Monday, July 13, 2015

Dim Sum

ဒီကနေ့ နံနက်စာအတွက် ရွေးချယ်ထားတာကတော့ Dim Sum ဖြစ်ပါတယ်။ကြိုက်လား။အချိန်ရရင်တော့ လုပ်စားကြည့်ပေါ့။လုပ်နည်းလေးပါ တင်ပေးလိုက်တယ်နော်
Dimsum လေးလုပ်ကြည့်ကြမယ်နော်
## ပုစွန်ရေညှိ
ပုစွန် ၁၅ကျပ်သား(အခွံခွာနုပ်နုပ်စင်းထားပါ)
ငါးဖယ် ၅ကျပ်သား (ထောင်းထားပါ)
ပြောင်းမှုန် ၂ဇွန်း
ဥနီ တဝက်(ခြစ်ထားပါ)
ကြက်သွန်မိတ် ၃ပင်(ပါးပါးလှီးထားပါ)
ဆား
သကြား
ငရုတ်ကောင်း
ကြက်သွန်ဖြူ/ဂျင်း ၁ဇွန်း(ထောင်းပြီရည်)
ပါဝင်ပစ္စည်းများကိုရောနယ်ထားပါ။ပေါင်းမည့်အိုးထဲမှပုဂံထဲသို့ ကြိုက်နှစ်သက်ရာဆောစ့်သံလွင်ဆီနှမ်းဆီမွှေးအနည်း
ငယ်ဆီထည့်၍ ၁၅မိနစ်ခန့်ပေါင်းလျှင်ရပါပြီ။ရေညှိလိပ်ပေါ်သို့
နံနံပင်(သို့)ကြက်သွန်မိတ်တင်ပြီးအလှဆင်လို့ရပါတယ်ရှင်။
## ကြက်သား/ဝက်သားပေါင်း
ကြက်/ဝက် ၂ဝသား(နုပ်နုပ်စင်းထားပါ)
ကြက်သွန်မိတ် ၅ပင်(ပါးပါးလှီးထားပါ)
ဆား
သကြား
ငရုတ်ကောင်း
ကော်မှုန့် ၃ဇွန်း
ကြက်ဥအကာ ၁လုံး
နှမ်းဆီမွှေး
ကြက်ဖြူ/ဂျင်း ၁ဇွန်း
ကြက်သွန်နီ ၁လုံး(နုပ်နုပ်စင်း)
ပါဝင်ပစ္စည်းများကိုရောနယ်၍ဖက်ထုပ်ရွက်ထဲသို့ထည့်ပါ။ပိုနေသောဘေးသားများကိုညှပ်ထုတ်ပါ။အေးရင်မာသွားတတ်လို့ပါရှင်။မိနစ်၂၀ခန့်ပေါင်းလျှင်ရပါပြီ။
## ငါးအသားလိပ်ကြော်
ငါးတန် ၁၅သား(အသားလွှာနုပ်နုပ်စင်း)
ငါးဖယ် ၅သား
ပုစွန် ၂၀ကောင်(အမြီးချန်ပြီးခွာထားပါ)
ကြက်ဥ ၂လုံး
ကော်မှုန့် ၂ဇွန်း
ဂျုံမှုန့်
ပေါင်မုန့်ခြောက်
ဆား
သကြား
ငရုတ်ကောင်း
နှမ်းဆီမွှေး
ဆီ
ငါးတန် ငါးဖယ်ဆားသကြားငရုတ်ကောင်းနှမ်းဆီမွှေးကော်မှုန့် ကြက်ဥ ၁လုံး အကာ တို့ကိုရောနယ်ထားပါ။
ကြက်ဥ၁လုံးကို ခလောက်ထားပါ။
နယ်ထားသောအသားထဲသို့ပုစွန်ထည့်လုံးပါ။ဂျုံမှုန့်ကပ်ပါ။ခ
လောက်ထားသောကြက်ဥထဲနှစ်ပါပေါင်မုန့်ခြောက်ကပ်၍ဆီပူပူမှာထည့်ကြော်ပြီး ရွှေရောင်သန်းလာလျှင်ဆယ်ထားပါ။
## ကြက်သားကြက်အူချောင်း
ကြက်သား ၁၅သား(နုပ်နုပ်စင်းထားပါ)
ကြက်အူချောင်း ၄ချောင်း(၄ပိုင်းလှီးထာပါ)
ပြောင်းဖူးမှုန့်
ဥနီ
ကြက်သွန်မိတ်
ဆား/သကြား/ငရုတ်ကောင်း/ကြက်ဥအကာကော်မှုန့်
ပါဝင်ပစ္စည်းများရောနယ်၍ မိနစ်၂၀ခန့်ပေါင်းပါ။
## ဂျပန်တို့ဟူး
ဂျပန်တို့ဟူး ၂ခု(လှီးထားပါ)
ကြက်သား ၁၀သား(နုပ်နုပ်စင်း)
ဆား/သကြား/ကော်မှုန့်/ငရုတ်ကောင်း/ကြက်ဥအကာ
ဂျပန်တို့ဟူးကိုကြော်ပြီးဆယ်ထားပါ။ဂျပန်တို့ဟူး၂ခုကြားတွင်အသားထည့်၍မိနစ်၂၀ခန့်ပေါင်းပါ။ပုံမှာကကြော်ဖို့ကျန်သွားတယ်နော်။
## ဝက်သား ဂဏန်းချောင်း/ပြောင်းဖူ/ဆေးဘဲဥ
ဝက်သား ၂၀သား(နုပ်နုပ်စင်း)
ဂဏန်းချောင်း ၄ခု(လှီးထားပါ)
ပြောင်းဖူးသေး ၃ခု( ။ )
ဆေးဘဲဥ ၁လုံး(လေးစိတ်လှီး)
ဆား/သကြား/ငရုတ်ကောင်း/ကော်မှုန့်/ကြက်ဥ
အကာ
ပါဝင်ပစ္စည်းများကို ရောနယ်၍ အလုံးလေးလုပ်ကာအပေါ်မှ ကြိုက်နှစ်သက်ရာ ပစ္စည်းများတင်၍ မိနစ်၂၀ခန့်ပေါင်းပါ။
## ငါးဖယ်ကင်းမွန်
ငါးဖယ် ၁၀သား
ကင်းမွန် ၅ကောင်
ဆား/သကြား/ငရုတ်ကောင်း/ပြောင်းဖူမှုန့်/နှမ်းဆီ
မွှေး/ကြက်သွန်ဖြူဂျင်းရည်
ငါးဖယ်ကို ပါဝင်ပစ္စည်းများနှင့်ရောနယ်ထားပါ။
ရေဆူဆူမှာဆားသံပုရာ၁စိတ်လောက်ညှစ်ထည့်၍ကင်းမွန်ကို ၂မိနစ်ခန်ု့ပြုတ်ပါ။ငါးဖယ်ကိုလုံး၍ အပေါ်တွင်ကင်းမွန်တင်ကာ
၁၅မိနစ်ခန့်ပေါင်းလျှင်ရပါပြီ။
## ပုစွန်
ပုစွန် ၂၀သား
wheat starch ၄ဇွန်း
ပေါက်စီဂျုံ ၃ဇွန်း
ဆီ ၁ဇွန်း
ရေနွေး 160ml
ဆား/သကြား/ငရုတ်ကောင်း/ကော်မှုန့်/ဆီ
ပုစွန်ကို ပါဝင်ပစ္စည်းများနှင့်ရောနယ်ထားပါ။
ဂျုံမှုန့်များကိုရောမွှေ၍ ဆီ၊ရေနွေးထည့်၍တူဖြင့်နာနာမွှေပါ။
ဂျုံသားများချောလာလျှင်အလုံးလေးများလုံးထားပါ။ဂျူံကိုပြား၍ အစာသွတ်ကာ ပုံဖော်၍ ၁၅မိနစ်ပေါင်းလျှင်ရပါပြီ။

No comments:

Post a Comment