" ဒံပေါက်(၆)ပွဲစာ "
(ကျွန်မရဲ့ ပထမစာအုပ် (လိမ္မော်ရောင်) မှာ ပါပြီးသားလေးပါ။)
(ကျွန်မရဲ့ ပထမစာအုပ် (လိမ္မော်ရောင်) မှာ ပါပြီးသားလေးပါ။)
***... ကြက်သား ကို နယ်ပြီးနှပ်ထားရန် လိုအပ်သောအရာများ….
4 cloves (လေးညှင်း)
5 green cardamon (ဖာလာစေ့)
2 tbsp lime juice (သံပရာရည်)
3 bay leaf (ကလဝေးရွက်)
3 tbsp fried onions (ခြောက်အောင်အောင်ကြော်ထားသော ကြက်သွန်နီ အကြွပ်ကြော်)
3 tbsp shredded coriander leaves (ပါးပါးလှီးထားသော နံနံပင်)
3 tbsp shredded mint leaves (ပါးပါးလှီးထားသော ပူစီနံ)
1 tbsp ginger paste (ထောင်းထားသော ဂျင်း အနှစ်)
1 tbsp garlic paste (ထောင်းထားသော ကြက်သွန်ဖြူ အနှစ်)
1 tsp coriander powder (နံနံစေ့ အမှုန်.)
1 tsp cumin powder (ဇီယာစေ့ အမှုန်.)
2 tbsp paprika powder (အရောင်တင်မှုန်.)
1 cinnamon stick (သစ်ဂျပိုး)
2 tbsp chicken powder (အရသာမှုန်.)
3 tsp salt (ဆား)
1 tsp turmeric powder (နနွင်းမှုန်.)
1 tsp black cumin (အမည်းရောင် ဇီယာစေ့)
1 tsp white cumin
4 pinches saffron (ကုံကုမံ) soaked in 3 tbsp milk
6 tbsp yoghurt (ဒိန်ချဉ်)
7 tbsp oil (ဆီ)

#. အထက်ပါ spice များနှင့် ကိုယ်လိုချင်သော ပုံစံခုတ်ထားသော ကြက် ၁ ကောင် (သို့မဟုတ်) နှစ်ပိုင်းစီ ဖြတ်ထားသော ကြက်ပေါင် ၆ ခုကို နယ်ကာ အနည်းဆုံး ၃ နာရီ (သို့) ရေခဲသေတ္တာထဲ တစ်ညအိပ် နှပ်ထားပါ။
(ရေခဲသေတ္တာထဲ တစ်ညအိပ် နှပ်ထားလျှင် မချက်ခင် ၁ နာရီခန့် ကြိုတင်ကာ အခန်းအပူရှိန်မှာ ထားပြီးမှ ချက်ပါ။)
(ရေခဲသေတ္တာထဲ တစ်ညအိပ် နှပ်ထားလျှင် မချက်ခင် ၁ နာရီခန့် ကြိုတင်ကာ အခန်းအပူရှိန်မှာ ထားပြီးမှ ချက်ပါ။)
***... ၅၀% ပဲ ကျက်သည့် ထမင်းချက်ရန် လိုအပ်သည်များ….
Basmati ဆန် – ၅ ခွက် (rice cooker တွင် ပါသောခွက်)
ရေ -၂၅ ခွက် (rice cooker တွင် ပါသောခွက်)
2 tsp black cumin (အမည်းရောင် ဇီယာစေ့)
5 black peppercorns (မထောင်းထားသော ငရုတ်ကောင်းစေ့)
4 bay leaves ( ကလဝေးရွက်)
5 cloves (လေးညှင်းပွင့်)
5 green cardamom (ဖာလာစေ့)
7 tbsp salt (ဆား)
2 tbsp ghee (ကုလား ထောပတ်)

#. ဆန်ကို ၂ ခါ ဆေးကာ ရိုးရိုး ရေအေးနှင့် မိနစ်( ၃၀) စိမ်ထားပါ၊၊ ပြီးလျှင် ရေစစ်ထားပါ။
#. ရေ(၂၅)ခွက် ကို ဆူအောင်တည်ပါ။
#. ဆူလာလျှင် ထမင်းချက်ရာတွင် ထည့်ရမည့် black cumin, black peppercorns, bay leaves, cloves, green cardamon, salt နှင့် ghee ကို ရေဆူဆူ ထဲ ထည့်ကာ တစ်မိနစ် ထားပါ။
#. ပြီးလျှင် စစ်ထားသော ဆန်ကိုထည့်ကာ high heat ဖြင့် ငါးမိနစ် ထပ်ဆူခိုင်းပါ။
#. ငါးမိနစ်ပြည့်သည်နှင့် ချက်ချင်းရေစစ်ပါ။ (ဆန်ကို ၅၀% ပဲ ကျက်စေရန်ဖြစ်ပါသည်)
***... ဒံပေါက်ချက်ရန် လိုအပ်တာလေးတွေ…
အရသာများဖြင့် နယ်ပြီး နှပ်ထားသော ကြက်သား
၅၀% ကျက်အောင်ချက်ထားသော ထမင်း
ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
2 pinches of red color
3 pinches of saffron (ကုံကုမံ)
နွားနို့ (milk) – ထမင်းစားဇွန်း ၃ ဇွန်း
baby peas (ပဲစိမ်းစေ့) – အနည်းငယ်
စပျစ်သီးခြောက် – အနည်းငယ်
၅၀% ကျက်အောင်ချက်ထားသော ထမင်း
ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
2 pinches of red color
3 pinches of saffron (ကုံကုမံ)
နွားနို့ (milk) – ထမင်းစားဇွန်း ၃ ဇွန်း
baby peas (ပဲစိမ်းစေ့) – အနည်းငယ်
စပျစ်သီးခြောက် – အနည်းငယ်
#. မကပ်၊ မတူးနိုင်သည့် ဖင်ထူသော အိုးကို high heat ဖြင့် ၁ မိနစ် အပူပေးကာ ထိုအိုးထဲသို့ နယ်ထားသော ကြက်သားအစိမ်းများ ဖြန့် ထည့်ပါ။
#. ကြက်သားအပေါ်မှာ ၅၀%ကျက်နေသောထမင်းကို ဖြန့်ထည့်ပါ၊
#. ထမင်းပေါ်ကို ဆီ ထမင်းစားဇွန်း ၅ ဇွန်း ဖြန့်ထည့်ပါ။
#. 2 pinches of red color & 3 pinches of saffron ထဲ့ဖျော်ထားသော နွားနို့ – ထမင်းစားဇွန်း ၃ ဇွန်းကို ထမင်းပေါ်ဖြန့်ပြီး ထည့်ပါ။
#. baby peas (ပဲစိမ်းစေ့) နှင့် စပျစ်သီးခြောက် အနည်းငယ်ကို ဖြူးပြီးထည့်ပါ။
#. ပြီးလျှင်အိုးကို foil (or) လက်သုပ်ပဝါခံ ကာအဖုံး ဖုံးပါ၊၊ (အငွေ.များအပြင်သို.လုံးဝ မထွက်စေရန်ဖြစ်သည်)။
#. ထို ထမင်း နှင့် ကြက်သား ထည့်ထားသော အိုးကို high heat ဖြင့် အပူပေးထားသော ဒယ်အိုးပြားပေါ် ထပ်တင်ကာ ၅ မိနစ်ခန့် high heat ဖြင့် ဆက်ထားပါ၊။
#. ပြီးလျှင် low heat သို့လျှော့ကာ ၃၀ မိနစ်ဆက်တည်ပါ။
#. ပြီးလျှင်မီးပိတ်ပြီး ၁၀ မိနစ် ထပ်ထားပါ၊။ ပြီးမှအဖုံးဖွင့်ပါ၊။
#. ဒန်ပေါက်ခုးသောအခါ အပေါ်မှ ထမင်းကို မွမွလေးမွှေကာ ခူးပါ။
ပြီးမှ အောက်ကကြက်သားကိုလိုသလောက် ဖြည်းဖြည်းချင်းနိုက်ယူပါ၊ (အရမ်းမွှေလိုက်လျှင် အရောင်များရောသွားပြီး မလှတော့ပါ)
ပြီးမှ အောက်ကကြက်သားကိုလိုသလောက် ဖြည်းဖြည်းချင်းနိုက်ယူပါ၊ (အရမ်းမွှေလိုက်လျှင် အရောင်များရောသွားပြီး မလှတော့ပါ)

No comments:
Post a Comment