင်းပြီးစစ်ထားသော
အသီးအရွက်များအားထည့်ပါ
နှံအောင်မွှေပြီး ၃ မိနစ်နေလျှင် ရေဖျော်ထားသောကော်မှုန့်အားထည့်၍မွှေပြီးလျှင်
ရှူးရှူးရှဲရှဲ နှင့် ထမင်းမြိန်စေမယ့် ချဉ်စပ်ဟင်းတစ်ခွက်ရပါပြီခညာ...
စားဖိုမှူး မစ်စတာရဲ.....

No comments:

Post a Comment