Saturday, July 18, 2015

အာလူးပဒေါင်ချက် နည်း

အာလူးပဒေါင်ချက် နည်းလေး ရေးပေးမယ်ဆိုတာမေ့နေလိုက်တာ ..
အရင်ဆုံး အာလူးကို ပြုတ် ပြီး အခွံနွှာ ထောင်းထား ..
ကြက်သွန်ဖြူ/ နီ + ငရုတ်သီးစိမ်း ကို ထောင်းပြီး ဆီသတ် .. ( မက်ခါသီး ရှိရင်ထည့် မရှိရင် မထည့်လည်း ရသည် )
ဆီသတ်လို့ ရွှေရောင်သန်းလာရင် အားလူးထောင်းကို ထည့်ကြော် .. ( အာလူးက ဆီစုပ်လို့ ဆီတော့ များများထည့်ရပါတယ် ) ..
အားလူးထောင်းထည့် မွှေပြီးလို့ ဆီနဲနဲပြန်လာရင် ဆား ထည့်...
ဆီပြန်အောင် နဲနဲခြောက်အောင်ကြော်ပြီးရင် မွှေးပျံ့နေတဲ့ သက်သတ်လွတ် အာလူးပဒေါင်ချက်ရပါပြီ ...
ထမင်းနဲ့ စားစား ခေါင်နဲ့ မြည်းမြည်း အရသာရှိ၏ ....

No comments:

Post a Comment