ဒီနေ့တော့ စားရတာအရသာလည်းရှိ တန်ဖိုးလည်းသင့်တဲ့ မလေးရှားကန်စွန်းရွက်ကြော်နည်းလေးပြောပြမယ်ဗျ...မလေးလိုတော့ (ကန်ကွန် ဘလာချမ်း)လို့ခေါ်ပါတယ်...ဦးစွာ ဒယ်အိုးထဲ ဆီအနည်းငယ်ထဲ့ပါ ကြက်သွန်ဖြူနီအနည်းငယ် နုတ်နုတ်စဉ်းထားတာဆီသတ်ပါ ပုဇွန်ခြောက်မှုန့်စတီးဇွန်းတစ်ဇွန်းနှင့်ငပိစိမ်းစား စတီးဇွန်း ၃ပုံ ၁ပုံ စာလောက်ထည့်ပါ...အနဲငယ်မွှေပေးပါ...
ငပိနံ့လေးမွှေးလာပြီဆိုမှ ကန်စွန်းရွက်တစ်ပွဲစာလှီးဖြတ်ထားတာထည့်ပါ ငရုပ်စိမ်းသေးလေးတွေ ၄ ၅ တောင့်လောက်တစောင်းလေးလှီးထည့်ပါ အချို အငံထည့်ပါ(အချိုအငံနှင့်ငရုပ်စိမ်းတွေကိုကန်စွန်းရွက်ထဲတစ်ခါတည်းထည့်ထားလျှင်ပိုကောင်းပါသည်) ငပိပါသောကြောင့် အငံကိုနဲနဲလျှော့ထည့်ပါ...ရေအနည်းငယ်ထည့်ပါ...မီးပြင်းပြင်းနှင့် ၁၅စက္ကန့်ခန့်မွှေပေးပါ..စားမည့်ပုံဂံထဲ တစ်ခါတည်းထည့်ပါ......
ငပိရဲ့သင်းပျံ့တဲ့မွှေးရနံ့ ပုဇွန်ခြောက်မှုန့်ရဲ့ချိုမြသောအရသာ ငြုပ်စိမ်းလေးတွေရဲ့စပ်ဖျင်းဖျင်းအရသာလေးတွေနဲ့အရမ်းအရသာရှိပြီးစားကောင်းတဲ့မလေးရှားကန်စွန်းရွက်ကြော်ပူပူလေးရပြီပေါ့ဗျာ :):)
(ဒါက ကျွန်တော်သိသောတက်သော မလေးကန်စွန်းကြော်နည်းပါ အခြားသိသူများလည်းမျှဝေပေးလို့ရပါတယ်ခင်ဗျ)
No comments:
Post a Comment