myferate
Tuesday, June 9, 2015
ငါးငပိချက်တို့စရာ😅 ကျောက်ဖရုံသီးဟင်းခါးလေး
ငါးငပိချက်တို့စရာ😅
ကျောက်ဖရုံသီးဟင်းခါးလေးနဲ့
အားပေးကြပါဦးနော်
🍵
🍵
ရှုးရှဲ😅 ရှုးရှဲ😋
ကြိုက်နှစ်သက်ရာငါးတမျိုးမျိုးကို
ဆားဆနွင်းများများလေးနဲ့နယ်ပြီး၁ရက်လောက်ထားပါ
>>၁ရက်လောက်ထားတာကချက်တဲ့အခါမှာ
ငါးကမကြေသွားပဲနဲ့မာမာတောင့်တောင့်ဖြစ်နေပါတယ်..
>>ချက်ခါနီးကျရင်ဆားနယ်ထား
သောငါးကိုရေဆေးပါ..
>>ငပိရည်ကျိုပုဂံတလုံးစာလောက်ကျိုထားပါ
>>ငရုတ်သီးစိမ်း
ကြက်သွန်ဖြူနီကိုရောထောင်းပြီးဆီသတ်ပါ
>>ဆီသတ်နဲ့မွေးလာပြီဆိုငါးကိုထည့်ပါ
>>ကျိုထားသောငပိရည်ကျိုကိုထည့်ပါ-မျင်ငပိကြိုက်လည်းငပိရည်ကျိုအစားသုံးလို့ရပါတယ်
>>ရေအနေတော်ထည့်ပါ...ဟင်းခတ်မှုန့်အချိုမှုန်ကြိုက်နှစ်သက်ရာထည့်ပါ
>>ရေပွက်ပွက်ဆူပြီဆိုမြည်းကြည့်ပြီး
ပေါ့လို့အငံကြိုက်ရင်ဆားထပ်ထည့်ပေါ့
>>ဆားကမြည်းပြီးမှထည့်ပါ..
ငါးကဆားနယ်ထားတာရော
ငပိရည်ကျိုရောထည့်ထားလို့ပါ..
ကို့အကြိုက်အရသာရပြီဆိုရင်တော့ကြိုက်နှစ်သက်တဲ့ဟင်းခတ်အရွက်များဖြစ်တဲ့
>>နံနံပင်-ပင်စိမ်း-ရှမ်းနံနံ
ကြိုက်နှစ်သက်ရာအုပ်ပြီး
>>တို့စရာအစုံအလင်နဲ့သုံးဆောင်နိုင်ပါပြီရှင်
>>(မှတ်ချက်-ငါးကိုတရက်မထားချင်ရင်လည်းမနက်ဆားနယ်ပြီးညနေချက်လို့ရပါတယ်..
ချက်ချင်းနယ်ချက်ချင်းချက်ရင်တော့ငါးအသားတုံးမမာပဲကြေပါလိမ့်ယ်
>>ငရုတ်သီးစိမ်းကိုမထောင်းချင်ရင်
ကပ်ကြေးနဲ့ပါးပါးညှပ်ထဲ့လို့လည်းရပါတယ်)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment