ဂဏန်းချဉ်စပ်
ချောင်းသာမှာစားခဲ့ဖူးတဲ့ပုံစံအတိုင်းချက်ထားတာပါ။
ဂဏန်း ၅ ကောင် ၃၀၀၀ ဖိုးပါ။
ဂဏန်းကိုဆားလေးနဲနဲနဲ့နယ်ပြီး ၁၀ိနစ်လောက်နှပ်ထားပါ။

ဆီပူအောင်တည်ပြီး ကြက်သွန်မိတ်ကို ရှဲကနဲမြည်အောင်ထည့် ပြီးရင်ကြက်သွန်ဖြူထောင်းထားတာကိုထည့်ပြီး မွှေးအောင်ထား
မွှေးလာရင် ကြက်သွန်နီထည့်ပာ
ကြက်သွန် နွမ်းလာမှ ငရုပ်သီးအရောင်တင်မှုန့်ထည့်ပါ။ခရမ်းချဉ်သီးထည့်ပါ။
ငရုပ်သီးအနံ့ပျောက်မှ ဂဏန်းထည့်ပြီး ငံပြာရည် နဲနဲထည့်မွှေပါ။ ဆီပြန်လာရင် ရေထည့်ပြီးဂဏန်းကျက်အောင်ချက်ပါဂဏန်းကျက်ပြီးရေခန်းမှ မကျီးရေ ပျစ်ပျစ်ကလေးအုပ် ငရုပ်သီးစိမ်း ရှမ်းနံနံအုပ်ပြီး သုံးဆောင်လို့ရပါပြီ။၃၀၀၀ ဖိုးကို ၂ပွဲရပါတယ်ရှင်။

မှတ်ချက်-ဆနွင်း၊ ဂျင်း၊ မဆလာ မထည့်ပါဘူး။

No comments:
Post a Comment