အချိုနည်းပီးအစိမ့်များတဲ့မလိုင်အစိုလုပ်နည်းလေးပါ၊အရမ်းကြိုက်လို့အမတစ်ယောက်ဆီကနည်းတောင်းပီးပထမဆုံးစမ်းလုပ်ကြည့်တဲ့အခါမှာပျက်သွားပီးအကုန်လွှင့်ပစ်လိုက်ရပါတယ်
ဒါကဒုတိယတစ်ခေါက်ပါ၊စိတ်ထဲမှာသိပ်တော့အားမရသေးပေမယ့်စားလို့ကောင်းလို့လုပ်နည်းလေးရေးပေးလိုက်ပါတယ်ရှင်
ဒါကဒုတိယတစ်ခေါက်ပါ၊စိတ်ထဲမှာသိပ်တော့အားမရသေးပေမယ့်စားလို့ကောင်းလို့လုပ်နည်းလေးရေးပေးလိုက်ပါတယ်ရှင်
မလိုင်အစို(Rasmalai). (၁၀)လုံးစာ
ပထမအဆင့်မလိုင်လုံးဖို့အတွက်အရင်လုပ်ရပါမယ်
နွားနို့. (၁)ပိဿာ
ရှာလကာရည်. စားပွဲတင်ဇွန်း(၅)ဇွန်း
ရေ. စားပွဲတင်ဇွန်း(၅)ဇွန်း
သကြား. စားပွဲတင်ဇွန်း(၃)ဇွန်း
ဆား. လက်ဖက်ရည်ဇွန်းဝက်
နွားနို့. (၁)ပိဿာ
ရှာလကာရည်. စားပွဲတင်ဇွန်း(၅)ဇွန်း
ရေ. စားပွဲတင်ဇွန်း(၅)ဇွန်း
သကြား. စားပွဲတင်ဇွန်း(၃)ဇွန်း
ဆား. လက်ဖက်ရည်ဇွန်းဝက်
၁။ရှာလကာရည်နှင့်ရေကိုပန်းကန်လုံးတခုထဲတွင်ရော၍မွှေထားပါ
၂။နွားနို့ကိုအိုးသန့်သန့်တစ်လုံးထဲတွင်ထည့်၍နာရီဝက်ခန့်မီးအေးအေးနှင့်ကျိုပါ။နို့အနည်းငယ်ပျစ်လာလျှင်ရှာလကာရည်နှင့်ရေအရောကိုဖြည်းဖြည်းချင်းထည့်၍မွှေပေးပါ။
၃။နွားနို့အခဲလေးများဖြစ်သွားလျှင်ဆကာခံထားသောစွပ်ကျယ်စအသန့်တခုထဲသို့လောင်းထည့်၍ရေခဲရေများများဖြင့်ဆေးချပေးပါ။
၎။ထို့နောက်အဝတ်ကိုကျပ်ကျပ်စည်း၍ရေစစ်ပါ။ရေစစ်ပီး(၅)မိနစ်ခန့်ကြာလျှင်ပန်းကန်ပြားတစ်ခုထဲသို့သကြား၊ဆားတို့နှင့်အတူရောထည့်ကာလက်ဖြင့်ညက်နေအောင်ဖိချေပေးပါ
၅။ကျေသွားလျှင်မိမိလိုရာပုံမလိုင်လုံးလေးများလုပ်ထားပါ
ဒုတိယအဆင့်သကြားရည်ကျိုရပါမယ်
သကြား. စားပွဲတင်ဇွန်း(၃)ဇွန်း
ဖာလာစေ့. (၂)စေ့
ရေ. လက်ဖက်ရည်ပန်းကန်လုံး(၂)လုံး
သကြား. စားပွဲတင်ဇွန်း(၃)ဇွန်း
ဖာလာစေ့. (၂)စေ့
ရေ. လက်ဖက်ရည်ပန်းကန်လုံး(၂)လုံး
၁။သကြား၊ရေ၊ဖာလာစေ့တို့ကိုရော၍ပွက်ပွက်ဆူအောင်တည်ပါ။ဆူလာလျှင်မလိုင်လုံးလေးများထည့်၍(၅)မိနစ်ခန့်တည်ပေးပါ
၂။ထို့နောက်ဆယ်ပီးဘူးတစ်ခုထဲသို့ထည့်ထားပါ
နောက်ဆုံးအဆင့်နို့နှစ်ရည်လုပ်ပါမယ်
နွားနို့. (၂၅)ကျပ်သား
သကြား. စားပွဲတင်ဇွန်း(၂)ဇွန်း
နွားနို့. (၂၅)ကျပ်သား
သကြား. စားပွဲတင်ဇွန်း(၂)ဇွန်း
၁။နွားနို့များကိုမီးအေးအေးနှင့်အတော်ပျစ်သည်အထိ(၂၀)မိနစ်ခန့်တည်ပီးသကြားရောမွှေကာအအေးခံထားပါ
၂။အေးသွားလျှင်မလိုင်လုံးများပေါ်သို့လောင်းထည့်၍အဖုံးပိတ်ပီးရေခဲသေတ္တာထဲတွင်ထားကာအဆင်သင့်သုံးဆောင်နိုင်ပါပီ


No comments:
Post a Comment