Monday, July 6, 2015

ဂဏ္ဏန်းမဆလာချဉ်စပ်လေး

ဂဏ္ဏန်းမဆလာချဉ်စပ်လေး
ဂဏ္ဏန်းအရှင်မကိုင်ရဲလို့သေပြီးသားကိုတစ်ကောင်ခြင်း
အခွံခွာခိုင်းပြီးရွေးပါတယ် ပါးဟပ်လေးတွေကြည်စိမ်းနေရင်
ဂဏ္ဏန်းလတ်ပါတယ်ပါးဟပ်မဲနေရင်မလတ်ပါ
ကြက်သွန်ဖြူနဲ့ဂျင်းကိုထောင်းပါ တစ်ချို့ဂျင်းမထည့်ပါ
ကြက်သွန်နီကိုအစိတ်စိတ်လေးတွေလှီးထားပါ
ကြက်သွန်ဖြူ၊နီ၊ဂျင်းဆီသတ်ပါ ငရုတ်သီးစိမ်းနှစ်ခြမ်းခွဲပြီး
ဆီသတ်နေသည့်ထဲထည့်ပါ ခရမ်းချဉ်သီးအစိတ်စိတ်လေး
တွေလှီးထားတာထည့်ပါ ဂဏ္ဏန်းအသားကျက်လျှင် မန်ကျီး
မှည့်အရေဖျော်ထားတာလောင်းထည့်ပါ မန်ကျီးရေပွက်လျှင်
ကြက်ဥတစ်လုံးခေါက်ထားတာထည့်ပါ ချဉ်ချဉ်စပ်စပ်လေးမှာ
အစိမ့်အရသာလေးပါရပါတယ် ဟင်းအိုးချခါနီးမှာ အနံ့ မွှေး အောင်ပန်းငရုတ်ပွကိုစိတ်ပြီးထည့်ပါ မဆလာနံနံပင်ဖြူး၍
သုံးဆောင်နိုင်ပါပြီ


No comments:

Post a Comment