Friday, June 26, 2015

မင်းကရော နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲ။


မင်းကရော နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲ။
==============================
တကယ်တော့ ဒီမေးခွန်းဟာ..
လက်ရှိအစိုးရရဲ့ မတရားမှု့တွေနဲ့
ကိုယ်ချင်းစာမှု့ မရှိတာတွေကို ထောက်ပြ ရေးသားတိုင်း
အရိုးအရင်းကိုက်ပြီး ဟောင်တတ်တဲ့ သူတွေနဲ့
အတွေးအခေါ် မရှိတဲ့
တဘို့ထဲ သမားတွေ
ကွန်မန့်မှာ ရေးလာတဲ့ မေးခွန်း။
တခါတခါမှာ ..
အတွေးအခေါ် တိုးတက်စေတဲ့ စာတွေကိုလည်းမဖတ်။
သင်ယူပြီး တတ်ထားတဲ့ ပညာကြတော့လည်း တဘို့ထဲ ကြည့်တဲ့ စိတ်တွေနဲ့ဆိုတော့..
ကိုယ့်ဖက်ကိုပဲ ကြည့်တတ်ကြတာ။
အမှား အမှန်ကို
မခွဲတတ်တော့တာဟာလည်း
ထူးတော့ မထူးဆန်းတော့ပါဘူး။
အဲဒီလိုလူတွေက
ကိုယ်ကျိုးအတွက်
ဘုရားမှတ်ပြီး ကိုးကွယ်ထားတဲ့ သူတွေ ကိုယ်တိုင်
ပညာမရှိ အတွေးအခေါ် မရှိကြတာ
လူတိုင်းအသိ။
ဒါ့ကြောင့်..
ဒီပုတ်ထဲက ဒီပဲ
ဒီလိုချည်း ဖြစ်ကုန်ကြတာလည်း
ဆန်းတော့ မဆန်းဘူးလို့ ပြောရမှာပါ။
တကယ်တော့ ဒီစာစုဟာ..
အဲဒီလို အတွေးအခေါ် မရှိသူတွေ သိစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာ
ဆိုရင် ပိုပြီးတော့ မှန်ပါတယ်။
တရုတ်ပြည်
.....................
တရုတ်ပြည်ဆိုရင် လူတိုင်းသိကြမှာဖြစ်ပေမယ့်..
သူ့နိုင်ငံ ဘာလို့ တိုးတက်လာခဲ့ရတာလဲ။
တချိန်က နယ်ချဲ့ လက်အောက်ကနေပြီး
ဘာလို့ လွတ်မြောက်ခဲ့ရတာလည်းမေးရင်တော့ ..
လူအနည်းငယ်ပဲ သိကြတော့မှာပါ။
ဒီနေရာမှာ
လီပင်းဆိုတဲ့ လူတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။
အဲဒီ လီပင်းငယ်ငယ်က
တရုတ်ပြည်ကြီးမှာ
ဆရာဝန်တွေကလည်း နည်းပါးတဲ့ အချိန်။
ကံဆိုးချင်တော့..
တရုတ်ပြည်ကြီး တပြည်လုံး ရောဂါအမျိုးမျိုးဖြစ်ကြတဲ့အခါ
သူ့မိသားစုဝင် တချို့နဲ့
သူ့ရွာက လူတွေ တော်တော်များများဟာ
သူ့မျက်စိရှေ့မှာပဲ သေဆုံး ကုန်ကြတယ်။
ဒါကြောင့်..
လီပင်းဟာ ငယ်ငယ်လေး ကတည်းက
လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဆရာဝန်ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့သူ။
တကယ်လည်း..
အဲဒီရည်ရွယ်ချက် နဲ့ ကြိုးစားခဲ့သူ။
နောက်ဆုံး .
ကူညီထောက်ပံ့မယ်သူကလည်းရှိတဲ့အခါမှာ
ဆရာဝန်ဘွဲ့ယူဖို့ နိုင်ငံခြားအထိ ရောက်ခဲ့တဲ့သူ ဖြစ်တယ်။
ဆရာဝန်ဘွဲ့ ယူခါနီးဆဲဆဲ
တနေ့တော့ ...
လီပင်းဟာ စာအုပ်တစ်အုပ်ကို ဖတ်မိလိုက်တယ်။
ဝုန်းကနဲထ။
ပစ္စည်းတွေသိမ်းရင်း
ဆရာဝန်ဘွဲ့တောင် မယူတော့ပဲ တရုတ်ပြည်ကို ပြန်ခဲ့တယ်။
သူစဉ်းစားတာက..
ဆရာဝန်ဆိုတာ
တာဝန်ကျရာဒေသက လူတွေရဲ့ အသက်ကိုပဲ ကယ်တင်နိုင်တာ။
ဒီလောက်ကြီးမားတဲ့ တရုတ်ပြည်ကြီး တစ်ခုလုံးက
သူ့လူမျိုးတွေကို ကယ်တင်ဖို့..
အသိဥာဏ် ပညာဖွင့်ပေးဖို့ကတော့
စာပေကသာ ဖြစ်နိုင်လိမ့်မယ်လို့ တွေးရင်း
ပြည်သူ့အကျိုးပြု စာပေတွေကို ရေးလိုက်တာ
တနိုင်ငံလုံးလည်း မျက်စိပွင့် နားပွင့်လာပြီး
နယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှု့တွေ အားကောင်းလာခဲ့တယ်။
တကယ်တော့..
တရုတ်ပြည်ကြီး နယ်ချဲ့ လက်အောက်က လွတ်မြောက်လာခဲ့ရတာ။
ဒီနေ့ တရုတ်ပြည်ကြီး တိုးတက်လာခဲ့ရတာတွေဟာ
တရုတ်စာရေးဆရာကြီး လီပင်းရဲ့ စာပေတွေက
များစွာ အထောက်အပံ့ဖြစ်စေခဲ့တယ်ဆိုတာ
ဒီနေ့အထိလည်း တရုတ်ပညာရှင်တော်တော်များများက
လက်ခံထားဆဲပဲဆိုတာ စာပေလိုက်စားသူ အားလုံးအသိ။
အဲဒီလို ပြည်သူ့ အကျိုးပြု စာပေတွေရေးရင်း
ပြည်သူကို မျက်စိဖွင့် နားဖွင့်ပေးခဲ့တဲ့ လီပင်းကို
မင်းက နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲလို့ မေးရင်
သူက ဘယ်လိုဖြေမလဲ။
အဲဒီလို မေးတဲ့သူဟာ ဦးနှောက်ရှိရဲ့လား။
မြန်မာနိုင်ငံမှာလည်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို
စာရေးဆရာကြီးတွေ ရှိခဲ့ဖူးပါတယ်။
သူ့ကိုရော နိုင်ငံအတွက် ဘာလုပ်ပေးခဲ့လဲလို့ မေးမှာလား။
စာရေးပြီး ပြည်သူကို မျက်စိဖွင့် နားဖွင့်ပေးတဲ့အလုပ်ဟာ
နိုင်ငံအတွက် အကျိုးပြုရာ မရောက်ဘူးလား။
ဒါဆိုရင်..
နိုင်ငံအတွက် အလုပ် လုပ်ပေးတယ် ဆိုတာကရော
ဘယ်လိုမျိုးလဲ ။
မြစ်ကူးတံတားကြီးကို နိုင်ငံပိုင်ပိုက်ဆံတွေနဲ့ ဆောက်ပေးလိုက်ရင်း
ဝန်ကြီးနဲ့ ညွှန်ချုပ်တွေ ကားအသစ်ကြီးတွေ ရသွားတာကို ပြောတာလား။
စီမံကိန်း အတွက်မြေတွေသိမ်းရင်း
နိုင်ငံခြားကုမ္ပဏီတွေကို ပြန်ရောင်းတဲ့အခါ
တာဝန်ရှိသူတွေရဲ့ ဘဏ်အကောင့်ထဲ အပ်ငွေတွေများပြားလာတာကိုပဲ
နိုင်ငံအတွက် အလုပ်လုပ်တယ်လို့ ပြောမှာလား။
ဒါကြောင့်..
စဉ်းစားဥာဏ် ချို့တဲ့ပြီး တဘို့ထဲပဲ ကြည့်တဲ့ စိတ်မျိုးတွေနဲ့
မင်းကနိုင်ငံအတွက် ဘာလုပ်ပေးပြီးပြီလဲ မမေးကြပါနဲ့။
ကိုယ့်ပိုက်ဆံကိုယ်သုံးရင်းနဲ့
ဆင်းရဲနေတဲ့ပြည်သူတွေကို
ထပ်မံဒုက္ခမရောက်ရလေအောင်
အစိုးရရဲ့ မတရားမှု့တွေကို
အမှန်ကို အမှန်အတိုင်းမြင်အောင်
ရေးသားနေကြခြင်းဟာလည်း
ပြည်သူကို
မျက်စိဖွင့် နားဖွင့်ပေးခြင်း မဟုတ်ဘူးလား။
အများအတွက် အလုပ် လုပ်ပါတယ်ဆိုတာကို သိရအောင်
အလှူတစ်ခုလုပ်ပြီးတိုင်း ဖေ့ဘုတ်မှာ ခဏခဏ တင်နေရမှာလား။
တဦးတစ်ယောက်ကို ကူညီလိုက်တိုင်း အဲဒီလူတွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး
မိမိဘယ်လိုလူမျိုးပါ ဆိုတဲ့အကြောင်း မဏ္ဏပ်တိုင် မကြာခဏ တက်ပြရမှာလား။
ပြည်သူ့ဘဏ္ဏာငွေတွေကို ဖြုန်းတီးရင်း ...
ကိုယ်ကျိုးကြည့် ချမ်းသာသွားသူတွေလို
တခုခုလုပ်ပြီးတိုင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပြသမှ နိုင်ငံအတွက် အလုပ်လုပ်တယ်လို့
ယူဆနေကြတာလား။
ခင်ဗျားတို့ရဲ့....
ခပ်နိမ့်နိမ့်အတွေးအခေါ်တွေနဲ့ ကွန်မန့်လာပြီးမရေးကြပါနဲ့ဗျာ။
တကယ်တော့..
ခင်ဗျားတို့ ကိုးကွယ်တဲ့ သူတွေပြောသလို
သူက နိုင်ငံအတွက် မြက်တစ်ပင်တောင် စိုက်ဖူးရဲ့လားဆိုတဲ့
စကားကို ခင်ဗျားတို့က သံယောင်လိုက် နေကြတာလို့ပဲ.ထင်ပါတယ်။
ခင်ဗျားတို့ စားဖို့အတွက်
မြက်စိုက်တာမျိုးကိုမှ နိုင်ငံ အတွက်
အလုပ်လို့ ထင်နေရင်လည်း
မြက်များများ စိုက်ပေးရုံတင်မကပါဘူး...
နှမ်းဖတ်နဲ့ အမဲရိုးတွေလည်း ရှိပါတယ်။
ဒါပေမယ့်..
ခင်ဗျားတို့ အဘတွေ
အုပ်ချုပ်တဲ့ ခေတ်ကြီးထဲမှာ
နိုင်ငံကတော့ တိုးတက်မလာပဲ
နိုင်ငံလည်းမွဲ
ပြည်သူလည်း ဆင်းရဲပြီး
ခလေးတွေက အစ
အောက်ကပုံထဲကလို အဖြစ်ဆိုးတွေ ရောက်ကုန်တာတော့
မြင်အောင်ကြည့်ကြပါလို့ ရေးသားရင်း
ဘုန်းထက်ကြယ်

လူ ချင်း သာ တူ တယ်

လူ ချင်း သာ တူ တယ်
မ တူ ညီ တဲ့ ဘဝ တခုစီ ပိုင် ဆိုင် ထား ကြ တယ်
ဘဝချင်း မတူ သလို
ရှောတ် နေ တဲ့ လမ်း တွေ လည်း
ဆန့် ကျင် ဘက် တွေ ဖြစ် နေ ကျ တယ်
ချိုတဲ့ ဘဝနဲ့ ခါးတဲ့ ဘဝ
က လေး တို့ ရေ
လူဆိုတာ ဇွဲရှိရှိ ကြိုးစားရင်
ဘာမဆို ဖြစ်နိုင် ပါတယ်
ဒီနေ့ ဝမ်း နည်း ခဲ့ရင်
မနတ်ဖြန် မှာ အပျော်တွေက
စီးကြိုလို့ နေနေမှာပါ်


Wednesday, June 24, 2015

Pile cap အကြောင်း လေး ဆွေးနွေးချင်ပါတယ်ခင်ဗျာ




ဒီနေ့တော့ Pile cap အကြောင်း လေး ဆွေးနွေးချင်ပါတယ်ခင်ဗျာ
What is pile cap?
အဆောက်အုံကိုထမ်းထားမယ့် အပေါ်ယံမြေသားက လုံလောက်တဲ့ ထမ်းအားမရတဲ့အခါ မာကြောတဲ့ ခပ်နက်နက်ကမြေသားအလွှာဆီ load တွေကို transfer လုပ်ဖို့အတွက် piles တွေကိုသုံးရပါတယ်
columnတစ်ခုစီရဲ့ အောက်မှာ pile တွေဟာ column base load နဲ့ မြေ အပျော့အမာပ်ါမူတည်ပီး အုပ်စုလိုက်ရှိနေတတ်ပါတယ် အဲဒီအုပ်စုလိုက်အပေါ် column ကလာမယ့် load တွေ uniformly distributed ဖြစ်သွားဖို့ cap နဲ့အုပ်ပေးထားရပါတယ် အဲဒါ pile cap ပါ
Pile cap အပေါ်သက်ရောက်နေတဲ့အားတွေက ဘယ်လိုလဲ?
Pile cap က အားသက်ရောက်ခံရတာ spread footing နဲ့ဆင်ပါတယ် spread footings တွေကမှာ အောက်ကပြန်ပင့်တဲ့အားက မြေသားကတိုက်ရိုက်ပင့်တာဖြစ်လို့ uniformly distributed loadအနေနဲ့ပင့်တာ ဖြစ်ပီး pile cap မှာတော့ pile တစ်ခုစီက ပြန်ပင့်ထားလို့ point load အနေနဲ့ပင့်တာသာ ကွာပါတယ်
load တွေကိုpile ဆီ ညီညီမျမျ transfer လုပ်နိုင်ဖို့ ကြားခံအုပ်ထားတဲ့ pile cap ဟာ လုံလောက်တဲ့ depth ရဖို့အထူးအရေးကြီးပါတယ်
အခြေခံလေး ဆွေးနွေးပီးရင် Design လုပ်နိုင်ဖို့ Step by step ဆွေးနွေးပါရစေ
Step (1) Calculation of effective pile capacity
Pile တွေရဲ့အထက်မှာ pile cap ရှိမယ် မြေသားဖို့ထားတာရှိမယ် floor ခင်းထားတာတွေရှိမယ် အစရှိသဖြင့်ပေါ့လေ column load ဟုတ်ဘဲ pile ကထမ်းရမယ့်အရာ တွေရဲ့ အလေးချိန်ကို pile ခံနိုင်ရည်ထဲက နှုတ်ပေးရပါမယ်
ဒါမှ column load ကို အသားတင်ထမ်းမယ့် pile ရဲ့ခံနိုင်ရည် ရမှာပါ
Step (2) To find the nos of pile
ပထမအဆင့်က နှုတ်ပီးသား pile ခံနိုင်ရည်နဲ့ column base က load ကိုစားလိုက်ရင် pile အရေတွက်ရပါမယ်ခင်ဗျ
Step (3) Pile cap shape and size
ဒီအဆင့်ကတော့ designer ရဲ့ အတွေ့အကြုံပေါ်မူတည်ပီးဆုံးဖြတ်နိုင်မယ်ထင်ပါတယ် Optimun အဖြစ်ဆုံးကို ရွေးနိုင်ဖို့လိုတာလေးတွေ ဆက်ဆွေးနွေးပါ့မယ်
pile ရဲ့ C/C spacing ကိုအခြေခံပီးစဉ်းစားရမှာပါ Press pile ဆိုရင် pile diameter ရဲ့သုံးဆ bearing pile ဆို pile diameter တစ်ဆ စသဖြင့် code ကသတ်မှတ်ထားတဲ့ minimun တွေကနေ သတ်မှတ်ပေးရပါမယ် (link တွေနဲ့ နောက်မှာဆက်လေ့လာနိုင်အောင် code တွေထည့်ပေးထားပါတယ်)
pile အပြင်စွန်းနဲ့ pile cap အပြင်အနားက 6" ရှိရပါမယ်
ဒါတွေပေါ်မူတည်ပီး cap sizeကိုတွက်ပီး ဘယ်လို shape နဲ့ အဆင်ပြေမလဲ pile position ကို ဘယ်လို arrangement လုပ်မလဲ Designer ကဆုံးဖြတ်ရမှာပါ အသုံးများတဲ့ ပုံစံလေးတွေ နောက်မှာဖော်ပြပေးထားပါတယ်
pile cap design ကို axial load only မဟုတ်ဘဲ lateral load (wind and quake) ကြောင့်ဝင်လာတဲ့ Overturning Moment ကိုပါ စဉ်းစားရရင် အဲဒီ moment ကို အစွန်pile နဲ့col center ကြားအကွာဝေးနဲ့ မြှောက်ပီး Pile အားလုံးပေါ်စဉ်းစားထားတဲ့ moment of inertia နဲ့ စားတဲ့တန်ဖိုးထည့်ပေါင်းပေးရပါမယ် သဘောကတော့ ဒီmoment ကြောင့် အများဆုံးခံရမယ့် အစွန် pile ဆီ ကို ဒီ piles arrangement Geometry ကို ဖြတ်ပီး Load ဘယ်လောက် သက်ရောက်သွားလဲ တွက်လိုက်တာပါ
အဲဒါထပ်ပေါင်းပေးပီး pile က မခံနိုင်ရင် အလုံးရေမတိုးချင်ရင် pile capacity ကို တိုးပေးရပါမယ်
step (4) Thickness of pile cap
Thickness ကတော့ Assume လုပ်ပီးtrial and error ကိုသုံးရတာပါ အတွေ့ကြုံအရလုပ်နိုင်ရင်တော့ ပိုမြန်တာပေါ့ minimun သတ်မှတ်ထားတာလေးနဲ့ pile diameter အလိုက်သုံးသင့်တာလေး Appendix မှာထည့်ပေးထားပါတယ်
Step (5) Punching shear checking
punching shear failure line က col face ကနေ pile cap effective depth/2 တလျောက်မှာရှိပါတယ် ပုံလေးကြည့်ပေးပါ
failure line အပြင်မှာရှိတဲ့pile တွေ တဝက်တပျက်မှာရှိနေတဲ့pile တွေရဲ့ reaction တွေကို အချိုးအလိုက် အားလုံးပေါင်းပီး punching shear forces ရှာရပါတယ် ရှာတဲ့အခါအဲဒီ pile တွေရဲ့ reaction ကို
designသဘောတရားအတိုင်းတိုးစဉ်းစားပါတယ်axil load ကို factor နဲ့မြောက်ပီးတိုးသလို ပေါ့
အဲဒီ penching shear က pile cap ရဲ့ shear capicity ထက်ငယ်ရင် ok တယ်ပေါ့ဗျာ
အဲဒီ thickness က punching shear ကိုခံနိုင်တယ်ပေါ့
Step(6) One way shear checking
One way shear failure line က col face ကနေ disance 'd' မှာရှိပါတယ်
အဲဒီ failure line အပြင်မှာရှိတဲ့ pile တွေ တစ်ဝက်တပျက် ထိနေတဲ့ pile တွေကနေ အချိုးအလိုက် interpolation လုပ်ပီး one way shear force ကိုတွက်ရပါမယ်
အထက်ကလိုပဲ concrete ရဲ့ ခံနိုင်ရည်နဲ့ check လိုက်လို့ ok တယ်ဆိုရင်ရင် ဒီ Thickness of pile cap ကok တယ်ဆု
ဆိုနိုင်ပါတယ်
Shear အတွက် reinforcement မသုံးဘဲ concrete only နဲ့ပဲ ထမ်းစေတဲ့သဘောပါ
Step (7) To determine flexural reinforcement
Pile cap မှာ ဆင်တဲ့ steel တွေက column face မှာ လည်တဲ့ bending moment ကို pile တွေနဲ့ perpendicular moment arm တွေမြှောက်ပီး ရှာတာပေးရတာပါ
beam တစ်ချောင်းပေါ် point load တွေတင်ထားတာနဲ့ဆင်ပါတယ်
အဲဒီက ရလာတဲ့ moment ကိုသုံးပီး လိုတဲ့ steel area ကိုတွက်ထုတ်နိုင်ပါတယ် pile cap မှာထည့်တဲ့ steel ဟာ pile cap ကို pile တွေက လှန်ချိုးတဲ့ bending moment ကိုခံနိုင်ဖို့သာထည့်ပါတယ်( တစ်ခါတရံ shear steelလဲထည့်ပါတယ် )
column base က overturning moment ကို structural mechanic သဘောတရားအတိုင်း pile တွေထဲထည့်ပေါင်းခဲ့တာ အပေါ်မှာဆွေးနွေးပီးပါပီ steel က bending mement နဲ့ design လုပ်တာပါ overturning moment နဲ့မဟုတ်ပါဘူး
ရလာတဲ့ Steel area အတိုင်း Designer ကအဆင်ပြေဆုံးဖြစ်မယ့် bar sizes and spacing ကို ရွေးသုံးလိုက်ခြင်းဖြင့် Pile cap တစ်ခုကို design လုပ်နိုင်ပါတယ်ခင်ဗျာ
သတိပြုရမည့်အချက်များ
(1) Concrete clear cover ကအနည်းဆုံး 2" ရှိရပါ့မယ်
(2) pile ခေါင်းက အနည်းဆုံး 6 " pile cap ထဲဝင်နေရပါ့မယ်
(3) pile cap အောက်မှာ 3" lean concrete လောင်းပေးရပါ့မယ်
(4) Steel spacing က minimun 4" လောက်ရှိသင့်ပီး 7.5" ထက်မကျဲသင့်ပါဘူး
အောက်မှာ ဆက်လေ့လာနိုင်ဖို့ link တွေစာအုပ်တွေ တင်ပေးထားပါတယ်ခင်ဗျာ အချိန် ၃ နာရီလောက်ပေးပီးအဲဒီအပိုင်းလေးတွေထပ်လေ့လာဖြစ်ရင် ပိုပြည့်စုံသွားမယ်ထင်ပါတယ် ကျနော် pile cap design ကို spread sheed ရေးနေပါတယ် အတည်မဖြစ်သေးလို့မ share နိုင်သေးဘူးဖြစ်နေပါတယ် အဆင်သင့်ရှိရင် လဲ Share်ပေးပါခင်ဗျာကျနော်ဆွေးနွေးခဲ့တာတွေမှာ အမြင်မတော်တာတွေ့ရင် ပြင်ပေးကြပါခင်ဗျာ အကိုအမတို့ရဲ့ အတွေ့ကြုံတွေပါ ထပ်ဖြည့်ပေးပါကြလို့ ဖိတ်ခေါ်ပါရစေ
ထွန်းဂေါင်ဦး

Thursday, June 18, 2015

ငါးဖယ်တိုင်းရင်းသားချက်လေးပါ

ငါးဖယ်တိုင်းရင်းသားချက်လေးပါ
ချက်နည်းက ငါးဖယ်ကို ဆားအနဲငယ်ထည့်နယ်ပီးပေါက်ပေးပါ
ပီးရင်အလုံးလေးတေလုပ်ထားပါ
ကြက်သွန်ဖြူ နီ ခပ်နုပ်နုပ်လှီးထားပါ
ဖက်ဖယ်ရွက်နဲ့ ရှမ်းနံနံ နံနံပင်နဲ့ ငရုပ်သီးစိမ်းကို ကပ်ကြေးဖြင့်ပါးနေအောင်ညှပ်ပါ 
ဓါးနဲ့ စင်းလို့လဲ ရပါတယ်
အိုးတလုံးထဲ ဆီပါရုံလေးထည့်ပီး ဆီဆူရင် စနွင်းပါရုံလေးဆီသတ် ကြက်သွန်ဖြူ နီ လှီးထားတာတေထည့်မွှေပေးပါငံပြာရည်အနဲငယ်ထည့်ပါ ကြက်သွန်နံ့ မွှေးလာရင် ငါးဖယ်လုံးလေးများထည့်ပါ
အဖုံးခဏအုပ်ပေးပါ ၁ မိနစ်ခန့်အကြာအဖုံးဖွင့်ပီး အရွက်များအားလုံးရောထည့်ပါ အဖုံး ၂ မိနစ်ခန့်အုပ်ထားပီး ဆူလာရင် သမအောင်မွှေပေးပီး မီးဖိုပေါ်မှချ ပူပူလေးသုံးဆောင်ပါ အရမ်းစားကောင်းတဲ့ ဟင်းတမယ်ပါရှင်


နန်းကြီးသုပ်

နန်းကြီးသုပ်
နန်းကြီးဖတ်ကိုရေနွေးလေးပြန်ဖျော်ပါနော်
ကြက်သားကိုအနှစ်နဲ့်ဆီကျန်ရေကျန်ချက်ပါ
ပဲမှုန့် အကျက်ကိုပြန်လှော်ထားပါ
ဘဲဥပြုတ်ပြီးလှီးထားပါ
ငံပြာရည်
ကြက်သွန်နီ
သံပုရာသီး
မုန့်ကျွတ်
ကြက်သားကိုအသားလေးတွေတုံးပါဆားနယ်ထားပါ ဆီပူလာလျှင် ငရုတ်သီးမှုန့်နှင့်ထောင်းထားသောကြက်သွန်နီနှစ်ထည့်ပါ ဆီကျက်လာလျှင် ကြက်သားထည့်ပါအသားကျက်သည်အထိချက်ပါ ငံပြာရေလေးထည့်ပါအသားကျက်ရင်ရေလေးထည့်ပါ ဆီကျန်ရေကျန်လေးချက်ပါ
အရိုးကို ဟင်းချိုလေးချက်လိုက်ပါ
ပွဲပြင်လို့ရပါပြီရှင်
စားကောင်းနိုင်ကြပါစေရှင်

**ဝက်သားပေါင်းကင်

**ဝက်သားပေါင်းကင်**
အိမ်မှာ ဝက်သားသုံးထပ်သားကို
အသားထဲဝင်အောင်ဆား.တရုတ်မဆလာ
ဂျင်း
သကြား.ပဲငံကြာရည်တို့ရယ်
ဒန်ပေါက်ထဲထည့်တဲ့ အရောင်နဲနဲလေးထည့်
ညထဲကနယ်ပြီးနှပ်ထား
မနက်မှအသားကိုပေါင်းအိုးနဲ့ရေခမ်းပေါင်းလိုက်ပါတယ်
ပြီးမှ အကျွတ်မကင်ဘဲ
အကင်နံလေးနဲ့ ရရုံလောက် ကင်လိုက်တော့
အသားနူးအိ ပြီးအကင်ရနံလေးနဲ့ အရမ်း
စားကောင်းပါတယ်
အားလုံးလည်း စားကောင်း ကျန်းမာပျော်ရွှင်နိင်ကြပါစေ
Like · Comment · 

ဗီယက်နမ်(PHO)အမဲသားခေါက်ဆွဲပြုတ်လုပ်

ဗီယက်နမ်(PHO)အမဲသားခေါက်ဆွဲပြုတ်လုပ်
********************************
နည်း။(Vietnamese PHO Beef Noodles Soup
**********************************
Recipe)
******
ပါဝင်သောပစ္စည်းများ
***************
၁။အမဲရိုး(သို့)အမဲအမြီး-၅၀သား
၂။အမဲသားရင်ဓူးအသား(သို့)အသားကောင်းကောင်း-၂၅ကျပ်သား။
၃။ညှပ်ခေါက်ဆွဲ-၁ထုပ်
PHO SPICES
**********
၁။ကရဝေ့ခေါက်-၂ခု
၂။နံနတ်ပွင့်-၃ပွင့်
၃။ဖာလာအကြီး(black cadamon)-၂လုံး
၎။စမုံစပါးစေ့-၁ဇွန်းလက်ဖက်ရည်ဇွန်းနဲ့ပါ။
၅။နံနံစေ့-၁ဇွန်း
၆။လေးညှင့်ပွင့်-၁ဇွန်း
၇။ချင်း-၁တက်
၈။ကြက်သွန်နီ-၁လုံး
၉။ဆား-၁ဇွန်း
၁၀။ငံပြာရည်-၂ဇွန်း
၁၁။သကြားခဲ-၁တုံး(သို့)သကြား၂ဇွန်း။
Pho spices reday make ဝယ်ရလွယ်ပါကထည့်နိုင်ပါသည်။အချိန်ကုန်အလုပ်ရှုပ်တာပို၍သက်သာပါလိမ့်မည်။
ဟင်းသီးဟင်းရွက်များ။
****************
၁။ပဲပင်ပေါက်ရေနွေးဖျော(သို့)အစိမ်းထည့်စားပါ။
၂။ကြက်သွန်မိတ်၊ကြက်သွန်နီပါးပါးလှီးထားပါ။
၃။နံနံပင်(သို့)ရှမ်းနံနံပါးပါးလှီးထားပါ။
၎။ငြုပ်သီစိမ်း(သို့)ငြုပ်သီးအနီတောင့်ပါးပါးလှီးထားပါ။
၅။ကုလားပင်စိမ်း(sweet basil)အရွက်ခြွေထားပါ။
၆။သံပုရာသီးကိုစိပ်သးသေးစိပ်ထားပါ။
အထက်ဖော်ပြပါဟင်းသီးဟင်းရွက်များကိုပါးပါးပြီးအဆင်သင့်ပြင်ထားပါ။
ပါဝင်သောဆော့စ်များ
***************
၁။ငြုပ်ဆီ(Hot Chilli Sauce)
၂။ခရုဆီ(Oyster Sauce)-(or)Hoisin sauce.
PHO SPICESကိုလှော်(သို့)မီကင်ရန်
**************************
အထက်ဖော်ပြပါ pho spices နံပါတ်၁ကနေ၆ထိကိုမီးအေးအေးနဲ့လှော်ထားပါ။ပြီးရင်အပြုတ်အိုးထဲထည့်ပြုတ်နိုင်တဲ့စက္ကူ နဲ့ထုပ်ထားပါ။
ကြက်သွန်နီနဲ့ချင်းကိုအစိပ်လေးတွေလုပ်ပြီးovenထဲ၁၅မိနစ်ခန့်ကင်ထားပါ။ဒယ်အိုးအပူပေးပြီးကင်နိုင်ပါတယ်။
အမဲရိုးစွပ်ပြုတ်ရန်။
*************
၁။ရေအိုးတဝက်ခန့်ကိုပွက်ပွက်ဆူအောင်တည်ပါ။ပြီးနောက်အမဲရိုထည့်ပြီး၅မိနစ်ခန့်ပြုတ်ပါ။ပြီးရင်ဘေစင်ပေါမှာဇကာခံပြီးအရိုးပြုတ်ရည်အိုးကိုလောင်းချပြီးရေအေးနဲ့ဆေးပေးပါ။ပြီးနောက်ရေအမြုတ်ထည့်၍၁နာအကြာဆက်ပြုတ်ပါ။အသား၂၅ကျပ်သားပါထည့်ပြုတ်ပေးပါ။အပေါ်မှလှော်ထားတဲ့pho spices ၅မျိုးကိုစက္ကူ နဲ့ထုပ်ပြီးထည့်ပါ။ကြက်သွန်နီ၊ချင်းကင်ထည့်ပြီးမိနစ်၃၀ခန့်ထပ်ပြုတ်ပါ။ရေခမ်းရင်ရေပ်ထည့်ပြီးအရိုးနူးသည့်အထိပြုတ်ပေးပါ။ အမြုပ်တွေနဲ့အဆီတွေတက်လာပါကခပ်ပစ်ပါ။အပြုတ်ရည်ကြည်ရရန်အပြုတ်ရည်ကိုစစ်ယူပါ။မီးအေးအေးနဲ့အကြာကြီးပြုတ်ထားမယ်ဆိုရင်ပို၍ကောင်ုးပြီးအရသာလည်းရှိပါသည်။
၂။တစ်ချို့လည်းအသားကိုမပြုတ်ဘဲပါးပါးလေးလှီးပြီးခေါက်ဆွဲပွဲပြင်တဲ့အခါကျမှအပြုတ်ရည်ပူပူလောင်းထည့်ပြီးစားလေ့ရှိတယ်။
၃။ဆား၊ငံပြာရည်၊သကြားခဲ(သို့)သကြားထည့်ပြီးအပေါ့အငံမြည်းပါ။
၎။အမဲသားနူးပါကပါးပါးလှီးထားပါ။
၅။ညှပ်ခေါက်ဆွဲကိုနာရီဝက်ခန့်ရေအေးနဲ့စိမ်ထားပါ။စားခါနီးရေနွေဖျော(သို့)ပြုတ်ပါ။မာမာလေးပြုတ်ပါ။
ဗီယက်နမ်အမဲသားခေါက်ဆွဲပြုတ်ပွဲပြင်ရန်
******************************
ပန်းကန်လုံးထဲကိုခေါက်ဆွဲပြုတ်လိုသလောက်ထည့်ပါ။အသားပြုတ်(သို့)အသားစိမ်းလွှာထည့်ပါ။အပြုတ်ရည်ပူပူလောင်းထည့်ပါ။အသီးအရွက်ထည့်ပါ။ငြုပ်ဆီ၊ခရုဆီဆော့စ်သံပုရာသီးတစ်စိပ်ရည်တို့ကိုထည့်ပါ။ငြုပ်သီးအစိမ်း၁တောင့်(သို့)ငြုပ်သီးအမှည့်ပါးပါးလှီးထည့်ပါ။အားလုံးစုံပါကခေါက်ဆွဲပြုတ်ပူပူစပ်စပ်လေးသုံးဆောင်နိုင်ပါပြီးရှင့်။
Like · Comment · 

မလိုင်ခဲလုပ်နည်း။

မလိုင်ခဲလုပ်နည်း။
*************
ပါဝင်သောပစ္စည်းများ။
****************
၁။နွားနို့၁လီတာ။
၂။သံပုရိုသီး၁ခြမ်းအရည်ကိုရေအနည်းငယ်နဲ့ရောထားပါ။
၃။သကြား-ခွက်တဝက်
၎။နို့မှုန့်-၁ခွက်
၅။နွားနို့-၁ခွက်
၆။ဖာလာစေ့မှုန့်-အနည်းငယ်
၇။ထောပတ်
၈။ကြိတ်စက်(blander)
မလိုင်ခဲလုပ်ရန်။
***********
နွားနို့ကိုအိုးသန့်သန့်တလုံးထဲထည့်ပြီးဆူအောင်တည်ပါ။နွာနို့အိုဆူရင်သံပုရာ(သို့)သံပုယိုသီသံပုယိုသီးရည်ကိုရေအနည်းငယ်ထည့်ပြီးဆူနေသောနွားနို့အိုးထဲထည့်ပြီး၂မိနစ်လောက်မွှေပြီးအဖတ်လေးတွေဖြစ်ရင်မီးပိတ်လိုက်ပြီးခဏထားပါ။အဖတ်စစ်ဖို့ပိတ်ပါးပါးတခုကိုဇကာပေါတင်ပြီးနွားနို့အဖတ်အိုးလောင်းထည့်ပြီရေအေးအေးနဲ့အနည်းငယ်ဆေးပြီးပိတ်စအဝကိုချီပြီးရေစစ်ထားပါ။ရေအမြန်စစ်အောင်လက်နဲ့နည်းနည်းညှစ်ပေးပါ။အလေးနဲ့ဖိပြီးလည်းနိုဖတ်အမြန်ရေစစ်အောင်လုပ်နိုင်ပါတယ်။
နို့ဖတ်တွေရေစစ်ပြီးနွားနို့၊သကြား၊နို့မှုန့်၊ဖာလာမှုန့်တို့ကိုBlanderထဲထည့်၍၅မိနစ်ခန့်မွှေ့ပေးပါ။နို့ဆီလိုစီးပျစ်သွားပါကပုံစံခွက်ထဲထည့်၍ရေခဲသေတ္တာ(Deep freeze)ထဲထည့်၍ခဲတဲ့အထိထားပြီးသုံးဆောင်နိုင်ပါပြီး။ဒီနည်းကိုတော့ညီမideaနဲ့လုပ်ထားတာပါ။
မလိုင်ခဲလုပ်နည်း၂။
**************
၁။အပေါ်မှလုပ်ထားတဲ့နို့ဖတ်
၂။သကြား-ခွက်တဝက်
၃။နို့မှုန့်-၁ခွက်
၎။နွားနို့-၁ခွက်
၅။ဖာလာစေ့မှုန့်-အနည်းငယ်
အားလုံးကိုသေချာလက်ဖြင့်ချေပြီး၁၀မိနစ်ခန့်နယ်ပေးပါ။နယ်ရသက်သာအောင်နို့ဖတ်တမျိုးထဲကိုအရင်၅မိနစ်ခန့်စက်နဲ့မွှေ့လိုက်ပါ။ပြီးရင်သကြား၊နို့မှုန့်၊နွားနို့၊ဖာလာမှုန့်တို့ထည့်၍သကြားပျော်သည့်အထိနှယ်ပေးပါ။ပြီးနောက်အလုံးလေးတွေလုံးပြီးကိတ်ခွက်ထဲထည့်ပြီးသစ်စိမ့်သီး(သို့)သလဲသီးတို့နဲ့အလှဆင်ပါ။ဒီနည်းရဲ့မူရင်းpageကChaw Su's food friendsကပါ။သူငယ်ချင်းများသိချင်လို့ထပ်ရေးပေးလိုက်ပါတယ်။
Like · Comment · 

ယိုးဒယား ငါးပိထမင်းကြော်

ယိုးဒယား ငါးပိထမင်းကြော်..လေးလုပ်စားဖြစ်ပါတယ်စားကြပါဦးနော်:-)..ကြော်နည်းကတော့..ထမင်းကိုခပ်မာမာလေးချက်ပြီး.မျှင်ငါးပိကိုဆီသတ်ပြီးရောကြော်ထားပါ....ကြက်သားသို့မဟုတ်ဝက်သားကို.ခရုဆီ..သကြား..ပဲငံပြာရည် အပြစ်နဲ့ ဆား..တို့နဲရောနယ်ပြီးကြက်သွန်ဖြူတောက်တောက်စင်းထားတာကိုဆီသတ်ပြီးကြက်သားထည့်ပါ.၁၀မီခန့်ကြော်ပြီးရေအမြုပ်ထည့်၍..အဖုံးအုပ်ပြီးဆီပြန်တဲ့ထိထားပါ.အပေါ့အငံမြည်းပြီး..ပဲဆီအပြစ်အချိုအနည်းငယ်ထည့်ပြီးမီးပိတ်စားသုံးနိုင်ပါပြီး.ထမင်းကြော်နဲ့တွဲဖက်စားဖိုအတွက်..ပုဇွန်ခြောက်အနည်းငယ် ဆီနဲ့ပူရုံလေးကြော်ထားပါ.သခွားသီး.. .သုံပရာသီး...သရက်သီးကိုခြစ်ထားတာရယ်ငရုပ်သီး.နံနံပင်ကြက်ဥကြော်တို့နဲ့ တွဲဖက်ပြီးစားရပါတယ်ရှင့်...ဝက်အူချောင်းကြိုက်ပါက ကြော်ပြီးထည့်စားလို့ရပါတယ်ရှင့်:-) ...

ပဲငပိအချိုရည်လေး

စားချက်မှာအခေါက်ကင်တာလေးတွေတင်ထားပြီး အချဉ်ရည်နဲ့တို့စားတာတို့ ဘိတ်ချဉ်နဲ့တို့စားတာတို့ချည်းပဲတွေ့နေရတော့ ခေါက်သားကင်နဲ့လိုက်ဖက်တဲ့ ပဲငပိအချိုရည်ချက်နည်းလေးပြောပြချင်လာလို့ပါ...ဒယ်အိုး (သို့)ဒန်အိုးတစ်လုံးထဲကို ရေ ငါးကြင်းဖန်ခွက်တစ်ခွက်စာထည့်ပါ ကြက်သွန်ဖြူ ၃ ဥလောက်နဲ့ဂျင်းလက်တစ်ဆစ်လောက်နုတ်နုတ်စင်းထည့်ပါ သကြားထမင်းစားဇွန်းနဲ့ ၃ဇွန်းလောက်ထည့်ပါ ပဲငပိ တစ်ဇွန်းခပ်မောက်မောက်ထည့်ပါ ပဲငံပြာရည်အကြည်တစ်ဇွန်းထည့်ပါ ဆူအောင်တည်ပါ ဆူလါမှ ကြက်ဥလေးတစ်လုံးလောက်ခေါက်ထည့်ပြီးမွှေပေးပါ (ကြက်ဥမထည့်လည်းရပါတယ်) ပြီးမှ ကော်မှုန့်လေးအရည်ဖျော်ပြီး ထမင်းစားဇွန်းတစ်ဇွန်းခွဲလောက်လောင်းထည့်ပြီးမွှေပေးပါ.. ရပါပြီပဲငပိအချိုရည်လေး .. :):) (တစ်ချို့ဆိုင်တွေမှာ ကော်မှုန့်မရိုက်သလို တစ်ချို့ဆိုတွေမှာ သကြားအစား ကြံသကာတို့ မုန့်လုပ်ထန်းလျက်တို့လည်းသုံးကြပါတယ်)
Like · Comment · 

မြေဧက ဖွဲ့ နည်း တွက်နည်း

မြေဧက ဖွဲ့ နည်း တွက်နည်း
******************
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း .၇၈၅၄
.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
*** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်
Min Khaung
( ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ….. )

Wednesday, June 17, 2015

ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်

ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်
မိမိတို့ နေ့စဉ်ဟင်းလျှာမှာခပ်ပြီး အိမ်မှာအသုံးပြုနေတဲ့ ဆားဟာ ဘယ်လောက်ထိအသုံးဝင်သလဲဆိုရင် မိမိနေထိုင်နေတဲ့ အိမ်တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင်သွားတဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို စာနဲ့ပုံအတူတွဲပြီးပြောပြချင်ပါတယ်။
(၁). မီးပူမျက်နှာပြင်ကိုပြန်လည်ပြန်လည် ချောမောသန့်ရှင်းစင်ကြယ်စေသောနည်း
အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း
အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။
(၃). မီးတောက်မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း
မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ အောက်ဆီဂျင်များနေတဲ့ ဒယ်အိုးမှာဆားနဲ့ဓါတ်ပြုသွားသောအခါ မီးပြန်လည်ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန်အတိုင်း ချက်ပြုတ်ကြော်လှော်လို့ရနိုင်မှာပဲဖြစ်ပါတယ်။
(၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။
ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းပြီး ၁၀ မိနစ် သို့မဟုတ် တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။
(၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း
ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။
(၆). ရေချိုးရေစိမ်တဲ့ကန်ကို အသစ်တဖန်ပြန်လည်တောက်ပြောင်အောင်လုပ်နည်း
မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
(၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း
အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ ပုံရောစပ်လိုက်ပြီး ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....
အားလုံးကိုလေးစားလျှက်
ရေးသားသူ J Jin Tai

ဘဲသားမုန့်ပေါ့ .

ကြိုက်ကြလားမသိဘူး အခုပဲလုပ်ပြီးလို့
လာပို့ပါတယ်နော်
ဲသား သို့မဟုတ် ကြိုက်ရာအသားထည့်ရင် ဘဲသားမုန့်ပေါ့ .....အချိုကြိုက်ရင် မြေပဲ နဲ့အုန်းသီးမှုန့်တို့ကိုရောကြိတ်ပြီးထည့်ကြပါတယ်
ကဲ...ဒိုးသားလေးလုပ်ကြည့်မယ်နော်
၁၅ခါစာလုပ်ထားပါတယ် ဆိုဒ်သေးသေးလေးလုပ်ရင်တော့( တကိုက်စာပေါ့) ၂၆ခုလောက်ရပါတယ်
150g all purpose flour ဂျုံမှုန့်
1 egg ကိုခလောက်ထား
30g butter ထောပတ်အရည်
ရေ. ထမင်းစားဇွန်း ၂ဇွန်းခွဲ
ဆားနဲနဲ
အားလုံးကိုနှံ့အောင်ရောနယ်ပါ ဂျုံသားချောမွတ်လာတဲ့အထိနယ်ပေးပြီး ချောလာရင် မိနစ် 30 ခန့် အဖုံးအုပ်ပြီးထားပါ
အဲ့ဒီ အချိန်မှာ အစာအတွက်လုပ်ကြမယ်နော်
အတုံးသေးသေးလှီးထားတဲ့ကြက်သွန်နီကိုဆီနဲနဲထည့်ထားတဲ့ဒယ်မှာ နွမ်းအောင်ကြော် နွမ်းတာနဲ့ ဆားနဲနဲ ပဲငံပြာရည် , သကြားနဲနဲ,တို့နဲ့နယ်ထားတဲ့ ကြိုက်ရာကြိတ်ထားသော အသားကို ရောမွှေကြော်ပါ
Curry powder ထမင်းစားဇွန်းတဇွန်းခန်ထည့်ပေးပြီး ကြော်ပါ
ရေခြောက်အောင်ထိကြော်ပေးပြီး အအေးခံထားပါ
ဂျုံသားအချိန်ပြည့်ရင် လုံးဝပါးနိုင်အောင်ဒလိမ့်တုန်းဖြင့် လှိမ့်ပြီးပါးပေးပါ ပါးမှ စားလို့ကောင်းတယ်
ပြီးရင်ကြိုက်ရာဆိုဒ်အဝိုင်းဖြတ်ပါ အစာထည့်ပြီးလုံအောင်ပိတ် အနားသားလေးတွေရဲ့အစကနေ စပြီးလိမ်မယ် လိမ်လိုက်တဲ့အသားကိုလက်မ
နဲ့လက်ညိုးကြားမှာထားပြီးပြန်ဖိပြီးပြားတယ်
အဲဒီလိုလုပ်ရင်း အနားသားလေးတွေက အလိမ်
လေးတွေဖြစ်လာလိမ့်မယ် ပြီးရင် ပူနေသောဆီထဲ ကိုမီးအလယ်ထားပြီးကြော်ပါ
ဆီပေါ် ပေါ်လာတာနဲ့တဖက်လှန်ကြော် အညိုရောင်ရတာနဲ့ ဆီစစ်ပြီး သုံးဆောင်လို့ရပါပြီ
Thida Mon
16.6.2015