Tuesday, July 14, 2015

ရေခဲမုန့်ကြော်

This is ရေစ်ခဲစ်မုန့်ကြော်စ်ပါလို့စ်... ဟဲ ဟဲ 
နေးစ်တစ်စ်စပီကာစ်နဲ့ပြောကြည့်တာ :):)
ရေခဲမုန့်ကိုဘယ်လိုကြော်မလဲ..
ဟုတ်ကဲ့ ပေါင်မုန့်နဲ့မံပြီးကြော်ပါမယ်...
စတိုးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရတဲ့ပေါင်မုန့် လေးချပ်တွဲလေးတွေကို ဘေးသားတွေလှီးပါ ပေါင်မုန်ု ၁ ချပ်ကို ၂လွှာဖြစ်အောင် ထပ်လွှာပါ လွှာရခက်လျှင် ရေခဲတ္တောထဲ နာရီအနည်းငယ်ထည့်ပြီးမှလွှာပါ ရေခဲမုန့်ကြော်တစ်လုံးစာကို ပေါင်မုန့် ၂လွှာ ၃လွှာခန့်သာလိုပါတယ်..ပုဂံတစ်လုံးထဲ ကြက်ဥတစ်လုံးခေါက်ထည့်ပါ နို့ဆီ ၁ဇွန်း နို့စိမ်း ၂ဇွန်း သကြား၁ ဇွန်းခန့်ထည့်ပြီးမွှေထားပါ..
ကဲ စ လုံးပါမယ်..ပေါင်မုန့် ၁ လွှာကိုကြက်ဥခေါက်ထားတာထဲနစ်ပါ နစ်ထားတဲ့ဖက်ကိုလက်ပေါ်တင်ပါ လက်ကိုခွက်ထားပါ ရေခဲမုန့်မာမာလေး ၁ လုံးထည့်ပါ ပေါင်မုန့်နောက် ၁ လွှာကို ကြက်ဥထဲနှစ်ပါ ကြက်ဥမနှစ်တဲ့ဖက်နဲ့အပေါ်ကအုပ်ပါ လက်နှစ်ဖက်နဲ့လုံးပါ bread crumbs (ပေါင်မုန့်အကြွပ်မှုန်) နဲ့ကပ်ပါ ကြက်ဥအနှစ်လေးတို့လိုက် ပေါင်မုန့်အကြွပ်မုန့်ကပ်လိုက်နဲ့ လက်နှင့်ဖွဖွလေးလုံးပေးပါ ရေခဲမုန့်လုံပြီး လုံးလုံးလေးဖြစ်လျှင် ဆီပူပူမှာ မီးအေးအေးနှင့်ကြော်ပါ အပေါ်အောက်လှန်ပေးပါ အရောင်ရဲပြီးကြွပ်လာလျှင် ရပါပြီ...
ရေခဲမုန့်ကြော် ပူပူ အေးအေးလေး.. :):)
(ကြော်တဲ့ဒယ်က မုန့်ဆီကြော်အိုးလို ခွက်ခွက်လေးဆို ပိုကောင်းပါတယ် )...


No comments:

Post a Comment