
ငါးဖယ်ငါးဆုပ်ဆီပြန်ဟင်း
ငါးဇယ်ခြစ် ၂၀သားချက်ဖို့..ငါးဆုပ်ထဲမှာထည့်ဖို့ ကြက်သွန်ဖြူ အမွှာကြီး ၅မွှာ ငရုတ်ကောင်းစေ့ ၅စေ့ ဆား လဖက်စားဇွန်း တဇွန်းနဲ့ တဝက်ထည့်ပြီးညက်နေအောင် ထောင်းပါတယ်..နောက် ငါးဖယ် ထည့်ထောင်းပါတယ်... ငါးအသားတွေစေးမာလာတော့မှ အလုံးလေးတွေလုံးပါတယ်...ောက်ာပြီးချက်ရင် ကျမ မေမေ ဝါးဖို့သိပ်မလွယ်တာမို့ အစိမ်းချက်ချက်ပါတယ်..
ခရမ်းချဉ်သီးတွေကို အစေ့တွေစင်အောင်ဖယ်ပြီးနုတ် နုတ်လှီးထားပါတယ်.. ငရုတ်ပွ ကြက်သွန်ဖြူ/နီ/ ဂျင်းကြိတ်ထားတာတွေ ကို ငံပြာရည်ပါထည့်ပြီး ဆီသပ်ပါတယ်.. ခရမ်းချဉ်သီးတွေကြေလိပ်သွား တော့မှ ငါးဖယ်ဆုပ်တွေထည့်ပြီး..ဟင်းအနှစ်နဲ့ နှံအောင်အသာအယာလှိမ့်ပေးပြီး ရေနွေးအနည်းငယ်နဲ့ ထည့် အဖုံးအုပ်ပြီး ချက်ပါတယ်၊ ဆီပြန်ရင် ရပါပြီ... နံနံပင် နဲ့ ငရုတ်သီးစိမ်းလေးတွေ အုပ်လိုက်ရင် ပိုမွှေးပေမဲ့ ကျမမိသားစုမှာ နံနံပင် မကြိုက်တဲ့သူ အစပ်မစားနိုင်တဲ့သူပါလေတော့ ဒီဟင်းမှာ ဘာမှ မအုပ်တော့ဘဲ ဒီအတိုင်းချက်ပေးလိုက်ပါတယ် ။
ငါးဇယ်ခြစ် ၂၀သားချက်ဖို့..ငါးဆုပ်ထဲမှ
ခရမ်းချဉ်သီးတွေကို အစေ့တွေစင်အောင်ဖယ်ပြီးနုတ်

No comments:
Post a Comment