အုန်းထမင်း
ဆန်. နို့ဆီဘူး(၂)လုံး
အုန်းနို့. နို့ဆီဘူး(၁)လုံးခွဲ
ရေ. နို့ဆီဘူး(၂)လုံးခွဲ
ကြက်သွန်နီ. (၃)လုံး
သကြား. စားပွဲတင်ဇွန်းဝက်
ဆား. လက်ဖက်ရည်ဇွန်း(၁)ဇွန်း
ဆီ. စားပွဲတင်ဇွန်း(၁)ဇွန်း
အုန်းနို့. နို့ဆီဘူး(၁)လုံးခွဲ
ရေ. နို့ဆီဘူး(၂)လုံးခွဲ
ကြက်သွန်နီ. (၃)လုံး
သကြား. စားပွဲတင်ဇွန်းဝက်
ဆား. လက်ဖက်ရည်ဇွန်း(၁)ဇွန်း
ဆီ. စားပွဲတင်ဇွန်း(၁)ဇွန်း
၁။ဆန်ကိုရေစင်အောင်ဆေး၍အုန်းနို့၊ဆား၊သကြား၊ရေ၊ဆီ၊ကြက်သွန်နီအစိတ်လေးများကိုပေါင်းအိုးထဲသို့ထည့်၍သမအောင်မွှေပီးထမင်းချက်သလိုချက်ပါ
၂။ထမင်းတည်ထားစဉ်အတွင်း(၃)ခါခန့်မွှေပေးပါ။ကျက်လျှင်မီးပိတ်၍အုန်းထမင်းပူပူကိုခက်ရင်းဖြင့်ဖွပီးအဖုံးပြန်အုပ်ထားပါ
ဆိတ်သားနှပ်
ဆိတ်သား. (၃၀)ကျပ်သား
ကြက်သွန်နီ. (၅)လုံး
ငရုတ်ပွခြောက်. (၄)တောင့်
ချင်း. လက်တစ်ဆစ်
ကြက်သွန်ဖြူ. (၃)မွှာ
သံပုရာသီး. တစ်ခြမ်း
မဆလာ. စားပွဲတင်ဇွန်း(၂)ဇွန်း
ပျဉ်းတော်သိမ်ရွက်. အနည်းငယ်
ဆီ. (၁၀)ကျပ်သား
ကြက်သွန်နီ. (၅)လုံး
ငရုတ်ပွခြောက်. (၄)တောင့်
ချင်း. လက်တစ်ဆစ်
ကြက်သွန်ဖြူ. (၃)မွှာ
သံပုရာသီး. တစ်ခြမ်း
မဆလာ. စားပွဲတင်ဇွန်း(၂)ဇွန်း
ပျဉ်းတော်သိမ်ရွက်. အနည်းငယ်
ဆီ. (၁၀)ကျပ်သား
၁။ဆိတ်သားကိုအနေတော်အတုံးလေးများတုံး၍ရှောက်ရည်(သို့)ရှာလကာရည်ဖြင့်နယ်၍ဆေးပေးပါ။ထို့နောက်ရေဖြင့်စင်အောင်ဆေး၍စစ်ထားပီးအရသာမှုန့်၊ဆား၊နနွင်းမှုန့်၊သံပုရာရည်တို့ဖြင့်နယ်ပီး(၁)နာရီခန့်နှပ်ထားပါ
၂။ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့များထုတ်ပီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊ချင်းတို့နှင့်ရော၍ညက်အောင်ထောင်းပါ
၃။အနှစ်များကိုဆီပူပူတွင်ဆီသပ်၍အနံ့မွှေးလာလျှင်မဆလာတစ်ဝက်ထည့်ပီးဆိတ်သားများထည့်လုံးပါ။ထို့နောက်ရေကိုနည်းနည်းချင်းစီထည့်၍နှပ်ပေးပါ
၎။ဆိတ်သားနူး၍ဆီပြန်လာလျှင်ကျန်မဆလာတစ်ဝက်နှင့်ပျဉ်းတော်သိမ်ရွက်များအုပ်၍မီးပိတ်ပေးလို့ရပါပီ
သခွားချဉ်သုပ်
ကြက်သွန်နီ. (၃)လုံး
သခွားသီး. (၁)လုံး
မုန်လာဥနီ. အနည်းငယ်
ငရုတ်သီးစိမ်း. အနည်းငယ်
ရှာလကာရည်. စားပွဲတင်ဇွန်း(၁)ဇွန်း
ဆား. အနည်းငယ်
သခွားသီး. (၁)လုံး
မုန်လာဥနီ. အနည်းငယ်
ငရုတ်သီးစိမ်း. အနည်းငယ်
ရှာလကာရည်. စားပွဲတင်ဇွန်း(၁)ဇွန်း
ဆား. အနည်းငယ်
၁။ကြက်သွန်နီနှင့်သခွားသီးကိုမထူမပါးလှီး၍မုန်လာဥနီကိုအချောင်းလေးများခြစ်ထားပါ။ထို့နောက်ပန်းကန်တခုထဲသို့ထည့်၍ငရုတ်သီးစိမ်း၊ရှာလကာရည်၊ဆားတို့ဖြင့်ရောနယ်ကာအုန်းထမင်း၊ဆိတ်သားနှပ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပီ


No comments:
Post a Comment