လွယ်ကူ လျင်မြန်တဲ့ အသားလုံးမုန့် ညင်းချဉ်
၁။ အသားကို ညက်နေအောင် တောက်တောက်စင်းပြီး ဆား ၊ ဟင်းခတ်မှုန့် ထည့်နယ်ပြီး လုံးထားပါ။
၂။ ဂျင်းပါးပါးလှီး ၊ ကြက်သွန်ဖြူအပြားရိုက် ၊ ငရုတ်သီးစိမ်းပါးပါးလှီး ထားတာကို ဆီ အနည်းငယ် ၊ ငရုတ်သီးမှုန့် အနည်းငယ်ထည့်ပြီး ဆီသတ်ပါ။
၃။ မုန်ညင်းချဉ်အစိမ်းထည့်ပါ။
၎။ ရေအနည်းငယ်ထည့် ၊ဆား ၊ဟင်းခတ်မူန့် ထည့်ပြီး ပွက်လာလျှင် အသားလုံးထည့်ပြီး အုပ်ထားပါ။
တစ်အောင့်နေလျှင် ချဉ်ချဉ်စပ်စပ် အသားလုံးမုန့် ညင်းချဉ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။

No comments:
Post a Comment