Monday, July 13, 2015

ရွှေတောင်ခေါက်ဆွဲ ချက်နည်း

ရွှေတောင်မှာ သွားစားစရာမလိုဘူး အိမ်မှာလုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်
ရွှေတောင်ခေါက်ဆွဲ ချက်နည်း
~~~~~~~~~~~~~~~~~
ကြက်သား ကြက်ရိုးများကိုကြက်သွန်ဖြူ ဂျင်း ငံပြာရည်ထည့်
ပြုတ်ထားပါ။ကြက်သားနူးလျှင်ဆယ်ပြီးအသားများကိုတုံးပြီးအရိုးများကို မီးအေးအေးဖြင့် ပြန်တည်ထားပါ၊
ကြက်သားရည်အတွက်
ဆီထည့်ပြီးပူလာလျှင်နနွင်းကြက်သွန်ဖြူထောင်းထားထည့်ပါ။ငရုတ်ပုထောင်းထည့်ပါ။ကြက်သားထည့်ပါ၊ငံပြာရည်ထည့်ပါ။၁၀မိနစ်ခန့်ကြာလျှင်ကြက်ပြုတ်ရည်(သို့)ရေနွေးထည့်ပြီးတည်ထားပါ။ဆူပြီး၅မိနစ်ခန့်ကြာလျှင်အုန်းနို့မှုန့်၃ဇွန်း(စားပွဲတင်)ခန့်တည်ပါ။[[(သို့)အုန်းနို့ကြိုက်လျှင်အုန်းသီးကိုအရည်ညှစ်/အုန်းနို့ဘူးကိုသူ့ချည်းသတ်သတ်ဆီပြန်သည်အထိတည်ပါ၊]]
ကြက်သားနူးလျှင်ရပါပြီ။
ပဲရည်အတွက်
ကျန်ကြက်ပြုတ်ရည်ကိုဟင်းချိုအတွက်ချန်ပြီးပိုသောကြက်ပြုတ်ရည်ထဲသို့ပဲစိမ်းမှုန့်ထည့်ပြီးကြက်သားထဲမှဆီ၁ဇွန်းအုန်းနို့မှုန့်၁ဇွန်းထည့်၍မီးအေးအေးနှင့်ပဲနံပျောက်သည်အထိတည်ထားပါ။ဆား သကြား အနည်းငယ်ထည့်ပါ၊
-မုန့်ကြွပ်အတွက်ခေါက်ဆွဲကိုကြော်ပါ။အခုကတော့ဖက်ထုပ်
ရွက်ကို ပါးပါးလှီးပြီးကြော်ထားပါတယ်။
-ကြက်သွန်မိတ် ကြက်သွန်နီ နံနံပင် သံပုရာသီးတို့ကိုရေဆေး
ပြီး လှီးထားပါ။
-ငရုတ်သီးအကျက်မှုန့်ကို ဆီအနည်းငယ်ဖြင့်ကြော်ထားပါ။
-ခေါက်ဆွဲကရွှေတောင်ခေါက်ဆွဲဆိုပြီးဖိုတွေမှာဝယ်ရင်ရပါ
တယ်။အခုကတော့ဆီချက်ခေါက်ဆွဲကိုရေဆူမှာခဏထည့်ပြုတ်ပြီး ရေအေးဆေးချပြီးရေစစ်ထားပါ၊
ပွဲပြင်ရန်
ခေါက်ဆွဲထည့်ပါ။ကြက်သားကိုအရည်ပါထည့်ပါ၊ပဲအကျက်မှုန့်ထည့်ပါ။ပဲရည်ထည့်ပါ။ကြက်သွန်နီကြက်သွန်မိတ်နံနံပင်ထည့်ပါ။ငံပြာရည်ထည့်ပါ၊(အရသာမြည်းပြီးမှထည့်ပါ။)အကြွပ်ကြော်ထည့်ပါ။သံပုရာသီးငရုတ်သီးကတော့ကြိုက်ရင် ထည့်စားပါ။
ဘဲဥကတော့မထည့်ရပါဘူးရှင်။ပွဲပြင်လှအောင်နဲ့အိမ်က က
လေးတွေကြိုက်လို့ထည့်ထားပါတယ်။
ဟင်းချိုကတော့စားမည့်ပန်းကန်ထဲငရုတ်ကောင်းကြက်သွန်မိတ်ထည့်ပြီး ဟင်းချိုပူပူလောင်းထည့်ကာရပါပြီ။
အချိုမှုန့် ကြက်သားမှုန့်များသုံးပါက ထည့်ပါ။
ချက်တတ်သလိုလေးချက်ထားလို့ရွှေတောင်ခေါက်ဆွဲစစ်စစ်နဲ့မတူခဲ့သော်ခွင့်လွှတ်ပါနော်။

No comments:

Post a Comment