ငါးဖယ် ဖက်ထုပ် ***
=============
facebook က သူငယ်ချင်းတွေကို ဟင်းကောင်းကောင်း မချက်ကျွေးရတာ ကြာသွားလို့ ဒီနေ့တော့ ရွဲယိုရွက်နဲ့ ငါးဖယ် ဖက်ထုပ်ချက်နည်းလေး တင်ပေးလိုက်ပါတယ် ...။

ရိုးရိုးလေးပါပဲ
ပထမဦးစွာ ရွဲယိုရွက် အနည်းငယ်ကို အရွက်အတိုင်း တစ်ရွက်ခြင်း ရေသန့်စင်အောင်ဆေးပါ ...
ရွဲယိုရွက်မှာ ဖုံမှုန့်များကပ်နေတတ်ပါတယ် ... ဒါကြောင့်မို့ အသေအချာပြောင်စင်အောင် ဆေးပေးရပါမယ် ...

ငါးဖယ်ကိုတော့ ချက်နေကြ ထောင်းနေကြ ပုံစံလေးအတိုင်း ကြက်သွန်ဖြူ ဆား ဆနွင်း လိုအပ်သလိုထည့်ပြီး ထောင်းပါ ...
ထောင်းပြီးပြီ ဆိုလျှင်တော့ ခုဏက သန့်စင်ထားတဲ့ ရွဲယိုရွက်ထဲကို ငါးဖယ်သင့်တင့်သလိုထည့်ပြီး အထုပ်ကလေးတွေဖြစ်အောင်ထုပ်ထားလိုက်ပါမယ် ...
အားလုံးထုပ်ပြီးသွားပြီဆိုလျှင်တော့ ...
ကြက်သွန်နီ/ဖြူ ငရုပ်သီးမှုန့် ထောင်းထားတာကို ဆီသပ်ပါမယ် ... ဆီသပ်တာ ကျက်ပြီဆိုလျှင်တော့ ခရမ်းချဉ်သီး အနည်းငယ်ထည့်ပြီး လိပ်အောင်ချက်ပါမယ် ... ဆား ငံပြာရည် ဟင်းခတ်မှုန့် လိုအပ်သလိုထည့်ပါ ...

ခရမ်းချဉ်သီး လိပ်ပြီး ဆီပြန်သွားပြီ ဆိုလျှင်တော့ ထုပ်ထားသော ငါးဖယ်အထုပ်ကလေးများ ထည့်ပါ ..
တစ်လက်စထဲ ရေထည့်ပါ ... မမွှေပါနဲ့ဦး ...
တစ်လက်စထဲ ရေထည့်ပါ ... မမွှေပါနဲ့ဦး ...
ရွဲယိုရွက် နွမ်းသွားမှ အသာအယာမွှေပေးပါ ... ထည့်ထားသောရေ ပွက်ပွက်ဆူလာသည်အထိ တယ်ပေးပါ ...
ဖက်ထုပ်လဲ အရောင်ပြောင်း ဖက်ထုပ်ထဲမှ ငါးဖယ်ကျက်သွားပြီး ဆီကျန်ရေကျန် အနေအထားလေးဆိုရင်တော့ ငါးဖယ်နဲ့ ရွဲယိုရွက် ဖက်ထုပ်ဟင်း တစ်ခွက် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ ...

စားကြမယ် ချက်ကြမယ်မှ
သူငယ်ချင်းများ အားလုံး စားနိုင် သောက်နိုင်ကြပါစေသောဝ် ...။

( ဥဿာသား )

No comments:
Post a Comment