ချက်ကြည့်ကြစို့ added 4 new photos.
စတော်ဘယ်ရီနှစ်ထပ် ကူလ်ဖီး
နို့စိမ်းဘူး ၃၀၀ မီလီ
နွားနို့ ၁၅၀မီလီ(ကြိုပြီး)
သကြား ၈ဇွန်း(အချိုကြိုက်ရင်ပိုထည့်ပါ )
စတော်ဘယ်ရီ ၂၀လုံးခန့်
သီဟိုဠ်စေ့ ၈စေ့ခန့်(အစေ့လေးများဖြစ်အောင်ထု
ထောင်းထားပါ)

-နွားနို့ ကို ဆူပြီးမိနစ် ၁၅ခန့်ထားပါ။ပြီးလျှင်နို့စိမ်း သကြား ၄ဇွန်း သီဟိုဠ်စေ့ ထည့်၍မွှေကာ ၅မိနစ်ခန့် ဆက်ကြိုထားပါ ။အေးသွားလျှင်ကြိုက်နှစ်သက်ရာပုံစံခွက်ထဲသို့တဝက်ကျော်ကျော်ထည့်၍ရေခဲသေတ္တာထဲထည့်ပါ။
ပထမနို့အေးခဲသွားလျှင်အပေါ်စတော်ဘယ်ရီအတွက်စတော်ဘယ်ရီသီးကို ရေစင်စင်ဆေး၍ ချေတံနှင့်ချေကာ သကြား ၄ဇွန်းထည့်ပါ။(အကယ်၍အချဉ်မကြိုက်လျှင်နို့ဆီထည့်ပါ။)ပြီးလျှင်အေးခဲထားသောနို့ပေါ်သို့ထည့်၍ရေခဲသေတ္တာထဲထည့်၍ အအေးခံပြီးရပါပြီရှင်။အလွှာမကြိုက်ပါကတစ်ခါထဲထည့်ပြီးအအေးခံပါရှင်။ချောကလက်နှင့်လုပ်နိုင်ပါသည်။
အချိုကြိုက်ပါကနို့ဆီထည့်၍သကြားလျော့ထည့်ပါ။တစ်ချို့ကလဲဆန်မှုန့်ထည့်တယ်ကျွန်မကတော့မကြိုက်လို့မထည့်ပါ၊ထည့်ချင်ရင်၁ဇွန်းခန့်ထည့်ပါ၊

No comments:
Post a Comment