ဒီနေ့ တနေ့လုံး မိုးလေးကောင်းနေတော့
ညစာကို ကမန်းကတန်း ရခိုင်မုန့်တီလေးထချက်လိုက်တယ်
အရည် အချိုသုပ် ရခိုင်သုပ် ကြိုက်တာအားပေးကြပါနော်
မုန့်တီ ဟင်းရည်ချက်နည်း
အားလုံးသိတဲ့ ငါးက ငါးကြင်းမို့ လို့ ငါးကြင်းနဲ့ချက်နည်းဘဲရေးပေးလိုက်ပါမယ်
ငါးရွှေ သို့မဟုတ် ငါးရွှေကျပ်ကင် နဲ့ ချက်လဲရပါတယ်
ငါးကြင်းကို ဆားထည့်ပြုတ်ပီး အေးရင် အသားနွှင်ပီး ၃ ပုံ ၂ ပုံကို ဟင်းရည်ထဲထည့်ရန် ၁ ပုံကို ငါးမှူန့်လုပ်ရန်ဖယ်ထားပါ
အရေခွံ မကြိုက်သူများဖယ်ပစ်လို့ရပါတယ်
အိုးကြီးတလုံးထဲ ရေလိုအပ်သလောက်ထည့်ပီး မီးဖိုပေါ်တင်ထားပါ
ရခိုင်ငပိ အရည်ဖျော်ပီး သဲဖယ် စစ်ထားပါ မရှိရင် မျှင်ငပိဘဲသုံးပါ
ဆူလာရင် ငပိအရည်ဖျော်ထည့် ဆားထည့် ကြက်သွန်ဖြူ ဥတလုံးကို အခွံမနွှာဘဲ ရေဆေးပီး ထောင်းထားတာထည့်ပါ အနံ့ ပိုမွှေးလို့ပါ
ထပ်ဆူလာရင် ငါးပြုတ်နွှင်ထားတာထည့် ပဒဲကောအမှူန့်အနဲငယ်ထည့်ပါ
အဖုံးအုပ်ထားပါ ထပ်ဆူလာပီး မုန့်တီဟင်းရည်နံ့ မွှေးလာရင် အရသာမြည်းပီး ငရုပ်ကောင်းမှူန်ခတ်ပါ
ခဏအကြာ မီးပိတ်ပါ ဟင်းရည်ရပါပြီ ရခိုင်မုန့်တီဟင်းရည်ထဲသို့ ဂျင်း စပါးလင် ငံပြာရည် မထည့်ရပါဘူးနော်
တွဲစားရန်အတွက် ငရုပ်သီးစိမ်းကို ရေအနဲငယ်ထည့်ထားတဲ့ အိုးထဲ ထည့်ပြုတ်ပီး နူးရင် ညက်အောင်ထောင်းပီး ပန်းကန်တလုံးထဲ ထည့်ထားပါ ပြုတ်ရည်လေးအနဲငယ်ပါထည့်ထားပါ
ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ အရည်ထဲ မထည့်ချင်ရင် အသုပ်ထဲထည့်စားရန်အတွက်ပါ
ငါးကြင်းပြုတ် ဖယ်ထားတာကိုအိုးတလုံးထဲ ဆီပါရုံလေးထည့် ဆူလာရင်စနွင်းခတ်ပီးငါးပြုတ်များထည့်မွှေပေးပါ ခြောက်လာတဲ့အထိ မွှေပေးပီးပန်းကန်တခုထဲ ပုံပါအတိုင်းဖယ်ထားပါ
တချို့ ရခိုင်တွေက ဒီငါးမှူန့်လေးကို ဟင်းရည်ထဲ အသုပ်ထဲ ထည့်စားတာကြိုက်ကြပါတယ်
အိမ်က ကျမယောက်ျားဗမာစစ်စစ်တောင် အဲ့ဒိ ငါးမှူန့်ထည့်စားတာ အင်မတန်ကြိုက်ပါတယ်
မန်ကျည်းမှည့်ရည်တပန်းကန်ဖျော်ထားပါ
မုန့်တီအရည်နဲ့ တွဲစားရန် အရံများရပါဘီ
ရခိုင်သုပ် အနှစ်စပ်နည်း
အိုးတလုံးထဲ ငပိရေဖျော်ပီးထည့်ကြိုပါ ငါးပြုတ်အနဲငယ်ထည့်ပါ မန်ကျည်းရည်ထည့်ပါ ဆားထည့်ပါ ငရုပ်သီးစိမ်း ပြုတ်ထောင်းထားတာထည့်ပါ
ဆူလာရင် အရသာမြည်းပီး ရခိုင်သုပ်ထဲ အနှစ်တွေထည့်နယ်စားရုံပါ
တခြားအရသာ ထပ်ဖြည့်ဖို့ မလိုတော့ပါဘူး
အစပ်နှစ်ထဲမှာ အရသာ ချဉ်ငံ တခါထဲပါပီးသားပါ
ပုံမှာပြထားတာတော့အစပ်နှစ်မပီးသေးလို့ ပုံမရိုက်လိုက်ရပါဘူး
အချိုမှူန့် ကြိုက်သူများ သုံးနိုင်ပါတယ်
မုန်တီရည် မုန့်တီသုပ်ကို ပဲကြော် ငါးဖယ်ကြော် တို့နဲ့ တွဲစားပါ
နံနံပင် ကြိုက်သူများလဲ ထည့်နိုင်ပါတယ် !!
လိုတာရှိလဲ နားလည်ပေးပါ ရှင်
ကျမသိတဲ့ နည်းကို မျှဝေပေးတာပါ

No comments:
Post a Comment