Tuesday, July 14, 2015

မုန့်ဦးနှောက်

မုန့်ဦးနှောက်
သာကူစေ့ 50g 
အုန်းနို့ milk 200ml
သကြား250 ml
ရေ 50ml
သာကူစေ့ကို 10မိနစ်လောက်ရေစိမ်ထား
ပြီးရင်အုန်းနို့, သကြား, ရေတို့နဲ့သာကူမျက်စေ့ပျောက်အောင် မီးအေးအေးနဲ့ကျိုပါ
ဆန်မှုန့် 200g
ဆား လက်ဖက်ရည်ဇွန်း 8ပုံပုံရင် တပုံ
ရေ တလီတာခွဲ နဲ့ထုံးရည်ကြည် 250ml
တို့ကိုရောမွှေ ပါ
ဆန်မှုန့်တွေအခဲမဖြစ်အောင် မီးဖိုပေါ်မှာတင်တာနဲ့
တဖက်တည်းလှည့်မွှေပါ ဆက်တိုက်မွှေနေရပါမယ်
Medium high heat နဲ့ထားပြီးမွှေပါ
နဲနဲပျစ်လာတာနဲ့ သာကူကျိုထားတာကိုရောထည့်
မွှေပါ
ပျစ်ခဲလာတာနဲ့ ဆီသုတ်ထားတဲ့ဘန်းထဲမှာလောင်းထည့် မျက်နှာပြင်ညီအောင် ဘန်းကိုနဲနဲခါစောင့်ပေးပါ
အအေးခံထားပါ
အအေးခံနေတဲ့အချိန်မှာ အုန်းဆီကျက်ချက်မယ်
အုန်းနို့ cream 400ml ကိုဆီထမင်းစားဇွန်း တဇွန်း
ထည့်ပြီးချက်ပါ အုန်းနို့ဆီထွက်လာတာနဲ့အုန်းဆီကျက်ရပြီ
မုန့်အေးတာနဲ့ ဓားကိုဆီသုတ်ပြီးမှ လှီးပါ
အပေါ်ကနေအုန်းနို့ဆီကျက်ဆမ်းပြီးသုံးဆောင်လို့ရပါပြီ
Thida mon
14.7.2015

No comments:

Post a Comment