Wednesday, July 8, 2015

ကြက်ပေါင်းဆီချက်လုပ်နည်း။

ကြက်ပေါင်းဆီချက်လုပ်နည်း။
*********************
၁။ကြက်သား၃ပေါင်။
၂။ချင်း၃ဖတ်။ကြက်သွန်ဖြူအသေးတလုံး၊တရုပ်မဆလာ(သို့)ကြိုက်နှစ်သက်ရာမဆလာတဇွန်း၊ဆားအနည်းငယ်၊ပဲငံပြာရည်(soy sauce)ထမင်းစားပွဲစားဇွန်းတဇွန်း၊ရှာလကာရည်တဇွန်းဆန်ဝိုင်ဝယ်ရလွယ်မယ်ဆိုရင်တဇွန်းထည့့်ပြီးအားလုံးကြက်သားနဲ့လုံးပြီးကြက်သားအမြုတ်ရေထည့်ပြီးနာရီဝက်ခန့်နူးအောင်ပေါင်းပေးရင်ကြက်
ပေါင်းမွှေးမွှေးလေးရပါပြီး။
၃။ခေါက်ဆွဲတထုပ်ကိုပြုတ်ပြီးဆီအနည်းငယ်လူးထားပါ။
၎။ကြက်သွန်ဖြူဆီချက်လုပ်ထားပါ။
၅။ငြုပ်သီးအကျက်မှုန့်(သို့)ငြုပ်သီးဆီချက်လုပ်ထားပါ။
၆။ဂေါ်ဖီ၊ကြက်သွန်မိတ်၊ကြက်သွန်နီ၊ပဲပင်ပေါက်၊နံနံပင်တို့ကိုပါးပါးလှီးထားပါ။
၇။သံပုရာသီးကိုစိပ်ထားပါ။
၈။ကြက်သားပေါင်းကိုအသားနွင်ထားပါ။
ဆီချက်ခေါက်ဆွဲသုပ်ရန်
*****************
ခေါက်ဆွဲပြုတ်၊ကြက်သားပေါင်းနဲ့ကြက်ပေါင်းရည်၊ကြက်သွန်ဖြူဆီချက်၊ငံပြာရည်၊ငြုပ်သီးဆီချက်၊အချိုမှုန့်။ပါးပါးလှီးထားတဲ့ဂေါ်ဖီ၊ကြက်သွန်မိတ်ပဲပင်ပေါက်၊နံနံပင်၊သံပုရာသီးညှစ်ပြီးခေါက်ဆွဲဆီချက်ချဉ်ငံစပ်လေးရပါပြီးရှင့်။
မှတ်ချက်။ပဲငံပြာရည်(သို့)ငံပြာရည်တို့နဲ့ထည့်သုပ်နိုင်ပါသည်။


No comments:

Post a Comment