အလွယ်ကူဆုံးနည်းနဲ့ ကြက်သားကောက်ညှင်းလုပ်စားတဲ့နည်းလေးပြောပြချင်ပါတယ်
၆ယောက်စာအတွက်
ကြက်ရင်ဘုံသား ၂ခုကိုမထူမပါး လှီးထားမယ်
မှို၂ ခုကိုသန့်စင်ပြီး slice လုပ်ထားမယ်
ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ခွက်ကို ၃နာရီ ကြာရေစိမ်ထားပါ
လှီးထားတဲ့ကြက်သားကို
Dark soya sauce 1tsp ပဲငံပြာရည်အနောက်(ကြာညို့မဟုတ်)
Oystar sauce 3 tbsp ခရုဆီ
light soya sauce 1tbsp ပဲငံပြာရည်အကျဲ
sugar 1tsp သကြား
Sesame oil 2 tbsp နှမ်းဆီ
တို့နဲ့ ရောနယ်ထားပါ
ရေစစ်ထားတဲ့ကောက်ညှင်းဆန်ကို
တရုတ်မဆလာ tea spoon တဝက်
Oyster sauce 1 tbsp
water 3/4 cup
နဲ့ရောနယ်ထားပါ မီးဖိုပေါ်မှာ
ပေါင်းမဲ့ပန်းကန်လုံးထဲကို
ကြက်သားနဲ့ မှိုတို့ကိုစီထဲ့ပြီး
ကောက်ညှင်းဆန်ကို
နဲနဲဖိသိပ်ပြီးအုပ်ပါ ပေါင်းမဲ့အိုးထဲ ကြက်သားကောက်ညှင်းထဲ့ထားတဲ့ ပန်းကန်ကို
မိနစ် 30 ဖြင့် မီးအမြင့်ဆုံးထားပြီးပေါင်းပါ
ကျက်ရင် ပန်းကန်ပြားပေါ်မှောက်ချ အပေါ်မှာ ကြက်သွန်မိတ်ပါးပါးလှီးထားတာဖြူးပြီး
အရသာရှိတဲ့ ကြက်သားကောက်ညှင်းကိုရပါပြီရှင်.
ကြက်သားကောက်ညှင်းထဲမှာ ကြိုက်တတ်ရင် ဝက်အူချောင်း, ပုဇွန်ခြောက်,ဘဲဥပြုတ်တို့ထည့်လို့ရပါတယ်နော် ကျမမှာမရှိလို့မထည့်ထားဘူး..grin emoticon
Thida mon


No comments:
Post a Comment